မြန်မာ့နွေဦး

စစ်ရှောင်ပညာရေးအတွက် မှီခိုရာအဖြစ် တည်ရှိပေးနေတဲ့ Drop of Change သင်တန်းကျောင်း

မဲခေါင် 20 Aug - 2023
မဲခေါင်၊ ဩဂုတ် ၂၀ စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော် ကာလအတွင်း နိုင်ငံအနှံ့ တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့ရာ တိုက်ပွဲ ဧရိယာ ကျယ်ပြန့်လာတာနဲ့အမျှ စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေ တနေ့တခြား တိုးပွားလာပါတယ်။

မဲခေါင်၊ ဩဂုတ် ၂၀

စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော် ကာလအတွင်း နိုင်ငံအနှံ့ တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့ရာ တိုက်ပွဲ ဧရိယာ ကျယ်ပြန့်လာတာနဲ့အမျှ စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေ တနေ့တခြား တိုးပွားလာပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ အခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ထိ အချက်အလက်တွေအရ တစ်နိုင်ငံလုံးမှာ စစ်ဘေးတိမ်းရှောင်ရသူ ၁ ဒဿမ ၉ သန်းကျော် ရှိနေပြီး အဲ့ဒီထဲမှာ ကရင်နီပြည်နယ်တွင်းက လူဦးရေ ၃ သိန်းကျော် ပါဝင်ပါတယ်။

တိုက်ပွဲတွေကြောင့် ကရင်နီပြည်နယ်ထဲက ကျောင်းတက်နေတဲ့ ဆယ်ကျော်သက် လူငယ်တွေ၊ အိမ်ထောင်ရှင် အမျိုးသမီးတွေဟာ စစ်ဘေးတိမ်းရှောင်ရင်း အလုပ်လက်မဲ့ဖြစ်ကာ ရှင်သန်ရပ်တည်ရေး အတွက်ပါ မျှော်လင့်ချက် မဲ့လာကြရပါတယ်။

အာဏာရှင်ကို တော်လှန်ရင်း လက်နက်ကိုင် တိုက်ပွဲတွေ စတင်လာချိန်မှာ လွတ်မြောက် နယ်မြေကို ပုံစံမျိုးစုံနဲ့ ရောက်လာကြတဲ့ လူငယ်တွေ အပါအဝင် အလုပ်အကိုင် မရှိတော့သူတွေ အတွက် စစ်ရှောင် စခန်းတွေမှာ လာရောက် ဖွင့်လှစ်ကြတဲ့ အသက်မွေးမှုဆိုင်ရာ သင်တန်းကျောင်းတွေက အားကိုးစရာ ဖြစ်ခဲ့ရတာပါ။

Drop Of Change ဟာလည်း စစ်ရှောင်စခန်းတွေနဲ့ စစ်ရှောင်တွေရှိတဲ့ ကျေးရွာတွေ အထိ သွားရောက်ဖွင့်လှစ်တဲ့ သင်တန်းကျောင်း တစ်ခု ဖြစ်ပါတယ်။

DOC သင်တန်းကျောင်းမှာ ကွန်ပျူတာ အခြေခံ၊ စက်ချုပ်၊ အင်္ဂလိပ်စာ စကားပြော၊ ကိုရီးယားစာ စကားပြော၊ ဆပ်ပြာဆီ ပြုလုပ်နည်း သင်တန်း၊ ချည်ထိုးပန်းထိုး၊ ဂစ်တာတီး၊ Politics၊ Leadership၊ Learning Skills နဲ့ Personal Development တွေကို သင်ကြားပေးနေတယ်လို့ သိရပါတယ်။

“တော်လှန်ရေးကြောင့် ဘဝပျောက်ဆုံးနေသူများ၊ ပြောစရာစကားလုံး မဲ့နေသူများ အတွက် စကားလက်ဆုံကျဖို့ ရင်တွင်း ခံစားချက်တွေကို တစ်ယောက်တည်း ကြိုးစား ဖြေဖျောက်စရာ မလိုဘဲ စိတ်အပန်းဖြေစရာလေး တစ်ခု အဖြစ် ဖန်တီးပေးဖြစ်တယ်” ဆိုတာကို တည်ထောင်သူတွေထဲမှာ ပါဝင်ခဲ့သူ တစ်ဦးက ရှင်းပြပါတယ်။

