မြန်မာ့နွေဦး

NUG ထိန်းချုပ်ဒေသတွေက ပုဂ္ဂလိကဘဏ် အပ်နှံငွေ မဆုံးရှုံးဘူးလို့ NUG အာမခံ

မဲခေါင် 13 Nov - 2023
ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော်နေတဲ့ NUG ထိန်းချုပ်ဒေသတွေက ပုဂ္ဂလိက ဘဏ်တွေမှာ အပ်နှံထားတဲ့ ပြည်သူတွေရဲ့ အပ်နှံငွေတွေ ဆုံးရှုံး နစ်နာမှု မရှိစေဖို့ ကြားကာလ ဗဟိုဘဏ် အနေနဲ့ အချိန်နဲ့တပြေးညီ ဆောင်ရွက်နေတယ်လို့ ဒီနေ့ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ NUG က အသိပေးပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၁၃

ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော်နေတဲ့ NUG ထိန်းချုပ်ဒေသတွေက ပုဂ္ဂလိက ဘဏ်တွေမှာ အပ်နှံထားတဲ့ ပြည်သူတွေရဲ့ အပ်နှံငွေတွေ ဆုံးရှုံး နစ်နာမှု မရှိစေဖို့ ကြားကာလ ဗဟိုဘဏ် အနေနဲ့ အချိန်နဲ့တပြေးညီ ဆောင်ရွက်နေတယ်လို့ ဒီနေ့ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ NUG က အသိပေးပါတယ်။

ကြားကာလ ဗဟိုဘဏ် တည်ထောင်ခြင်းဆိုင်ရာ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်၊ အပိုဒ် (၃) မှာ ဖော်ပြထားတဲ့အတိုင်း ပြည်သူတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို အချိန်မီ ကုစားနိုင်ဖို့ ပြည်သူ့အုပ်ချုပ်ရေး စတင်တဲ့ ဒေသတွေမှာ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းစီမံချက် (SOPs – Standard Operating Procedures) ထုတ်ပြန်ပြီး တာဝန်ယူ၊ တာဝန်ခံမှု ရှိစေဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ လုပ်ငန်းစီမံချက်မှာ သိမ်းပိုက် နယ်မြေတွင်းက ပုဂ္ဂလိက ဘဏ်တွေရဲ့ ပရဝုဏ်၊ အဆောက်အအုံ၊ ဘဏ်ဝန်ထမ်း၊ ဘဏ်အတွင်းရှိ ငွေသား၊ ဘဏ်ငွေတိုက်၊ စာရင်းမှတ်တမ်းတွေ၊ စာချုပ်စာတမ်းတွေ၊ ပေါင်နှံ စာရွက်စာတမ်းတွေ၊ ဘဏ်အတွင်းရှိ စက်ပစ္စည်း ကိရိယာတွေ၊ ရုံးသုံး Software ၊ Hardware တွေနဲ့ စပ်လျဉ်းပြီး ဆောင်ရွက်ရမယ့် ကိစ္စတွေကို အသေးစိတ် ဖော်ပြထားပြီး အထူးကြပ်မတ် စီမံနေရှိတယ်လို့ NUG ကပြောပါတယ်။

ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ ဒေသတွေမှာ အခြေအနေ တည်ငြိမ်တာနဲ့ ထိန်းသိမ်း ပြုစုထားတဲ့ စာရင်း၊ ဇယား၊ မှတ်တမ်းတွေနဲ့အညီ ပြည်သူ အပ်နှံငွေတွေကို ပြည်သူထံ ပြန်လည်ရရှိစေဖို့ စီမံမှာဖြစ်ပြီး NUG အနေနဲ့ ပြည်သူ့အကျိုးစီးပွားကို အစဉ်ရှေ့တန်းတင် ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပါအဝင် မဟာမိတ် ပူးပေါင်းတပ်တွေနဲ့အတူ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲလျက်ရှိပြီး စစ်ကိုင်းတိုင်း အထက်ပိုင်းက ကောလင်းမြို့၊ ခမ်းပါတ်မြို့နဲ့ စစ်ကောင်စီ စခန်းတချို့ကို သိမ်းပိုက်ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့ပါတယ်။

NUG ဟာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ပအဖ၊ ပြည်သူ့လုံခြုံရေးအဖွဲ့-ပလဖ နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ စတာတွေ ဖွဲ့စည်းပြီး ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်ကို ၂၀၂၁ ခုနှစ် ကတည်းက စတင် အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။

MK-009

#MeKongNews

#NUG

#ပြည်သူ့ကာကွယ်ရေးတပ်

#ပုဂ္ဂလိကဘဏ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now