မြန်မာ့နွေဦး

မူဆယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးရ

မဲခေါင် 19 Sep - 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မူဆယ်-နမ့်ခမ်း လမ်းမကြီးဘေး၊ စယ်လန့်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA တို့ ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေလို့ လူ ၁,၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မူဆယ်-နမ့်ခမ်း လမ်းမကြီးဘေး၊ စယ်လန့်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA တို့ ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေလို့ လူ ၁,၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စယ်လန့်ကျေးရွာအုပ်စု၊ ဆိုင်းခေါင်ရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၇ ရက်နေ့မှာ TNLA တပ်ရှိရာ လွယ်တေမှိုင်းတောင်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီးနောက် မနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်မှာ စစ်ကောင်စီတပ်နဲ့ TNLA မိုင်းဆတ်ကျေးရွာအနီး တောင်ကုန်းမှာ တိုက်ပွဲစတင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲဟာ ဒီကနေ့ ညနေ ၅ နာရီအထိ ဖြစ်ပွားနေဆဲ ဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေပေမယ့် ထိခိုက် သေဆုံးမှုတွေကိုတော့ မသိရသေးဘူးလို့ တိုက်ပွဲအနီးက ကျေးရွာအတွင်း ကျန်ရှိနေတဲ့ ရွာခံ တစ်ဦးက ပြောပါတယ်။

“အခုထိ အပြန်အလှန် ပစ်ခတ်နေတုန်းဘဲ။ ရွာထဲ ဖြစ်နေတာတော့ မဟုတ်ဘူး။ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်နေတာ” သူက ဒီကနေ့ ညနေ ၅ နာရီမှာ မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်က မန်ကန်ရွာထဲ လက်နက်ကြီး ၂ လုံး အပါအ၀င် လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ မန်ကန်ရွာနေ အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦး ထိမှန် ဒဏ်ရာ ရရှိခဲ့ပါတယ်။

“စစ်တပ်က တိုက်ပွဲဖြစ်တဲ့နေရာ မဟုတ်ဘဲနဲ့ မန်ကန်ရွာထဲ ပစ်လာတာ။ ရွာခံတွေလည်း ပြေးဖို့ လုပ်နေတော့ အန်တီ တစ်ယောက်ရဲ့ ပေါင်မှာ သေနတ်ထိပြီး လူမှုကူညီရေးအသင်းတွေ ခေါ်သွားပြီ။ ဘုန်းကြီးကျောင်း နားမှာလည်း လက်နက်ကြီး ၂ လုံးကျတယ်၊ တစ်လုံးက မပေါက်သေးဘူး” လို့ မန်ကန်ရွာခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

တိုက်ပွဲအနီးက နမ့်ကတ်‌ကျေးရွာအုပ်စု မန်ကန်ရွာ၊ မိုင်းဆတ်ရွာ၊ ပန်ဟုပ်ရွာနဲ့ နမ့်ကတ်ရွာက ရွာခံ ၅၀၀ ကျော်ဟာ မူဆယ်-နမ့်ခမ်းလမ်းမကြီးဘေးက တုန်ခွမ်ရွာနဲ့ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာတွေထဲ မနေ့ပ ညတွင်းချင်း တိမ်းရှောင်ခဲ့ရသလို စယ်လန့်ကျေးရွာနေ လူ ၅၀၀ ကျော်ဟာ နီးစပ်ရာ ဆွေမျိုးတွေထံ တိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိ စစ်ရှောင်တွေကို တုန်ခွမ်ရွာနဲ့ ကောင်းတပ်ရွာတွေက စားဝတ်နေရေး တာဝန်ယူထားပြီး လူဦးရေ များပြားလို့ မိုးကာတဲနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့ တုန်ခွမ်ရွာမှာ တိမ်းရှောင်နေသူတွေက ပြောပါတယ်။

“ရွာခံတွေက အခုထိ ဆက်တိုက် လာနေတုန်းပဲ။ ဒီရွာက ဇရပ်နဲ့ နေအိမ်တွေ ပြည့်နေပြီ။ နေရာတွေ အခက်ခဲ ဖြစ်နေတယ်။ ထမင်း၊ ဟင်းတွေလည်း ဒီရွာက လူတွေပဲ စုဆောင်းပြီး ချက်ကျွေးနေတော့ ရေရှည်ဆိုရင် အဆင်မပြေဘူး။ ကူညီမယ့်သူတွေ လိုတာပေါ့” သူက ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့က မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နဲ့ ၅ မိုင်ခန့်သာ ကွာဝေးတဲ့ ဝိန်းနန်းကျေးရွာက TNLA စစ်ကြောင်းကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်း တိုက်ခိုက်ခဲ့လို့ တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ TNLA ယ်လန့်ကျေးရွာအုပ်စု အနီးမှာ တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်တပ်စခန်းတွေကို TNLA က တန်ပြန် သိမ်းပိုက်ဖို့ ကြိုးစားခဲ့ရာက ဒေသခံ ထောင်ချီ မူဆယ်မြို့ပေါ်မှာ တစ်လကြာ တိမ်းရှောင်ခဲ့ရပါတယ်။

CJ-014

#MeKongNews

#မူဆယ်

#TNLA

#ပြည်သူ့စစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now