မြန်မာ့နွေဦး

တောင်ကြီးတက္ကသိုလ် စာမေးပွဲကာလ လုံခြုံရေး တင်းကျပ်ထားတဲ့ကြားက ဆိုင်ကယ် ၃ စီးနဲ့ ဖုန်း ၂ လုံး ခိုးယူခံရ

မဲခေါင် 26 Sep - 2023
ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့၊ တောင်ကြီး တက္ကသိုလ်မှာ စာမေးပွဲ ကာလ ရဲနဲ့ စစ်သားတွေ ချထားပြီး လုံခြုံရေး တင်းကျပ်ထားတဲ့ကြားက ဆိုင်ကယ် ၃ စီးနဲ့ ဖုန်း ၂ လုံး ခိုးယူခံရခဲ့တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့၊ တောင်ကြီး တက္ကသိုလ်မှာ စာမေးပွဲ ကာလ ရဲနဲ့ စစ်သားတွေ ချထားပြီး လုံခြုံရေး တင်းကျပ်ထားတဲ့ကြားက ဆိုင်ကယ် ၃ စီးနဲ့ ဖုန်း ၂ လုံး ခိုးယူခံရခဲ့တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

စာမေးပွဲ ကျင်းပတဲ့ စက်တင်ဘာလ ၁၈ ရက်ကနေ ၂၅ ရက်အတွင်း ဆိုင်ကယ်ရပ်ဖို့ သတ်မှတ်ထားတဲ့နေရာနဲ့ စာမေးပွဲခန်း အနီးတစ်ဝိုက်မှာ ပျောက်ဆုံးခဲ့တာလို့ ဆိုပါတယ်။

ဆိုင်ကယ်ပျောက်ဆုံးသူ Non-CDM ကျောင်းသား တစ်ဦးက “ကျနော်ကတော့ စာမေးပွဲခန်းရှေ့မှာ ရပ်ထားတာကို ပျောက်တာ။ ဆိုင်ကယ်စတန်းမှာ ရပ်ထားလည်း ပျောက်ရင် တာဝန်မယူမယ့် အတူတူ မျက်စိရှေ့မှာပဲ ရပ်ခဲ့တာကို ပျောက်တာ။ ဆိုင်ကယ်စတန်းမှာလည်း ရဲတွေရော အစောင့်တွေရော ရှိတာကို ပျောက်တယ်ဆိုတော့ စဉ်းစားလို့ မရတော့ဘူး” လို့ ပြောပါတယ်။

ပျောက်ဆုံးတဲ့ ဆိုင်ကယ်တွေဟာ Hoda Dream 125 တစ်စီးနဲ့ Hoda Click 125 ၂ စီးဖြစ်ပြီး ဖုန်းတွေကတော့ Iphone 14 promax နဲ့ Redmi Note 11 pro တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆိုင်ကယ် ပျောက်ဆုံးမှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မေဂျာတွေနဲ့ ကျောင်းသားရေးရာကို တိုင်ကြားပေမယ့် အခုချိန်အထိ အရေးယူ ဆောင်ရွက်တာ မရှိသေးဘူးလို့ သိရပါတယ်။

ဖုန်းပျောက်ဆုံးသူ Non-CDM ကျောင်းသား တစ်ဦးက “ဆိုင်ကယ် ဘောက်ထဲမှာ ကျန်ခဲ့ပြီး ပျောက်တာ။ သတိရလို့ သွားကြည့်တော့ ဖုန်းက မရှိတော့ဘူး။ လူစိမ်းတွေ အများကြီးပဲ။ ကျောင်းသားကတ်လည်း မပါကြဘူး” လို့ ပြောပါတယ်။

တောင်ကြီး တက္ကသိုလ်မှာ စာမေးပွဲကာလ မတိုင်ခင်က ကျောင်းသားကတ်ပါမှသာ ဝင်ခွင့်ပြုခဲ့ပေမယ့် စာမေးပွဲကာလရောက်မှ ကျောင်းသားကတ်မပါတဲ့ လူစိမ်းတွေကို ဝင်ခွင့်ပြုခဲ့တာကြောင့် အခုလို ပျောက်ဆုံးရတာလို့ Non-CDM ကျောင်းသားတွေက ဝေဖန် ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း တောင်ကြီးတက္ကသိုလ် ဆိုင်ကယ်စတန်းမှာ ရပ်ထားတဲ့ ဆိုင်ကယ် ၁၀ စီးနဲ့အထက် ပျောက်ဆုံးခဲ့ပြီး ကျောင်းသားရေးရာက အရေးယူ ဆောင်ရွက်တာ မရှိခဲ့ဘူးလို့ စုံစမ်း သိရှိရပါတယ်။

CJ-007

#MekongNews

#တောင်ကြီး

#တက္ကသိုလ်

#စာမေးပွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now