မြန်မာ့နွေဦး

Local PDF တွေကို ပြန်ကြည့်ပေးဖို့ တော်လှန်ရေး အင်အားစုတွေ NUG ကို တောင်းဆို

မဲခေါင် 11 Aug - 2023
မဲခေါင်၊ ဩဂုတ် ၁၁ အမျိုးသားညီညွတ်ရေး အစိုးရ-NUG အနေနဲ့ Local PDF တွေအတွက် ထည့်သွင်းစဉ်းစားပေးပြီး ချိတ်ဆက် ဆောင်ရွက်ဖို့ ကြိုးစားစေချင်တယ်လို့ နယ်မြေခံ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုနေပါတယ်။

မဲခေါင်၊ ဩဂုတ် ၁၁

အမျိုးသားညီညွတ်ရေး အစိုးရ-NUG အနေနဲ့ Local PDF တွေအတွက် ထည့်သွင်းစဉ်းစားပေးပြီး ချိတ်ဆက် ဆောင်ရွက်ဖို့ ကြိုးစားစေချင်တယ်လို့ နယ်မြေခံ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုနေပါတယ်။

စစ်အာဏာရှင် တော်လှန်ရေး အတွက် မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ဒေသတွင်း တော်လှန်ရေး အင်အားစု Local PDF တွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး NUG အစိုးရက အရေးတယူ ထည့်သွင်းစဉ်းစားတာ မရှိဘူးလို့ တော်လှန်ရေး အင်အားစု တချို့က သုံးသပ်နေတာ ဖြစ်ပါတယ်။

ဩဂုတ်လ ၆ ရက်နေ့က NUG ထုတ်ပြန်ခဲ့တဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ဘုံရပ်တည်ချက် သဘောထား ပူးတွဲ ထုတ်ပြန်ချက်မှာ ပါ၀င်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် တည်ထောင်မယ် ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တော်လှန်ရေး အင်အားစုတွေက အခုလို ပြောဆိုလိုက်တာပါ။

“Local PDF တွေ အတွက်တော့ သူတို့မှာ နေရာရှိမယ့်ပုံ မပေါ်ဘူး။ ၂ နှစ်ကျော်ကာလ ၃ နှစ် ပြည့်တော့မယ့် အချိန် အတိုင်းအတာ အတွင်းမှာ Local PDF တွေအတွက် သပ်သပ် မူဝါဒ ချမှတ်ပေးထားတာမျိုး မရှိဘူး။ သူတို့အနေနဲ့ ဘယ်လိုအခန်းကဏ္ဍ အနေနဲ့ ပါဝင်ပါလို့ ပြောထားခြင်း မရှိဘူး။ ကျွန်တော်တို့က တချို့ ကိစ္စလေး တွေမှာ သွားပြီးတော့ ညှိနှိုင်းရတာပေါ့” လို့ မကွေးတိုင်း အခြေစိုက် အနောက်လွင်ပြင် LPDF တာဝန်ခံ တစ်ဦးက ဆိုပါတယ်။

NUG ဟာ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ဘုံရပ်တည်ချက် သဘောထားလို့ ထုတ်ပြန်ထားပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး NUG လက်အောက် မဟုတ်တဲ့ ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ညှိနှိုင်း ဆွေးနွေးပြောဆိုတာ မရှိဘူးလို့ နယ်မြေခံ တော်လှန်ရေး အဖွဲ့တွေက ဆိုပါတယ်။

မြေပြင်မှာ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ NUG လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေထက် တိုက်ပွဲတွေနဲ့ ပိုမိုထိတွေ့ နေရသလို ဒေသခံတွေနဲ့ ပိုပြီးနီးစပ်မှုရှိတာကြောင့် စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး ရှင်းလင်းမှုတွေကို ပိုပြီး ခံစားနေရတယ်လို့လည်း Local PDF အဖွဲ့ တချို့က ဆိုပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာရှိတဲ့ တော်လှန်ရေး အင်အားစု တချို့တွေကြားမှာ NUG လက်အောက်ခံတပ် တွေနဲ့ အဆက်အသွယ်ရှိတဲ့ တော်လှန်ရေး အင်အားစု တချို့ဟာ အခြား နယ်မြေခံ PDF တပ်ဖွဲ့တွေကို အချင်းချင်း ခွဲခြားဆက်ဆံတာနဲ့ ဖိနှိပ်တာတွေ ရှိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပြပါတယ်။

