မြန်မာ့နွေဦး

မူဆယ်မှာ စစ်‌ကောင်စီယာဉ်တန်းကို TNLA ချုံခိုတိုက်ခိုက်မှု တပ်ရင်းမှူး အပါအ၀င် စစ်သား ၉ ဦး သေဆုံး

မဲခေါင် 28 Sep - 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးမြို့က‌နေ မူဆယ်မြို့နယ်ကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို တအာင်း လွတ်မြောက်ရေး တပ်မတော်- TNLA က မနေ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ချုံခို တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၂၈

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးမြို့က‌နေ မူဆယ်မြို့နယ်ကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို တအာင်း လွတ်မြောက်ရေး တပ်မတော်- TNLA က မနေ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ချုံခို တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

မူဆယ်ဘက် ဦးတည်လာတဲ့ စစ်ကောင်စီ ယာဉ် ၆ စီးကို မနေ့က ညနေ ၇ နာရီ ဝန်းကျင်မှာ ၁၀၅ မိုင်နဲ့ တုန်ခံ‌ကျေးရွာကြား TNLA ချုံခို တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေနဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး အပါအဝင် ၉ ဦး သေဆုံးခဲ့သလို ဒဏ်ရာရသူ များပြားတယ်လို့ TNLA မြေပြင်တပ်ဖွဲ့ဝင် တစ်ဦးက အတည်ပြု ပြောဆိုပါတယ်။

“စယ်လန့် ဘက်မှာ အင်အားဖြည့်ဖို့ သွားတာ ထင်တယ်။ ကျနော်တို့က သတင်းကြိုရလို့ သွားစောင့်ပြီး တိုက်တာ။ ကားတွေကိုပစ်ပြီး နောက်ဆုတ်ခဲ့တယ်။ သူတို့ဘက်က ဆေးရုံတင်ထားရတာတွေလည်း ရှိနေတယ်” လို့ သူကပြောပါတယ်။

ဒီစစ်ကောင်စီတပ် ယာဉ် ၆ စီးဟာ ကိုးကန့် တပ်မတော်- MNDAA နဲ့ စစ်ရေးတင်းမာနေတဲ့ မုံးကိုးမြို့ကနေ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စုဘက် အင်အားဖြည့်တင်းဖို့ ဦးတည်လာတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ယာဉ်တန်း ချုံခို တိုက်ခိုက်ခံခဲ့ရပြီးနောက် တုန်ခံကျေးရွာ အနီး စစ်ကောင်စီတပ်က မနေ့ ည ၈ နာရီ ဝန်းကျင် အထိ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲက ရွာနားလေးမှာပဲ ဖြစ်တယ်။ တိုက်ပွဲငြိမ်ပြီးတဲ့ နောက်မှာ စစ်တပ်က တစ်ဖက်သတ် ရမ်းပစ်တာ။ ရွာကလူတွေကို ထိမထိတော့ အခုထိ မကြားမိသေးဘူး” လို့ တုန်ခံရွာနေ အမျိုးသား တစ်ဦးက ပြောပါတယ်။

TNLA ဘက်ကတော့ စစ်ကောင်စီ ယာဉ်တန်း ချုံခိုတိုက်ခိုက်မှုနဲ့ စစ်ကောင်စီဘက်က သေဆုံးမှုကို တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့ကလည်း TNLA တပ်ရှိရာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ယာဉ်တန်းကို TNLA က ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ တုန်ခံရွာ အနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ် ၂ ဦး သေဆုံးခဲ့ပါတယ်။

CJ-014

#MekongNews

#မူဆယ်

#TNLA

#မုံးကိုးမြို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now