ဒါ့အပြင် လက်တွေ့ဆန်တဲ့ လက်မှုပညာ၊ ချက်ချင်းပြန် အသုံးချနိုင်တဲ့ ဝင်ငွေတစ်ခု အမြန်ဆုံးဖန်တီးဖို့၊ လက်တွေ့ကျတဲ့ ပညာရပ်တွေနဲ့ တော်လှန်ရေးမှာ ပါဝင်နိုင်ဖို့ အချိန်တိုတိုနဲ့ ထိထိရောက်ရောက် သင်ယူနိုင်ဖို့ လက်ရှိ စီးပွားရေး အခြေအနေအရ အခမဲ့ ပညာရေး အတွက် ဦးတည်ပြီး ရက် ၄၀ အတွင်း တတ်မြောက်အောင် သင်ကြားပေးဖို့ ရည်ရွယ်တယ် လို့လည်း သူက ဆက်ပြောပါတယ်။

အရပ်ဘက် လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ DOC ကိုယ်ထူကိုယ်ထ အခမဲ့ လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းဟာ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

တစ်နှစ်အတွင်းမှာ သင်တန်း အပတ်စဉ် ၁၀ ခုအထိ ပြီးမြောက်အောင် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ရာ သင်တန်းသား ဦးရေ ၂,၀၀၀ ကျော် တက်ရောက် သင်ကြားထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းသားတွေထဲမှာ အမျိုးသမီး ၆၅ ရာခိုင်နှုန်း ပါဝင်ပြီး အသက် ၁၈ အထက် အမျိုးသမီး အများစုက စက်ချုပ်၊ ချည်ထိုးပန်းထိုး တာတွေ စိတ်ဝင်တစား သင်ယူကြပြီး ကွန်ပျူတာ အခြေခံ၊ အင်္ဂလိပ်စာ စကားပြော သင်တန်းတွေမှာတော့ လူဦးရေ အများစု တက်ရောက်ကြတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင် ကျောင်းသားတွေ အတွက် တစ်ခုတည်းသော စိတ်ဖြေစရာ ဂီတသင်တန်းကိုလည်း တက်ရောက်သူ များပြားတယ်လို့ ဆိုပါတယ်။

လက်နက်ကြီးသံတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေကြားထဲမှာ သင်တန်းသား ၉၅ ရာခိုင်နှုန်းဟာ သင်တန်း ပြီးဆုံးတဲ့အထိ သင်ယူခဲ့ကြတယ်လို့ သင်တန်းကျောင်းရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“သင်တန်း တစ်ပတ်ပြီးတိုင်း ကြားရတဲ့စကား ရှိပါတယ်။ သူတို့ ဒီသင်တန်း မတိုင်ခင် မတက်ရခင် အချိန်က သူတို့ အနာဂတ် ပျောက်နေတာ၊ အခုမှ ဘာလုပ်ရမယ် ဆိုတာကို ပြန်သတိရတယ်ဆိုတဲ့ စကားပါ။ သူတို့အခုမှ ပြန်အသက်ဝင်လာတယ်လို့ များသောအားဖြင့် ပြောပါတယ်။ ဘာလုပ်ရမှန်း မသိဘူး၊ လုပ်စရာ မရှိတော့ဘူးလို့ ထင်ခဲ့တယ်ဆိုတဲ့ စကားတွေ ကြားရပါတယ်” လို့ သင်တန်းဆရာ တစ်ဦးက ပြောပါတယ်။

သင်တန်းကျောင်းမှာ ကွန်ပျူတာ အခြေခံ သင်ယူထားတဲ့ သင်တန်းသားတွေဟာ ကရင်နီပြည်နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေ အတွက် ရုံးပိုင်းမှာ ပြန်လည် ကူညီနေကြတာတွေလည်း ရှိပါတယ်။

အိမ်ထောင်ရှင် အမျိုးသမီးတွေကလည်း ဆပ်ပြာအဆီ၊ မျက်နှာသစ်ဆပ်ပြာတွေ ကိုယ်ပိုင်ပြုလုပ် ရောင်းချသူတွေ၊ စက်ချုပ် သင်တန်းဆင်းတွေကလည်း နီးစပ်ရာက အပ်ထည်တွေကို ချုပ်ပေးတာ၊ တော်လှန်ရေးတပ်ဖွဲ့ အတွက် လိုအပ်တာတွေကို ချုပ်လုပ်ပေးတာတွေမှာ ပြန်လည် အသုံးချနေတယ်လို့ သိရပါတယ်။

