မြန်မာ့နွေဦး

NUG ပေးတဲ့ ဒရုန်းတွေ မရဘူးလို့ NPDF တပ်ဖွဲ့ ခေါင်းဆောင်ပြော

မဲခေါင် 24 Aug - 2023
မဲခေါင်၊ သြဂုတ် ၂၄ NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန-MOD ကနေ ချပေးတဲ့ ဒရုန်း ၄၀၀ ကျော် ဖြန့်ဝေရာမှာ ဒေသခံ ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ တချို့တွေဆီ မရောက်ခဲ့တဲ့ အထဲမှာ National People Defence Force-Yinmarbin-NPDF ပါဝင်တယ်လို့ တပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

မဲခေါင်၊ သြဂုတ် ၂၄

NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန-MOD ကနေ ချပေးတဲ့ ဒရုန်း ၄၀၀ ကျော် ဖြန့်ဝေရာမှာ ဒေသခံ ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ တချို့တွေဆီ မရောက်ခဲ့တဲ့ အထဲမှာ National People Defence Force-Yinmarbin-NPDF ပါဝင်တယ်လို့ တပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကိုယ်စားပြု NPDF ဒေသခံ ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီးနောက် ပြောက်ကျားစနစ်နဲ့ စစ်ကောင်စီကို ချေမှုန်းနေတာပါ။

“NUG ကနေ ချပေးတဲ့ ဒရုန်းတွေ ဆိုတာက ဈေးအနေနဲ့ ဆိုရင် ကျပ်သိန်း ၂၀၀ ကျော်လောက်ရှိမယ်။ အဲဒီ အတွက် ကျွန်တော်တို့ ကြိုးစားကြည့်တယ်။ သူတို့ဘက် အနေနဲ့ကလည်း ခက်ခဲပေါင်းစုံလည်း ရှိတာပေါ့။ အဲဒါတွေကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် မြေပြင်မှာ ဒီဒရုန်းစစ်ဆင်ရေးက ပိုပိုပြီး အားကောင်းလာတဲ့ အတွက် ဒီလိုမျိုးဒရုန်းတွေကို Local ဒေသခံ ပြောက်ကျားတပ်ဖွဲ့ တော်တော်များများဆီကိုလည်း ရောက်ခဲ့ရင် ပိုကောင်းတာပေါ့” NPDF တာဝန်ခံ ဗိုလ်သူရိန်က ပြောပါတယ်။

၄င်းတို့ အနေနဲ့ တပ်ဖွဲ့ တည်ထောင်ပြီး လပိုင်းအကြာမှာ ကျေးရွာ တစ်ရွာက ထွက်လာတဲ့ စစ်ကား ၂ စီးကို ချိုမိုင်မိုင် မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိစေခဲ့တဲ့ တိုက်ပွဲနဲ့ တော်လှန်ရေး စတင်ခဲ့တာလို့ ဆိုပါတယ်။

တော်လှန်ရေး ကြာမြင့်လာတာနဲ့အမျှ အာဏာကိုသုံးပြီး လွှမ်းမိုးလိုမှုနဲ့ နေရာတစ်ခု ရရှိလာတဲ့အခါ ခြယ်လှယ်လာ သလို ပြည်သူလှူဒါန်းတဲ့ ငွေကြေးတွေကို မက်မောပြီး သာယာလာတာတွေ မြေပြင်မှာ ဖြစ်ပေါ်နေတယ်လို့ Yinmarbin-NPDF ဒေသခံ ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

“ဒီလိုမျိုး အခြေအနေတွေကို အကောင်းဆုံး အချိန်မီ ဖြေရှင်းပေးနိင်မယ်ဆိုရင် ပိုမိုထိရောက်လာလိမ့်မယ်လို့ မြင်မိပါတယ်။ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောထားတဲ့ စကားလေးကို ကိုးကားပြီး ပြောချင်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ တိုင်းပြည်အတွက် အသက်ပေးလှူထားရတယ် ဆိုပြီး မိမိအသက်ထက် ပြည်သူကို ပိုမိုလေးစားသင့်ကြောင်းပေါ့” လို့ သူက ဆိုပါတယ်။

လက်ရှိ တော်လှန်ရေး မြေပြင် အခြေအနေအရ NUG အနေနဲ့ ဒရုန်းတွေ ပံ့ပိုးပေးပါက စစ်ကောင်စီတပ်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ပြီး ကျေးရွာတွေ မီးရှို့ခံနေရတာကို ပိုမို ဟန့်တားနိုင်မှာ ဖြစ်လို့ ဒရုန်းတွေ ပံ့ပိုးပေးဖို့ သူက တိုက်တွန်း တောင်းဆိုထားပါတယ်။

CJ – 005

#ပြောက်ကျား

#NPDF

#National People Defence Force-

#ဒရုန်း

#NUG

#MOD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now