မြန်မာ့နွေဦး

RCSS မှာ ဗိုလ်ချုပ်ကြီး ယွက်စစ် မရှိမှသာ တွေ့ဆုံဆွေးနွေးမယ်လို့ SSPP ဆုံးဖြတ်ထား

မဲခေါင် 5 Apr - 2023
မဲခေါင်၊ ဧပြီ ၅ ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ RCSS ဘက်က ကမ်းလှမ်းထားပေမယ့် RCSS တပ်ဖွဲ့မှာ ဗိုလ်ချုပ်ကြီးယွက်စစ်မရှိမှသာ တွေ့ဆုံဆွေးနွေးဖို့ SSPP ဘက်က ဆုံးဖြတ်ထားတယ်လို့ စုံစမ်းသိရပါတယ်။

မဲခေါင်၊ ဧပြီ ၅

ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ RCSS ဘက်က ကမ်းလှမ်းထားပေမယ့် RCSS တပ်ဖွဲ့မှာ ဗိုလ်ချုပ်ကြီးယွက်စစ်မရှိမှသာ တွေ့ဆုံဆွေးနွေးဖို့ SSPP ဘက်က ဆုံးဖြတ်ထားတယ်လို့ စုံစမ်းသိရပါတယ်။

RCSS မှာ ဗိုလ်ချုပ်ကြီးယွက်စစ်မရှိမှ ဒါမှမဟုတ် SSPPရဲ့ ဗဟိုကော်မတီမှာ အာဏာရှိမှသာ SSPP ဘက်က တွေ့ဆုံဆွေးနွေးမယ်လို့ ဆုံးဖြတ်ထားကြောင်း SSPP နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကိုပြောပါတယ်။

“လက်ရှိ (RCSS က)ဒုတိယဥက္ကဌ စိုင်းယီလိုလူမျိုး အာဏာရရင် ဝမ်ဟိုင်းက ဆွေးနွေးမယ်။ စိုင်းယီက အရင် SSNA ဟောင်းပါ။ တခြားရှမ်းအင်အားစုတွေနဲ့ ပြေလည်တယ်” လို့ သူကပြောပါတယ်။

ရှမ်းပြည်နယ်တွင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ကမ်းလှမ်းချက်တစ်စောင်ကို RCSSဘက်က ၂၀၂၂ခုနှစ် အောက်တိုဘာလ ၁၀ရက်က ထုတ်ပြန်ထားပြီး သတ်မှတ်ကာလဖြစ်တဲ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၁၀ရက်အထိ အထိတော့ သိသာတဲ့ တွေ့ဆုံဆွေးနွေးမှုကို မတွေ့ခဲ့ရပါဘူး။

လက်ရှိ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ဟာ ဦးသိန်းစိန်လူလို့ တရုတ်ဘက်က ရှု့မြင်ထားပြီး ဒီအမြင်ဟာ တရုတ်နဲ့ နီးစပ်တဲ့ FPNCC အုပ်စုတွေရဲ့ အမြင်အပေါ်လည်း လွှမ်းမိုးမှုရှိမယ်လို့ ရှမ်းပြည်အရေးသုံးသပ်သူတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

RCSS တပ်ဖွဲ့တွေဟာ ဦးသိန်းစိန် သမ္မတတာဝန်ထမ်းဆောင်နေတဲ့ ကာလအတွင်းမှာ ရှမ်းမြောက်ဘက်ကို ပြန်လည်အခြေချလာတာကြောင့် ဒီလိုအမြင်မျိုးဖြစ်လာတာလို့ သူက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရှမ်းပြည်နယ်ထဲမှာ RCSS နဲ့ PNLO တပ်တွေ ထိတွေ့မှုဖြစ်ပွားခဲ့သလို ရှမ်း-ကရင်နီနယ်စပ်မှာလည်း ဖေဖော်ဝါရီ နောက်ဆုံးပတ်ကတည်းက စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ အကြီးအကျယ်တိုက်ပွဲနေပါတယ်။

MK – 004

#MeKongNews

#RCSS

#SSPP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗန်းမော် – လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ဗန်းမော် - လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီ တပ်စခန်း တချို့ကို မတ်လ ၂၇ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နန်းတုတ်ရွာအနီးကို စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲလို့ ကားတစ်စီး ထိမှန်ပျက်စီး

နန်းတုတ်ကျေးရွာအနီးကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက မတ်လ ၂၇ ရက်နေ့လည်ပိုင်းက လေယာဉ်နဲ့ မီးလောင်ဗုံးကြဲချကာ ပြောင်းတင်လှေဆိပ်ကို လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမှာ SSPP နဲ့ MNDAA တိုက်ပွဲဖြစ်

MNDAA တပ်တွေက ဒရုန်းနဲ့ ၂ ကြိမ်တိုင် စတင်တိုက်ခိုက်တာကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ SSPP က မနေ့ မတ် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကလောမှာ စစ်တပ်ထောက်တိုင် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေအကြောင်းပြ ငွေကောက်ခံနေ

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် လယ်ကြားအုပ်စုမှာ စစ်ကောင်စီထောက်တိုင်တွေဖြစ်တဲ့ အုပ်ကြီးတွေက မတ်လ ၂၇ ရက်နေ့မှာ ပြည်သူတွေဆီကနေ တအိမ်ကို ၄၀၀၀၀ နှုန်း ငွေကောက်ခံနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တာချီလိတ်မှာ တရားမဝင် တရုတ်နိုင်ငံသား ၆၀ နီးပါး ထပ်မံဖမ်းဆီးခံရ

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား ၅၈ ဦးကို မတ်လ ၂၅ ရက် နေ့လည်ပိုင်းက ထပ်ပြီးဖမ်းဆီးရမိခဲ့တယ်လို့ ဒေသအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေ

ပအိုဝ်ေးဒသ ဆီဆိုင်မြို့တွင်းနဲ့ မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ PNLA က ဒီနေ့ မတ်လ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်ဟာ “အသက်ပေးပြီး ကျွန်ခံနေတာ” လို့ PNFC အတွင်းရေးမှူး ပြော

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဟာ အသက်ပေးပြီး ကျွန်ခံနေတာလို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)ရဲ့ အတွင်းရေးမှူး (၂) ခွန်ဝေထူးက ပြောကြားလိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

၁၈ နှစ်ပြည့် မှတ်ပုံတင်ကဒ် မလဲထားသူတွေကို ကျိုင်းတုံမြို့က ပေးမထွက်

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံးမြို့နယ်အထွက်မှာ စစ်ကောင်စီတပ်ဖွဲ့က ၁၈ နှစ်ပြည့်မှတ်ပုံတင် မလဲထားတဲ့သူတွေကို လမ်းသွားဖြတ်လာခွင့်မပြုဘဲ မြို့အပြင်ဂိတ်မှာနေခဲ့ခိုင်းပြီး မိသားစုတွေကို လာခေါ်ခိုင်းတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now