မဲခေါင်၊ မေ ၂၁
ရှမ်းပြည်တိုးတတ်ရေးပါတီ-SSPP ဌာနချုပ်မှာ ရှမ်းပြည်လက်နက်ကိုင် တော်လှန်ရေး ၆၅ နှစ်ပြည့် အခမ်းအနားကို ဒီကနေ့ မေလ ၂၁ မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ SSPP က ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်လက်နက်ကိုင်တော်လှန်ရေး အခမ်းအနားကို SSPP ဌာနချုပ်မှာ နှစ်စဉ် ပြုလုပ်လေ့ရှိပြီး လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ SSPP ရဲဘော်တွေကို အလေးပြုတာတွေ၊ တော်လှန်ရေးသမိုင်းကြောင်းတွေကို ပြန်လည် ပြောကြားတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်တော်လှန်ရေး ၆၅ နှစ် ပြည့်အခမ်းအနားကို အရာရှိ ၃၀ ဦး ၊ ရဲဘော် ၂၀၃၀၈ ဦး နဲ့ ပြည်သူ ၁၈၀၀ နီးပါး တတ်ရောက်ခဲ့ပြီး SNLD နဲ့ SSPP နိုင်ငံရေးဌာနက ပေးပို့တဲ့သဝဏ်လွှာတွေကို ဖတ်ကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ အင်အားကြီးရှမ်းလက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ SSPP နဲ့ RCSS အဖွဲ့တွေဟာ တစ်ဖက်နဲ့ တစ်ဖက်စစ်ရေး အခြေအနေတင်းမားနေပြီး တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပါတယ်။
MK-007
#MeKongNews
#SSPP
#ရှမ်းတော်လှန်ရေး