လက်ရှိအချိန်မှာ NUG အစိုးရ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ နယ်မြေခံ PDF တွေကြားမှာ နယ်မြေ အပိုင်းအခြားနဲ့ ဆိုင်တဲ့ ပဋိပက္ခတွေအပြင် PDF အချင်းချင်း ပြန်လည်တိုက်ခိုက်တဲ့ ပဋိပက္ခတွေအထိ ဖြစ်ပွားနေတာတွေလည်း ရှိနေပါတယ်။

အခုနှစ် ဩဂုတ်လ အစပိုင်းမှာပဲ မြင်းခြံခရိုင် တပ်ရင်း (၅) MG-6 (မြင်းခြံ) တပ်ဖွဲ့နဲ့ ရေစကြိုမြို့နယ် ရေလယ်ကျွန်း ဒေသ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ကြားက မပြေလည်မှုတွေကြောင့် အချင်းချင်း ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီမတိုင်ခင် ဩဂုတ်လ ၃ ရက်နေ့မှာလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ NUG ပြည်ထဲရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးထားတဲ့ ပအဖ ကို မကျေနပ်လို့ ဒေသတွင်း တော်လှန်ရေး အင်အားစုတွေက ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

ခင်ဦး အခြေစိုက် Local PDF အဖွဲ့ တစ်ခုကတော့ NUG အနေနဲ့ နယ်မြေခံတွေနဲ့ ၎င်းတို့လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေကို ခွဲခြားမှု မရှိဘဲ အားလုံး စည်းလုံးညီညွတ်အောင် ပေါင်းစည်းနိုင်မှသာ NUG က ပြောထားတဲ့ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် တည်ထောင်ရေးဟာ ပိုပြီး ခရီးရောက်မယ်လို့ သုံးသပ်ပါတယ်။

“ဒီဘက် နယ်မြေတွေမှာဆို Local တွေကပဲ လုပ်ငန်းလုပ်နေရတာ များတယ်။ တပ်ရင်းတွေ၊ ပကဖ တွေကလည်း ရောက်လာတာ နောက်ကျတာတွေရှိတယ်။ တပ်ရင်းတွေ၊ ပကဖတွေက သူတို့လုံခြုံတဲ့ နေရာမှာပဲ နေတာလေ။ ဒီတိုင်းကြီး သွားနေရင်တော့ လွယ်လွယ်နဲ့ မရနိုင်ဘူးပေါ့နော်။ နယ်မြေခံတွေရော တပ်ရင်း တပ်ဖွဲ့တွေရော အကုန်လုံး စည်းစည်းလုံးလုံးနဲ့ သွေးမကွဲဘဲနဲ့ သွားတယ် ဆိုရင်တော့ ဖက်ဒရယ် တပ်မတော်ကိုတော့ တည်ထောင်နိုင်မှာပါ။ အောင်မြင်မှာပါ” လို့ နယ်မြေခံ ဘီလုံးငှက် ပြောက်ကျားတော် လှန်ရေးတပ်ဖွဲ့ တာဝန်ခံက သုံးသပ်ပါတယ်။

ခင်ဦးမြို့နယ်မှာတော့ NUG လက်အောက်ခံ ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့တွေနဲ့ နယ်မြေခံ တပ်ဖွဲ့တွေကြားမှာ ပဋိပက္ခ မရှိဘဲ အချင်းချင်းညှိနှိုင်းပြီး စစ်အာဏာရှင် တော်လှန်ရေးကို လက်တွဲ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Local PDF အဖွဲ့တွေ အပါအဝင် NUG နဲ့ စစ်ရေး၊ နိုင်ငံရေး မိတ်ဖက် အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်နေကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံး ပေါင်းစည်းနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုကြပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားတဲ့ လူထုတော်လှန်ရေး မဟာမိတ် အင်အားစု PRA – Magway ကလည်း Local PDF တွေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ NUG လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေ စတဲ့ ဘုံရန်သူတူညီတဲ့ အစုအဖွဲ့တွေ အားလုံး သွေးစည်းညီညွတ်မှု ရရင်တော့ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် တည်ဆောက်နိုင်မယ်လို့ သုံးသပ်ပါတယ်။

“ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်တဲ့ နေရာမှာ ဖက်ဒရယ် တပ်မတော်သည် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါတယ် ဆိုတာကို အပြည့်အဝ လက်ခံပြီးသား ဖြစ်ပါတယ်။ ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး အတွက်ကို NUG တစ်ခုတည်းတင် မဟုတ်ဘဲ အားလုံး သွေးစည်းညီညွတ်မှုနဲ့ တည်ဆောက် နိုင်မယ်ဆိုရင် ဖက်ဒရယ် တပ်မတော်ကို ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ People’s Alliance Army – PRA မကွေးရဲ့ နိုင်ငံရေးမှူးက ပြောပါတယ်။

အားလုံး သွေးစည်းညီညွတ်မှုကို တည်ဆောက်ဖို့ အတွက် ဆိုရင် NUG တစ်ခုတည်းက ချိတ်ဆက် စည်းရုံးနေရမှာ မဟုတ်ဘဲ စစ်အာဏာရှင်ဆိုတဲ့ ဘုံရန်သူ တူညီပြီးသား အဖွဲ့အစည်း အသီးသီးကလည်း မိမိတို့ ကဏ္ဍအလိုက် သက်ဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ပြီး ဘုံနိုင်ငံရေး သဘောထား၊ ဘုံရပ်တည်ချက် သဘောထားတွေကို တဆင့်ချင်း လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။

PRA မကွေး အနေနဲ့ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲရခြင်းဟာ အုပ်ချုပ်သူ အပြောင်းအလဲ၊ အစိုးရ အပြောင်းအလဲ အတွက် မဟုတ်ဘဲ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် စနစ်တွေကို အပြောင်းအလဲ ဖြစ်ချင်တာလို့ ဆိုပါတယ်။

NUG အနေနဲ့ ခေတ်ပြောင်း၊ စနစ်ပြောင်း တော်လှန်ရေးကို မဆုတ်မနစ် ကြံ့ကြံ့ခံ တွန်းလှန် ဆင်နွှဲလျက်ရှိတဲ့ တိုင်းရင်းသား ပြည်သူလူထု အပေါင်းနဲ့ လက်တွဲပြီး စုပေါင်း ခေါင်းဆောင်မှု၊ စုပေါင်း တာဝန်ယူမှုတွေနဲ့ နောက်မဆုတ်စတမ်း၊ မတွေဝေစတမ်း ချီတက် တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားပါတယ်။

တော်လှန်ရေးရဲ့ အဓိက ပန်းတိုင်ဖြစ်တဲ့ အသွင်သဏ္ဍာန် သာမက အနှစ်သာရပါ ပြည့်စုံတဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို လက်တွေ့ ကျင့်သုံးနိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်ရှိ စစ်တပ် အာဏာသိမ်းယူထားတာ အပြီးတိုင်ဖယ်ရှားသွားမယ်လို့ NUG က ထုတ်ပြန်ထားတာပါ။

NUG က အခုလို ပြောနေပေမယ့် ဖက်ဒရယ် ပြည်ထောင်စုကို အမှန်တကယ် တည်ဆောက်နိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အပါအဝင် နယ်မြေခံ လက်နက်ကိုင် တပ်ဖွဲ့တွေ၊ တပ်ပေါင်းစုတွေ အားလုံးနဲ့အတူ မူဝါဒ တစ်ခု ခိုင်ခိုင်မာမာ ချမှတ်ပြီး တွေ့ဆုံ ဖွဲ့စည်း ညှိနှိုင်းနိုင်ဖို့ လိုအပ်နေပြီလို့ တော်လှန်ရေး အင်အားစုတွေက သုံးသပ်နေကြပါတယ်။

ဒါ့အပြင် NUG အစိုးရအဖွဲ့ဝင်တွေ အနေနဲ့လည်း အထက်အောက် အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှုနဲ့ ဆွေးနွေးတိုင်ပင်မှုတွေ အပါအဝင် မြေပြင်မှာရှိတဲ့ လက်အောက်ခံ အဖွဲ့တွေနဲ့ ချိတ်ဆက်မှုတွေ ပိုအားကောင်း လာအောင် လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ တော်လှန်ရေး အင်အားစုတွေက အကြံပြု တောင်းဆိုနေပါတယ်။

MK–009

#MekongNews

#Local_PDF

#NUG

#ဖက်ဒရယ်ဒီမိုကရေစီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now