မှုခင်းသတင်း

နိုင်ငံ့ဘဏ္ဍာ ရွှေ ၁,၂၉၃ ပိဿာပေးသွင်းဖို့ ပျက်ကွက်သူ အလှူရှင် စိုးထွန်းရှိန် ပြန်လွှတ်ပေးဖို့ မ.ဘ.သ တွေ လက်မှတ်ထိုး တောင်းဆို

မဲခေါင် 20 Mar - 2023
မဲခေါင်၊ မတ် ၁၉ နေပြည်တော်၊ လယ်‌‌ဝေးမြို့နယ်မှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့-မ.ဘ.သ ကို ထောက်ခံ သူတွေ၊ ဘုန်းကြီးတွေစုပြီး ရမည်းသင်းထောင်မှာ အကျဉ်းကျနေတဲ့ စိုးထွန်းရှိန် ကို ပြန်လွှတ်ပေးဖို့ ဒီကနေ့ လက်မှတ်ရေးထိုး နေကြပြီး စစ်ကောင်စီကို ပေးပို့ တောင်းဆိုဖို့ ပြင်ဆင်နေကြတယ်လို့ စုံစမ်း သိရှိရပါတယ်။

မဲခေါင်၊ မတ် ၁၉

နေပြည်တော်၊ လယ်‌‌ဝေးမြို့နယ်မှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့-မ.ဘ.သ ကို ထောက်ခံ သူတွေ၊ ဘုန်းကြီးတွေစုပြီး ရမည်းသင်းထောင်မှာ အကျဉ်းကျနေတဲ့ စိုးထွန်းရှိန် ကို ပြန်လွှတ်ပေးဖို့ ဒီကနေ့ လက်မှတ်ရေးထိုး နေကြပြီး စစ်ကောင်စီကို ပေးပို့ တောင်းဆိုဖို့ ပြင်ဆင်နေကြတယ်လို့ စုံစမ်း သိရှိရပါတယ်။

လယ်‌ဝေးမြို့နယ် ဓမ္မသုခ ဘုန်းကြီးကျောင်းမှာ မ.ဘ.သ ကို ထောက်ခံအားပေး သူတွေ၊ ဘုန်းကြီးတွေ စုဝေး လက်မှတ်ထိုးပြီး နိုင်ငံ့ဘဏ္ဍာ ရွှေ ၁,၂၉၃ ပိဿာ ပေးသွင်းဖို့ ပျက်ကွက်နေဆဲ ဖြစ်တဲ့ မ.ဘ.သ ပင်တိုင် အလှူရှင် စိုးထွန်းရှိန်ကို ပြန်လွှတ်ပေးဖို့ ဒီကနေ့ မနက် ၁၀ နာရီခန့်က လက်မှတ်ထိုးပြီး စစ်ကောင်စီကို ပေးပို့ တောင်းဆိုသွားမယ်လို့ သိရပါတယ်။

အစွန်းရောက် မ.ဘ.သ အလှူရှင် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ စိုးထွန်းရှိန်ကို နိုင်ငံ့ဘဏ္ဍာ ရွှေပိဿာချိန် ၁,၂၉၃ ပေးသွင်းဖို့ ပျက်ကွက်မှုနဲ့ ရဲတပ်ဖွဲ့က ဝရမ်းထုတ်ခဲ့ကာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလက ထိုင်းနိုင်ငံ၊ ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်‌မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မယ်ဆိုင် ဘက်ကနေ တာချီလိတ်နယ်စပ်က တစ်ဆင့် မြန်မာဘက် ပြန်လွှဲပေးခဲ့ပါတယ်။

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာရှိတဲ့ ဧက ၆,၀၀၀ ကျော်ကျယ်တဲ့ မိုးထိမိုးမိ ရွှေလုပ်ကွက်ကြီးကို စစ်တပ် ကျောထောက်နောက်ခံ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်မှာ နိုင်ငံတော်နဲ့ “ရွှေသတ္တု ထုတ်လုပ်မှုအပေါ် ခွဲ‌ဝေခံစားသည့် လုပ်ငန်း သဘောတူစာချုပ်’’ ချုပ်ဆိုပြီး ရွှေတူးဖော်ရေး လုပ်ငန်းတွေ လုပ်ကိုင်ခဲ့တာပါ။

စာချုပ်မှာ ဘယ်လို အခြေအနေမဆို နိုင်ငံတော်ကို ပေးသွင်းရမဲ့ ရွှေပိဿာချိန် ပမာဏာကို ပေးသွင်းရမယ် ဆိုပြီး ပါပေမဲ့ စိုးထွန်းရှိန်က ပေးသွင်းဖို့ ပျက်ကွက်ခဲ့ပြီး ရွှေတူးဖော်ရေးလုပ်ငန်း ကနေ မျှော်လင့်သ‌လောက် မထွက်လို့ ဆိုတဲ့ အကြောင်းပြချက် ပေးခဲ့ပါတယ်။

