မဲခေါင်၊ မတ် ၂၄
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ ကုမ္ပဏီတွေမှာ ရှေ့နေအဖြစ် ဆောင်ရွက်ပေးနေသူ မင်းတေဇညွန့်တင်ကို Urbal Owls မြို့ပြပျောက်ကျားအဖွဲ့က ဒီနေ့နေ့လည်ပိုင်းမှာ ရှင်းလင်းလိုက်တယ်လို့ စုံစမ်းသိရပါတယ်။
ရှင်းလင်းတဲ့ရဲဘော်တွေလည်း ဘေးကင်းရာကိုရောက်ပြီးလို့ နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
မင်းတေဇညွန့်တင်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံပိုင်တဲ့ ကုမ္ပဏီတွေနဲ့ ပတ်သက်လို့ ရှေ့နေကိစ္စရပ်တွေမှာ လုပ်ဆောင်ပေးနေသူဖြစ်တယ်လို့ သူနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက မဲခေါင်ကို အတည်ပြုပါတယ်။
(အပြည့်အစုံကိုဆက်လက်ဖော်ပြပါမယ်)
MK – 004
#MeKongNews
#မင်းတေဇညွန့်တင်