မဲခေါင်၊ စက်တင်ဘာ ၁
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ နိုင်ငံတကာက တားမြစ်ထားတဲ့ ကလက်စတာဗုံးတွေအသုံးပြုပြီး သတ်ဖြတ်နေတာကြောင့် စစ်ကောင်စီတပ်ကို ရှုတ်ချကြောင်း နိုင်ငံတကာလူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့တွေက ပူးတွဲထုတ်ပြန်ပါတယ်။
ကလက်စတာဗုံးဆိုတာ အမြောက်၊ ဒုံးကျည်၊ လေယာဉ်ပေါ်တွေကနေ ပစ်လွှတ်နိုင်ပြီး ပစ်မှတ်မြေပြင်ပေါ်မကျမီ ဒါဇင်ပေါင်းများစွာ၊ ရာပေါင်းများစွာသော ခဲယမ်းတွေ ခွဲထွက်လို့ ကျယ်ပြန့်တဲ့ ဧရိယာအတွင်း ကျရောက်ပေါက်ကွဲ ပျက်ဆီးစေတဲ့ ဗုံးဆံတွေကို ဆိုလိုတာဖြစ်ပါတယ်။
အဲ့ဒီကလက်စတာ ဗုံးဒဏ်ခံရသူဟာ ချက်ချင်းမသေဆုံးခဲ့ရင်တောင် နာတာရှည်ဖြစ်ပြီးနောက်မှ သေဆုံးနိုင်တဲ့ လက်နက်ဖြစ်လို့ ၂၀၀၈ ခုနှစ်မှာ နိုင်ငံပေါင်း ၁၁၂ နိုင်ငံက ဒီလို လက်နက်အမျိုးအစား ၁၂ မျိုးကို ပိတ်ပင်ကြောင်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းပြီးနောက် ဒီလို ကလက်စတာဗုံးတွေကို စစ်ကောင်စီက မကြာခဏ အသုံးပြုနေပြီး အရပ်သားလူနေရွာတွေကို ကြဲချနေခဲ့ရာမှာ ဇွန်လအတွင်းက ပိုမို အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။
ဒီလုပ်ရပ်ဟာ နိုင်ငံတကာ ကွန်ဗန်းရှင်းသဘောတူညီချက်ကို ဖောက်ဖျက်တာဖြစ်လို့ ပြင်းပြင်းထန် ထန်ရှုတ်ချကြောင်းနဲ့ ကလက်စတာဗုံးအသုံးပြုမှုကို ချက်ချင်းရပ်တန်ဖို့ ကလက်စတာခဲယမ်းကာကွယ်ရေး မဟာမိတ်အဖွဲ့ Cluster Munition Coalition(CMC) ရဲ့ သုတေသီ ဒေါက်တာယက်စ်ဝှာမိုဆာ ပရန်ဆူဝမ်က ရှင်း လင်းပြောကြားသွားပါတယ်။
CMC ဟာ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်းများစွာက လူ့အခွင့်အရေးအဖွဲ့တွေပူးပေါင်း ထူထောင်ထားတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၀၈ ခုနှစ်က ကလက်စတာ ဗုံးအသုံးမပြုရေး နိုင်ငံတကာ ကွန်ဗန်းရှင်းမှာ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိသလို ၂၀၁၉ နိုဝင်ဘာလတုန်းကလည်း လက်မှတ်ထိုးဖို့အရေးဟာ ပြည်တွင်း ငြိမ်းချမ်းမှုရပြီးမှ ဖြစ်နိုင် မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
Ref: ucanews
MKF-001
#MeKongNews
#ကလက်စတာ
#စစ်ကောင်စီ
#တားမြစ်
#နိုင်ငံတကာ
#လူ့အခွင့်အရေး