ဒါ့ကြောင့် NLD အစိုးရတက်လာပြီး ၂၀၁၇ ခုနှစ်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ ၇ လကြာ စစ်ဆေးခဲ့ပြီးနောက် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီဟာ စာချုပ်ပါ အချက်အလက်အတိုင်း ပေးသွင်းနိုင်တဲ့ အခြေအနေ ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အစိုးရက ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာမှာ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီကို မိုးထိမိုးမိ ဒေသမှာ ရွှေတူးဖော်ရေး လုပ်ငန်းတွေ ဆက်မလုပ်ဖို့ အကြောင်းကြားခဲ့ပေမဲ့ ဆက်လက် လုပ်ကိုင်နေတာကြောင့် ၂၀၁၈ နှစ်ဆန်းပိုင်းမှာ အစိုးရက စိုးထွန်းရှိန် အပါအဝင် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ထိပ်တန်းအရာရှိ‌ တွေကို အမှုဖွင့် တရားစွဲဆိုရာ အမှုမရင်ဆိုင်ဘဲ ထွက်ပြေးတာကြောင့် ရဲတပ်ဖွဲ့က ဝရမ်းပြေးအဖြစ် ကြေငြာပြီး တစ်နှစ်ကျော်ကြာ တိမ်းရှောင် နေခဲ့ကြပါတယ်။

တိမ်းရှောင်နေရင်း ၂၀၁၉ ခုနှစ်၊ မတ်လမှာ မြန်မာနိုင်င်သား တစ်ဦးက ထိုင်းနိုင်ငံ၊ ဘန်ကောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တွေ့တယ်လို့ သတင်းဌာန တစ်ခုကို သတင်းပေးခဲ့ပြီး အဆိုပါ သတင်းဌာန ဖော်ပြမှုကြောင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးကာ မြန်မာနိုင်ငံကို လွှဲပေးခဲ့ပါတယ်။

အဲဒီလို အဖမ်းခံရပြီးနောက် ရမည်းသင်း မြို့နယ် တရားရုံးမှာ တရားစွဲကာ ရမည်းသင်း အကျဉ်းထောင်မှာ ချုပ်နှောင်ထားခဲ့တာပါ။

၂၀၂၁ ခုနှစ် စစ်တပ်က NLD အရပ်သား အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် စစ်တပ်နဲ့ ပနံသင့်တဲ့ အစွန်းရောက် မ.ဘ.သ အဖွဲ့နဲ့ အမျိုးသား ကြီးပွားရေး ကုမ္ပဏီက စစ်ကောင်စီထံ အသနားခံစာခဲ့ပေမယ့် ပြန်လည် တုံ့ပြန်ထားတာ မရှိသေးပါဘူး။

ဒါပေမဲ့ စစ်ကောင်စီက ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်၊ မေလ အတွင်းထောင်ဒဏ် ၁၀ နှစ်အထိ ကျနိုင်တဲ့ သတ္ထုတွင်း ဥပဒေပုဒ်မ ၃၀-က(၁) အမှုကို ပြန်လည် ရုပ်သိမ်းပေးခဲ့ပြီး ထောင် ၇ နှစ်အထိ ချနိုင်တဲ့ ပြည်သူပိုင် ပစ္စည်း ကာကွယ်ရေး အက်ဥပဒေပါ ပုဒ်မ (၃) ကိုတော့ ထောင်တွင်းကနေ တရား ဆက်လက် ရင်ဆိုင်နေရပါတယ်။

အဲဒီလို တရားရင်ဆိုင်နေရပေမယ့် စစ်တပ်ပိုင် MEC ကုမ္ပဏီနဲ့ အမျိုးသား ကြီးပွား တိုးတက်ရေးကုမ္ပဏီတို့ မိုးထိမိုးမိ ‌ရွှေလုပ်ကွက်ကို အကျိုးတူ လုပ်ကိုင်ဖို့ ဆွေးနွေးနေကြပြီး အကျိုးအမြတ် ခွဲဝေမှုဆိုင်ရာ အသေးစိတ်ကို ဆက်လက် ဆွေးနွေးနေဆဲပဲလို့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် စိုးထွန်းရှိန် ထောင်ကနေ ပြန်လွတ်လာမှာလား ဆိုတာ သို့လောသို့လော ဖြစ်နေတာပါ။

စိုးထွန်းရှိန်ဟာ မျိုးစောင့် ဥပဒေကို ကြိုဆို ထောက်ခံသူဖြစ်ပြီး အစွန်းရောက် မ.ဘ.သ အဖွဲ့ရဲ့ ပင်တိုင် အလှူရှင်လည်း ဖြစ်တာကြောင့် မ.ဘ.သ အဖွဲ့ဝင်တွေကတော့ လွတ်မြောက်စေချင် နေကြပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေ ကတော့ စိုးထွန်းရှိန် ကို ပြန်လွှတ်ပေးဖို့ ဆော်သြနေကြပြီး စစ်ကောင်စီဘက်ကတော့ လတ်တလော တုံ့ပြန်တာ မတွေ့ရသေးပါဘူး။

