မဲခေါင်၊ ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်၊ မနက်ပိုင်းက ဆိုင်ကယ်မှောက်လို့ ရဲတပ်ကြပ် တစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ တိုင်းနေ နာရေးကူညီမှုအသင်းထံက သိရပါတယ်။
ကျိုင်းတုံမြို့၊ ရပ်ကွက် (၅)၊ မူးယစ်ကုန်းနေ အသက် ၅၃ နှစ်အရွယ် တပ်ကြပ်သိန်းလှိုင် ဒီကနေ့ မနက်ပိုင်းမှာ ဆိုင်ကယ်တိမ်းမှောက်ပြီး အခင်းဖြစ်နေရာမှာ သေဆုံးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ကျိုင်းတုံပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံကို တိုင်းနေ နာရေးကူညီမှုအသင်း ယာဉ်နဲ့ ပို့ဆောင်ကာ အဲဒီကနေတဆင့် နေအိမ်သို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ကျိုင်းတုံမြို့မှာ အခုရက်ပိုင်း အတွင်း ကား၊ ဆိုင်ကယ်တိုက်မှု၊ တိမ်းမှောက်မှုတွေ ဆက်တိုက် ဖြစ်ပွားနေပြီး ဒီကနေ့ မနက်ပိုင်းကလည်း လေယာဉ်ကွင်းလမ်း၊ သာသနာ့ဗိမာန်ကျောင်းရှေ့မှာ ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိရာ လူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
MK-008