မြန်မာ့နွေဦး

ရန်ကုန်မြို့မှာ စစ်ကောင်စီရဲ့ အိမ်တံခါးတွေခေါက်ဖို့ စေလွှတ်လိုက်ပြီလို့ ရန်ကုန်တိုင်း စစ်ဒေသ တာဝန်ခံ သတိပေး

မဲခေါင် 10 Aug - 2023
မဲခေါင်၊ သြဂုတ် ၁၀ ရန်ကုန်တိုင်း စစ်ဒေသ တော်လှန်ရေး အဖွဲ့တွေဟာ ရန်ကုန်မြို့နဲ့ အနီးစပ်ဆုံးမှာ ရှိနေပြီဖြစ်လို့ စစ်ကောင်စီရဲ့ အိမ်တံခါးတွေ ခေါက်ဖို့ စစ်ဆင်ရေး ရဲဘော်တွေကို စေလွှတ်လိုက်ပြီလို့ ရန်ကုန်တိုင်း စစ်ဒေသ စစ်ဆင်ရေး တာဝန်ခံ ရဲဘော်ဒေဝ က ဒီကနေ့ သတိပေး ပြောဆိုလိုက်ပါတယ်။

မဲခေါင်၊ သြဂုတ် ၁၀

ရန်ကုန်တိုင်း စစ်ဒေသ တော်လှန်ရေး အဖွဲ့တွေဟာ ရန်ကုန်မြို့နဲ့ အနီးစပ်ဆုံးမှာ ရှိနေပြီဖြစ်လို့ စစ်ကောင်စီရဲ့ အိမ်တံခါးတွေ ခေါက်ဖို့ စစ်ဆင်ရေး ရဲဘော်တွေကို စေလွှတ်လိုက်ပြီလို့ ရန်ကုန်တိုင်း စစ်ဒေသ စစ်ဆင်ရေး တာဝန်ခံ ရဲဘော်ဒေဝ က ဒီကနေ့ သတိပေး ပြောဆိုလိုက်ပါတယ်။

ရန်ကုန်တိုင်း စစ်ဒေသ တော်လှန်ရေး စစ်သည်တော်တွေကို အတွေ့အကြုံရှိ မြို့ပြပြောက်ကျား ရဲဘော်များ၊ တောတွင်း ကျေးလက် စစ်ဆင်ရေး အတွေ့အကြုံရှိ ရဲဘော်များနဲ့ စုဖွဲ့ထားပြီး တိုင်းရင်းသား မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး စစ်ဒေသခွဲ ကွပ်ကဲမှု အသီးသီးရဲ့ ဦးဆောင်မှုနဲ့ စစ်ဆင်ရေးတွေ စနေပြီလို့ သူကဆိုပါတယ်။

“သေချာတာ တစ်ခုကတော့ ကျွန်တော်တို့ အကုန်လုံးက ရန်ကုန်နဲ့ အနီးစပ်ဆုံးမှာ ရှိတယ်။ အချိန်မရွေး သူတို့ရဲ့ အိမ်တံခါးကို ပြန်ခေါက်နိုင်ပြီ။ သူတို့ လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ် သွားရဲလို့လား။ မသွားရဲဘူးလေ။ ဒါမျိုးတွေထိကို လှုပ်ရှား ဆောင်ရွက်ဖို့ ကျွန်တော်တို့ လွှတ်လိုက်ပြီ” လို့ သူကပြောပါတယ်။

လက်ရှိ တန်ပြန်ထိုးစစ် ဆင်နိုင်တဲ့ အနေအထား ဖြစ်လာပြီး စစ်ကောင်စီဘက်က ပစ်ပြေးဘဝ ပြန်ရောက်သွားတဲ့ အနေအထားလို့ ရဲဘော်ဒေဝက ဆိုပါတယ်။