MK-007

#MeKongNews

#နေပြည်တော်

#စိုးထွန်းရှိန်

#မ.ဘ.သ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး မှုခင်းသတင်း

တာချီလိတ်မှာ နေအိမ်မီးလောင်လို့ လေဖြတ်လူနာသေဆုံး

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်မှာ မတ် ၂၂ ရက် ညနေပိုင်းက နေအိမ်တစ်လုံးမီးလောင်လို့ လေဖြတ်လူနာ ၁ ဦး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့
မှုခင်းသတင်း

ညောင်ရွှေမှာ လူတစ်ဦး ဆိုင်ကယ်မှောက်ပြီး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေဦးကျေးရွာမှာ မနေ့ (မတ် ၈) ညက အမျိုးသား တစ်ဦး ဆိုင်ကယ် တိမ်းမှောက်ပြီး ပွဲချင်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မှုခင်းသတင်း

ထိုင်းဘတ်ငွေ ၁ သန်းဆုကြေးထုတ်ထားတဲ့ မူးယစ်ရာဇာကို တာချီလိတ်မှာဖမ်းမိ၊ ထိုင်းဘက် လက်ဗွေနဲ့ DNA လာစစ်ပြီး အတည်ပြုသွား

ကိုကဲဟာ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးလောကမှာ အွန်လိုင်းပေါ်ကနေ ရောင်းချတဲ့အထိ ရဲတင်းပြီး လက်တံ့ကျယ် ပြန့်လွန်းတဲ့ ဂိုဏ်းစတားဖြစ်တာကြောင့် ထိုင်း မူးယစ်ဆေးဝါးဘုတ်အဖွဲ့ရဲ့ ဖမ်း၀ရမ်းမှာ ဆုတော်ငွေ ဘတ် ၁ သန်းအထိ ထုတ်ထားရသူဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မှုခင်းသတင်း

နမ့်ခမ်းမြို့နယ်က ကျားဖြန့် ငွေလိမ်ဂိုဏ်းကို SSPP စီးနင်း၊ တရုတ်နိုင်ငံသား ၈၈ ဦးကို ဖမ်းဆီးပြီး တရုတ် အစိုးရထံ လွှဲအပ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ထဲက ကျားဖြန့် ငွေလိမ်ဂိုဏ်း တစ်ခုကို နိုဝင်ဘာ ၂၃ ရက်က ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP က စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၈၈ ဦးကို တရုတ် အစိုးရထံ ပြန်လွှဲပေးခဲ့တယ်လို့ မနေ့က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မှုခင်းသတင်း

ထိုင်းသံအမတ်ဟောင်းကို သတ်တယ်ဆိုတဲ့ မြန်မာလူငယ် မြန်မာပြည်ဘက်ပြေးသွားတယ်လို့ ထိုင်းရဲထုတ်ပြန်

ဘန်ကောက် ချာတူချက်ခရိုင်က နေအိမ်မှာ ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီးဟောင်းရဲ့ အလောင်းကို ပုပ်ပွသေဆုံးနေတာတွေ့ရကြောင်းထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၈ ရက်နေ့က ကြေညာခဲ့နောက် လူသတ်မှုကျူးလွန်တဲ့ မြန်မာဆယ်ကျော်သက်လူငယ်ဖြစ်ဟာ မြန်မာနိုင်ငံဘက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မှုခင်းသတင်း

တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းမှာ နေ့ခင်းကြောင်တောင် ရဲအသွင်ယူ လက်ထိပ်ခတ် ဓါးပြတိုက်မှုဖြစ်ပွား

မဲခေါင်၊ သြဂုတ် ၂ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ကျောက်တစ်လုံး လမ်းမကြီးဘေး၊ အဝေရာ မီးပုံးပျံကွင်းမှာ မနေ့ ဩဂုတ်လ ၁ ရက်၊ နေ့လယ် ၁၂ နာရီခန့်က ရဲအသွင်ယူ လက်ထိပ်ခတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မှုခင်းသတင်း

သိန္နီမြို့နယ်က အိုရီယမ်တယ်တိုးဂိတ် ဓားပြတိုက်ခံရပြီး လမ်းကြေးကောက်ခံရငွေ အကုန်ပါသွား

မဲခေါင်၊ မေ ၅ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ နမ့်စလပ်ကျေးရွာ အနီးရှိ လမ်းကြေးကောက်ခံတဲ့ အိုရီယမ်တယ် တိုးဂိတ်ကို အမည်အသိ လူ ၈ ဦးက မေလ ၃ ရက်မှာ ဓားပြတိုက်သွားလို့ လမ်းကြေးကောက်ခံရငွေတွေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မှုခင်းသတင်း

တာချီလိတ်မှာ ဓာတ်ဆီဘူးကိုင်ထားစဉ် ဆေးလိပ်မီးပွားကျလို့ လူတစ်ဦး မီးလောင်

မဲခေါင်၊ ဧပြီ ၁၉ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဓာတ်ဆီဘူးကိုင်ထားတဲ့သူအပေါ် ဆေးလိပ်မီးပွါးကျလို့ မီးလောင်မှု ဧပြီလ ၁၈ရက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now