မဲခေါင်၊ နိုဝင်ဘာ ၁
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်၊ မူဆယ်မြို့က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတချို့ ထွက်ပြေးတိမ်းရှောင် နေရာရွှေ့ပြောင်း ကုန်ပြီ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ရှမ်းမြောက်တိုက်ပွဲတွေနဲ့ တရုတ်ဘက်က ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ဖြိုခွင်းဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေ ဝင်ရောက်တိုက်ခိုက်မယ့် အရေးတွေကြောင့် တိမ်းရှောင်ကြတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဒီ ကျနော်တို့ နေတဲ့နားမှာ တချို့ ဂိမ်းဆိုင်နားက ဖဲဝိုင်းတွေတောင် ပိတ်လိုက်ပြီ။ ကျနော်တို့ပဲ ကျန်တော့တယ် ဒီနားဘက်မှာ။ နေရာပြောင်းတာတော့ မဟုတ်ဘူး။ ဒီ နိုင်ငံရေး အရမ်းရှုပ်လို့ ယာယီ ပိတ်ထားတာ” လို့ လောင်းကစားရုံမှာ အလုပ်လုပ်နေသူ ၁ ဦးက ပြောပါတယ်။
မူဆယ်ရဲစခန်းဝန်းအတွင်းမှ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေလည်း နေရာပြောင်းကုန်ကြပြီး ဘယ်သူမှ မရှိတော့သလို၊ အခြားစစ်ကောင်စီဝန်ထမ်းတွေကလည်း နီးစပ်ရာဆွေမျိုးတွေဆီ ပြောင်းရွေ့နေကြပြီလို့ သိရပါတယ်။
“မူးယစ်တို့ ဘာတို့ ဘယ်သူမှ မရှိတော့ဘူး” လို ဒေသခံ ၁ ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစ မြောက်ပိုင်း မဟာမိတ် ညီနောင် သုံးဖွဲ့နဲ့ မဟာမိတ် ပူးပေါင်း အဖွဲ့တွေဟာ ၁၀၂၇ စစ်ဆင်ရေး နာမည်နဲ့ စစ်ကောင်စီ တပ်စခန်း၊ ပြည်သူ့စစ်စခန်း၊ နယ်ခြားစောင့်တပ်စခန်း၊ ရဲစခန်းနဲ့ ငွေလိမ်ဂိုဏ်းတွေကို အဓိက ဦးတည် ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
CJ-008
MKF-001
#MeKongNews
#လားရှိုး
#စစ်ကောင်စီ
#လက်အောက်ခံ
#ထွက်ပြေး
#တိုက်ပွဲ








