မဲခေါင်၊ ဇန်နဝါရီ ၁၆
စစ်ကောင်စီ လက်အောက်မှာ အလုပ်လုပ်နေတဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ စိုက်ပျိုးရေးဌာနက Non CDM ဝန်ထမ်း ၂၇ ဦး အမျိုးသား ညီညွတ်ရေး အစိုးရထံ အလင်းဝင်ရောက်လာ တယ်လို့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက စစ်ကောင်စီ လက်အောက်ခံ Non CDM တွေကို အလင်းဝင်ရောက်ဖို့ အသိပေး ကြေညာချက်တွေ ထုတ်ပြန်ထားတာပါ။
အဲဒီလို ထုတ်ပြန်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၈ ရက်ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အတွင်း အရာတော်မြို့နယ်နဲ့ ဗန်းမောက်မြို့နယ်က စစ်ကောင်စီ လက်အောက်ခံ Non CDM ၂၇ ဦး အလင်းဝင်ရောက်လာခဲ့တာ ဖြစ်တယ်လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။
MK-003