မဲခေါင်၊ မတ် ၄
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်နဲ့ ဒက္ခိဏသီရိမြို့နယ်ကြား ချိုင်းကျေးရွာ လမ်းဆုံက စစ်ကောင်စီဂိတ် မတ်လ ၂ ရက်နေ့ ညပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရလို့ ရဲ ၄ ဦးသေတာ သူတို့လက်ချက်လို့ စစ်တောင်းမြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
ချိုင်းကျေးရွာ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား ၁၀ ဦးခန့်ရှိပြီး တိုက်ခိုက်မှုကြောင့် ရဲ ၄ ဦးသေတယ်လို့ အဆိုပါအဖွဲ့က ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ နောက်ကွယ်က ပါ၀င်ပတ်သက်နေတယ်လို့ဆိုကာ လွှတ်တော်ဒု-ဥက္ကဌဟောင်း မြငြိမ်း အိမ်ကိုလည်း ပြီးခဲ့တဲ့ ဖေဖော်၀ါရီ ၂၈ ရက်က လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
MK-007