“အခုဆိုရင် သူတို့တွေ ပစ်ပြေးအဆင့်ကို ပြန်ရောက်လာပြီ။ ကျွန်တော်တို့ကို ပြောတော့ ပစ်ပြေးတဲ့။ သူတို့ကမှ အခု ပစ်ပြေး ဖြစ်ပြီ။ ဟိုမှာ ပစ်လိုက် ပြေးလိုက်၊ ဒီနား ပစ်လိုက် ပြေးလိုက်နဲ့ သူတို့မှာလည်း မလုံခြုံမှုကို ခံစားနေရတဲ့ အနေအထား အထိကို ရောက်လာပြီ။ ဆိုတော့ သူတို့ရဲ့ ထိုးစစ်ကနေ တန်ပြန်ထိုးစစ် အနေအထား အထိကို ကျွန်တော်တို့ ပြောင်းလဲလိုက်ပြီ ဆိုတဲ့ အနေအထား တစ်ခုကို ကျွန်တော်တို့ ရောက်လာကြပြီဗျာ” လို့ သူက ပြောပါတယ်။

တော်လှန်ရေး ရဲဘော်တွေဟာ လူငယ်တွေ ဖြစ်တာနဲ့အညီ အိမ်လွမ်းစိတ် ပြန်ချင်စိတ်တွေနဲ့ စစ်အာဏာရှင်ကို တော်လှန်နေတာဖြစ်ပြီး တိုက်ပွဲတစ်ခု အောင်မြင်ဖို့ နောက်ကွယ်က ပေးဆပ် စွန့်လွှတ်ရမှုများစွာ ကြားက အပြုံး မပျက်ကြဘဲ ကြောက်ရွံ့တုန်လှုပ် နောက်ဆုတ်မယ့် စိတ်ဓာတ် မရှိကြောင်း ဆိုပါတယ်။

“မစ်ရှင်တွေကို အောင်မြင်အောင် ဆောင်ရွက်တာ ရှိသလိုပဲ တစ်ဖက်မှာလည်း ကျွန်တော်တို့ ထိခိုက်မှုတွေ ဆုံးရှုံးမှုတွေ အများကြီးပဲ။ အောင်မြင်တဲ့ မစ်ရှင် တစ်ခုရဲ့နောက်ကွယ်မှာ ပေးဆပ် စွန့်လွှတ်ရမှုတွေ အများကြီးပဲ။ ကျွန်တော်တို့ ဒဏ်ရာရတယ်။ ကျွန်တော်တို့ လက်မထောင်နေတုန်းပဲ။ အဆုံးထိ သွားမယ်ဆိုတဲ့ စိတ်ဓာတ် တွေနဲ့လည်း ကျွန်တော်တို့ ရဲဘော်တွေ လာတယ်။ ဘယ်တော့မှ နောက်ပြန်လှည့်သွားတာတွေ ကြောက်ရွံ့ တုန်လှုပ်သွားတာတွေ ခုချိန်ထိ ကျွန်တော်တို့ဆီမှာ မတွေ့မိသေးဘူး” လို့ သူကပြောဆိုပါတယ်။

လက်ရှိ တော်လှန်ရေးဟာ ဈေးကြီးပြီး ရဲဘော်တွေရဲ့ ကိုယ်လက် အသက်တွေ ပေးဆပ်နေရကြောင်း ခဲယမ်းကျည်နဲ့ ငွေတွေဟာ သုံးရင် ကုန်သလို တိုက်ပွဲ တစ်ပွဲမှာ ထိုက်သင့်တဲ့ အောင်မြင်မှုရဖို့ ကုန်ကျမှုနဲ့ ပေးဆပ်မှု လိုအပ်တာကြောင့် လက်ရှိ ပြည်သူတွေရဲ့ ထောက်ပို့ အင်အား အရှိန်မလျော့ သွားတဲ့အတွက် သေချာတာကတော့ “ကျွန်တော်တို့ ရန်ကုန်မှာ ပြန်ဆုံကြမယ်” လို့ သူက ဆိုပါတယ်။

CJ-005

#Mekongnews

#ရန်ကုန်မှာပြန်ဆုံ

#အိမ်ပြန်ချိန်

#ရဲဘော်ဒေဝ

#ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်

#ရန်ကုန်မြို့ပြ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now