မြန်မာ့နွေဦး

Federal Wings ရဲ့ ဒရုန်းစစ်ဆင်ရေးတွေကြောင့် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်သေဆုံး

မဲခေါင် 5 Jan - 2023
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တစ်နှစ်တာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀၀ ခန့် သေဆုံးခဲ့တယ်လို့ Federal Wings ဒရုန်း စစ်ဆင်ရေးတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

Federal Wings ဒရုန်းစစ်ဆင်ရေးတပ်ဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း EAO တွေ၊ PDF တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

KNU တပ်မဟာ (၃) နဲ့ တပ်မဟာ (၆) နယ်မြေ အတွင်း တိုက်ပွဲတွေနဲ့ စခန်းသိမ်း တိုက်ပွဲကြီးတွေမှာ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းတွေနဲ့ ပူးတွဲ တိုက်ပွဲဝင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တစ်နှစ်တာ အတွင်းမှာ ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ ဒရုန်း ပျံသန်း စစ်ဆင်မှု ၄၃၇ ကြိမ် တိုက်ပွဲဝင်နိုင်ခဲ့ပြီး အဲ့ဒီ တိုက်ပွဲတွေ အတွင်း စစ်သား ၂၀၀ ဦးခန့် သေဆုံးခဲ့တာပါ။

တိုက်ခိုက်မှုတွေ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့် သေဆုံးခဲ့ပြီး ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကို စစ်မြေပြင်သတင်းတွေအရ သိရတယ်လို့ Federal Wings က ဖော်ပြထားပါတယ်။

Federal Wings ဒရုန်းတပ်ဖွဲ့ အနေနဲ့ လက်ရှိ ကော့ကရိတ်တိုက်ပွဲ၊ တောင်စွန်းတိုက်ပွဲနဲ့ ကြာအင်းဆိပ်ကြီး တိုက်ပွဲတွေမှာ သက်ဆိုင်ရာ တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့ စစ်ကြောင်းတွေနဲ့ အင်အားဖြည့် ပူးပေါင်း တိုက်ပွဲဝင်နေပါတယ်။

ဒီတပ်ဖွဲ့ဟာ သတင်းအချက်အလက် နည်းပညာနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန-MOCIT ရဲ့ ဦးဆောင်မှုနဲ့ Federal Wings Fundraise တွေက အမေရိကန်ဒေါ်လာ ၂၆၅,၂၄၂ ကောက်ခံရရှိထားကြောင်းနဲ့ တပ်ဖွဲ့ ဟာ NUG အပါအဝင် အခြား ဘယ်အဖွဲ့အစည်းတွေဆီကမှ ရံပုံငွေ ရရှိထားတာ မရှိဘဲ ပြည်သူလူထု ထည့်ဝင်ငွေနဲ့သာ ရပ်တည်နေတာဖြစ်တယ်လို့ အသိပေးထားပါတယ်။

လွတ်လပ်မှုကို လိုလားတဲ့ ပြည်သူလူထု ထည့်ဝင်လှူဒါန်း ထားတဲ့ ငွေကြေးကို အလေအလွင့်မရှိ စေဖို့နဲ့ စစ်အာဏာရှင် တိုက်ထုတ်တဲ့ တော်လှန်ရေး တိုက်ပွဲတွေမှာ အကျိုးရှိစွာ အသုံးချနေတယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်အတွင်းမှာ Federal Wings ရဲ့တပ်အင်အား တိုးချဲ့မှု လုပ်ငန်းတွေ၊ တိုက်ခိုက်ရေး Mission တွေနဲ့ တိုက်ခိုက်ရေး ဒရုန်း အမျိုးအစားအသစ် စမ်းသပ်ထုတ်လုပ်မှုတွေကို အရှိန်တိုးမြှင့် လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသမှာ DPLF က ပြည်သူတွေအတွက် ရွာလမ်းများ ပြုပြင်ပေး

ဓနုဒေသလှုပ်ရှားနယ်မြေအတွင်းမှာ မိုးရာသီအတွက် ကျေးရွာချင်းဆက်လမ်းများကို ရွာခံတွေနဲ့ ပြုပြင်ပေးခဲ့တယ်လို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ဒီနေ့ ဧပြီ ၁၉ ရက်မှာ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသူတွေ ပြည်သူ့စစ်တပ်ထဲ စစ်မှုထမ်းရ

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းချင်သူတွေ မက်ကျန်းပြည်သူစစ်ထဲ ဝင်လာနိုင်ဖို့ ဖိတ်ခေါ်နေတယ်လို့ နယ်ခံတွေဆီမှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒီမော့ဆို PDF တပ်ရင်း (၁၁၀၆) ဆေးတပ်သားသင်တန်းဆင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ DMO PDF အမှတ် (၁၁၀၆)တပ်ရင်းမှ အခြားမဟာမိတ်တပ်ရင်းများအတူ ဆေးတပ်သားသင်တန်းပြုလုပ်ခဲ့ပြီး သင်တန်းဆင်းခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေတိုက်ပွဲ စစ်ကောင်စီအဖွဲ့အပြင် လူသစ်စုဆောင်းခံရတဲ့ PNA တပ်သား‌တွေပါ သေဆုံး

ညောင်လေးပင်ရွာအနီးမှာ ဧပြီလ ၄ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ လူငယ်အကယ်ဒမီကောလိပ်ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေပေးနေ

ကရင်နီပြည်နယ်မှာရှိတဲ့ လူငယ်အကယ်ဒမီကောလိပ် -YAC ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေသင်ကြားပေးနေပြီး လက်ရှိမှာ အယောက် ၆၀ ကို သင်ကြားနေတယ်လို့ ကောလိပ်တည်ထောင်သူ ကိုခူးပရေးရယ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်မှာ ၃ လနီးပါး တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးသူ ၆၀ ကျော်အထိ ရှိလာ

ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေနဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သား သေဆုံးသူ ၆၁ ဦးအထိ ရှိပြီလို့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO)က ဧပြီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အလှူရှင်လာရောက်လှူဒါန်းမှု နည်းပါးတဲ့ စစ်ရှောင် စခန်းတွေမှာ ရေလှူဒါန်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေကြတဲ့ စစ်ရှောင်စခန်းတွေမှာ ရေလှူဒါန်းခဲ့တယ်လို့ Karenni Hope က တာဝန်ရှိသူ ကိုလွမ်းက ဧပြီလ ၁၇ ရက်နေ့က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရပ်စောက်မှာ စစ်တပ်အကာအကွယ်ယူပြီး RCSS က တပ်သားသစ် စုဆောင်း

ဗထူးတပ်မြို့ အနီးက ကျေးရွာတွေမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS/SSA) က တပ်သားသစ် အဓမ္မစုဆောင်းနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now