မြန်မာ့နွေဦး

PDF များစိုးမိုးရာ ရေလည်ကျွန်းဒေသ တော်လှန်ရေးတပ်ဖွဲ့များ မဟာမိတ် အင်အားစုအဖြစ် ဖွဲ့စည်းပြီ

မဲခေါင် 5 Sep - 2023
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်း ဆုံရာဒေသ၊ မြောင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်ကြား၊ ရေလည်ကျွန်း ဒေသရှိ PDF တပ်ဖွဲ့တွေ မဟာမိတ် အင်အားစုအဖြစ် စက်တင်ဘာ ၁ ရက်က အောင်မြင်စွာ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၅

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်း ဆုံရာဒေသ၊ မြောင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်ကြား၊ ရေလည်ကျွန်း ဒေသရှိ PDF တပ်ဖွဲ့တွေ မဟာမိတ် အင်အားစုအဖြစ် စက်တင်ဘာ ၁ ရက်က အောင်မြင်စွာ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရေလည်ကျွန်းဟာ ဒေသတွင်း အချက်အခြာကျတဲ့ နေရာဖြစ်ပြီး PDF များ စိုးမိုးထားမှုကို အပြတ်ချေမှုန်းဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ သတင်းထွက်ပေါ်နေချိန် အခုလို မဟာမိတ် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

“ အစည်းအဝေးကတော့ ပြီးသွားပြီ။ ဘုံသဘောတူညီချက် ၁၀ ချက်ကို ညှိနှိုင်း ဆွေးနွေးနေတာနဲ့ အချိန်တော်တော် ကြာသွားတယ်” လို့ မဟာမိတ် ဖွဲ့စည်းရေး ဦးဆောင်သူ Myingyan Black Tiger တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ စစ်ကောင်စီကို တိုက်စစ်ဆင်ချေမှုန်းရေး အတွက် ဘုံသဘောတူညီချက် ၁၀ ချက် သဘောတူညီခဲ့ပြီး မဟာမိတ် အင်အားစု အဖြစ် တက်ရောက်ကာ ပူးပေါင်းပါဝင်ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ အရေအတွက်ကိုမူ လုံခြုံရေးအရ မဖော်ပြဘူးလို့ ဆိုပါတယ်။

“ ဘုံသဘောတူညီချက် ၁၀ ချက်ရယ်၊ ပူးပေါင်းပါဝင်လာတဲ့ မဟာမိတ်တွေကို လုံခြုံရေးအရ မဖော်ပြပါဘူး။ ပါဝင်တဲ့ မဟာမိတ်တွေကလည်း ဖော်ပြဖို့အတွက် ငြင်းဆိုထားပါတယ်။ ဘုံသဘောတူညီချက်ထဲက နံပါတ် ၈ အချက် တစ်ချက်တည်းကို တစ်နာရီကျော်လောက် ညှိနှိုင်းခဲ့ရတယ်” လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ အချင်းချင်း ပွတ်တိုက်မှု တချို့ ရှိပေမယ့် ရေလည်ကျွန်းဒေသရှိ PDF တပ်ဖွဲ့များ ပူးပေါင်းမှုကို အားရကျေနပ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ ပြည်သူဘက်က သဘောကျကြတယ်။ ကိုယ့်ဘက်က ဘယ်လောက်ပဲ ဆုံးရှုံးနစ်နာမှုရှိရှိ ကျွန်တော်တို့ တော်လှန်ရေး ရဲဘော် အချင်းချင်း စည်းလုံးနေကြတယ်။ ညီညွတ်နေကြတယ်ဆိုရင် ပြည်သူအနေနဲ့ အားတစ်ရပ်ကို ဖြစ်နေတာ။ ပြည်သူ ဆိုတာက ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ ဘက်မှာပဲ မားမားမတ်မတ် ရပ်တည်နေတဲ့အတွက်ကြောင့်မို့လို့ အားလုံးကို အခုလို စည်းစည်းလုံးလုံး ရှိစေချင်တယ်ဗျာ” လို့ အစည်းအဝေးမှာ ပါဝင်တဲ့ ရဲဘော် တစ်ဦးက မှတ်ချက်ပြု ပြောပါတယ်။

လက်ရှိ မိုးတွင်းကာလ ရေလယ်ကျွန်းဒေသ ရေတက်ချိန်ဖြစ်လို့ ပွင့်လင်းရာသီ ဒီရေကျချိန်မှာ စစ်ကောင်စီ စစ်ကြောင်းများ ဝင်ရောက် သောင်းကျန်း၊ လုယက်မယ့် သတင်းတွေ ထွက်နေတာကြောင့် တိုက်စစ်ဖွင့် ချေမှုန်းဖို့ အတွက် Myingyan Black Tiger အဖွဲ့က ဦးဆောင်ပြီး ဒေသခံ ကာကွယ်ရေးတပ်များ မဟာမိတ် အင်အားစု ဖွဲ့စည်းဖို့ အခုလို ညှိနှိုင်း ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

CJ-005

#MeKongNews

#ဗိုလ်မိုက်ခဲ

#MyingyanBlackTiger

#မဟာမိတ်အင်အားစု

#ရေလည်ကျွန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now