DOC မှာ အင်္ဂလိပ်စကားပြောလေ့လာပြီး မလေးရှား၊ စင်္ကာပူ စတဲ့ နိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင် သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်ရဲ့ နယ်မြေအနေထားအရ အလုပ်အကိုင် ဖန်တီးနိုင်ဖို့အတွက် တွင်ကျယ်မှု မရှိပေမယ့်လည်း တပိုင်တနိုင် မိသားစု ထွက်ငွေကိုတော့ လျှော့ချပေးနိုင်ပြီး ဒီအကျိုးရလဒ်တွေ အတွက်လည်း သင်တန်းကျောင်း အပေါ် ကျေနပ်တယ်လို့ DOC ရဲ့ အထွေထွေ အတွင်းရေးမှူးက အခုလို ပြောပါတယ်။

“ကျေနပ်အားရမှုက မျှော်မှန်းထားတာထက်ရှိလို့ အခက်ခဲပေါင်း မြောက်များစွာထဲကနေ ဒီသင်တန်းကို ရှေ့ဆက်နေတာပါ။ DOC ရဲ့ သင်ခန်းစာတွေ များသောအားဖြင့်က လက်တွေ့ အသုံးချရတာများလို့ ရက် ၄၀ ပြီးတိုင်း သင်တန်းသားတွေရဲ့ တတ်မြောက်မှုတွေက သက်သေ ဖြစ်လာတဲ့အပြင် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ တွေကိုလည်း အတိုင်းအတာ တစ်ခုထိ ကုသပေးနိုင်လာတဲ့ အကြံပြုချက်တွေကိုလည်း ပြန်လည်ရရှိပါတယ်” လို့ သူကဆိုပါတယ်။

လက်ရှိ DOC သင်တန်းကျောင်းရဲ့ အပတ်စဉ် ၁၁ ကို ဆက်လက် သင်ကြားပေးနေပြီး ရှေ့ဆက်ပြီးတော့ သင်တန်းကျောင်းခွဲတွေ တိုးချဲ့ဖွင့်လှစ်ဖို့ အတွက် ကြိုးစား ပြင်ဆင်နေတယ်လို့ သိရပါတယ်။

DOC ကျောင်းကို စတင်တည်‌ထောင်ခဲ့တဲ့ လူငယ်တွေဟာ ကိုယ်ပိုင်ငွေကြေး၊ အသိမိတ်ဆွေ တစ်ဦးချင်း၊ အလှူရှင်တွေနဲ့ ပရဟိတအသင်းအဖွဲ့တွေက ကူညီပေးတာနဲ့ ကိုယ်ထူကိုယ်ထ ရပ်တည်နေတယ်လို့ သိရပါတယ်။

အခမဲ့ သင်တန်းကျောင်း ဖြစ်တာကြောင့် ပညာသင်စရိတ် အားလုံး တစ်ပြားတစ်ချပ်မှ ပေးစရာ မလိုတဲ့ အပြင် ကျေးရွာ မီးရှို့ခံထားရတာကြောင့် နေရပ် မပြန်နိုင်တဲ့ စစ်ရှောင် လူငယ်တွေနဲ့ တိုက်ပွဲ စတင်ချိန် ကတည်းက နေရပ်စွန့်ခွာပြီး စားဝတ်နေရေး ခက်ခဲသူတွေကို ပညာသင်စရိတ် အပြင် နေဖို့၊ စားဖို့ပါ တာဝန်ယူပေးထားတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း လက်ရှိကာလမှာ သင်တန်းကျောင်း ရှေ့ဆက် ရပ်တည်နိုင်ဖို့ အတွက် ဆန်၊ ကုန်ခြောက် တွေ အပါအဝင် သင်ထောက်ကူ ပစ္စည်းတွေ အတွက် ရန်ပုံငွေတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

MK-009

#MekongNews

#ကရင်နီပြည်

#Drop_of_Change

#စစ်ဘေးရှောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now