ဒေသတွင်းသတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက အရပ်သား သတ်ဖြတ်မှုတွေကို စစ်တပ် လုပ်ကြံဖုံးကွယ်

မဲခေါင် 9 Aug - 2023
မဲခေါင်၊ ဩဂုတ် ၉ အာဏာသိမ်းထားတဲ့ စစ်ကောင်စီတပ်က ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အရပ်သား သတ်ဖြတ်မှုတွေကို လုပ်ကြံ ဖုံးကွယ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့-SHRF က မနေ့ ဩဂုတ်လ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဩဂုတ် ၉

အာဏာသိမ်းထားတဲ့ စစ်ကောင်စီတပ်က ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အရပ်သား သတ်ဖြတ်မှုတွေကို လုပ်ကြံ ဖုံးကွယ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့-SHRF က မနေ့ ဩဂုတ်လ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရှမ်းမြောက်ပိုင်း မူဆယ်မြို့နယ် ဒေသခံ အရပ်သားတွေဖြစ်တဲ့ ကိုတူးဂျာ ၂၅ နှစ်၊ ကိုဘရန်အောင် ၂၇ နှစ်နဲ့ ဦးအိုက်လော ၄၀ နှစ်တို့ရဲ့ ရုပ်အလောင်းတွေကို TNLA တပ်ဖွဲ့ ယူနီဖောင်းတွေ ဝတ်ဆင်ပေးပြီး လူမှုကွန်ရက်မှာ TNLA တပ်သား ၃ ဦး အသေဖမ်းမိခဲ့တယ်လို့ ဖော်ပြခဲ့ကြောင်း SHRF က ဆိုပါတယ်။

အဆိုပါ အရပ်သား ၃ ဦးထဲက ဦးအိုက်လော ဟာ စစ်ကောင်စီတပ်က ဆိုင်းခေါင်ကျေးရွာကို လေကြောင်း တိုက်ခိုက်စဥ် သေဆုံးခဲ့တာဖြစ်ပြီး ကိုတူးဂျာနဲ့ ကိုဘရန်အောင် တို့ကိုတော့ စစ်တပ်က ရိုက်နှက် နှိပ်စက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ သိရပါတယ်။

ဆိုင်းခေါင်ရွာကို လက်နက်ကြီး ပစ်ခတ်ပြီး လေကြောင်းက တိုက်ခိုက်လို့ သေဆုံးခဲ့တဲ့ ဦးအိုက်လော ရဲ့ ရုပ်အလောင်းကို စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ရောက်လုယူပြီး TNLA ဝတ်စုံ ဝတ်ဆင်ပေးခဲ့တာကို TNLA သတင်းနဲ့ပြန်ကြားရေးဌာနက ဇူလိုင် ၂၇ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ရှမ်းပြည်နယ်အတွင်း အရပ်သား သတ်ဖြတ်မှုတွေ အပြင် အုပ်စုဖွဲ့ အဓမ္မကျင့်မှုတွေကိုလည်း ကျူးလွန်ခဲ့တယ်လို့ SHRF က ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

အခုနှစ် ဇူလိုင်လ ၃၀ ရက်မှာ ကွတ်ခိုင်မြို့နယ်၊ ဆွန်လုံကျေးရွာကို ဝင်ရောက်ပြီး ကိုယ်ဝန် ၃ လရှိနေတဲ့ အသက် ၂၀ နှစ်အရွယ် နန်းလောဝ် (အမည်လွဲ) ကို စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားပြီး ရင်သားကို ဆုပ်နယ်တာ၊ အမျိုးသမီး အင်္ဂါကို မဖွယ်မရာ ပြုလုပ်တာတွေ ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြား စစ်ကောင်စီတပ်သား ၂ ဦးကလည်း ဆွန်လုံကျေးရွာထဲက ကလေး ၂ ဦး မိခင် နန်းထွေး (အမည်လွဲ) ကို တစ်လှည့်စီ အဓမ္မပြုကျင့်ခဲ့တယ်လို့ SHRF ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ ၎င်းတို့ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ အပါအဝင် အရပ်သား ပြည်သူ သတ်ဖြတ်မှု တွေ၊ အဓမ္မကျင့်မှုတွေနဲ့ ပတ်သက်ပြီး သတင်းထွက်ရင် ဒါမှမဟုတ် သတင်းမီဒီယာတွေကို ဖြေရင် ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်ဟာ စစ်တပ် အာဏာသိမ်းချိန် မတိုင်ခင် ကတည်းက ခေတ်အဆက်ဆက်မှာ အရပ်သား သေဆုံးတဲ့ ပစ်ခတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ဘေးရှောင်တွေ ရှိခဲ့တာလို့ SHRF က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

“အာဏာ မသိမ်းခင်ရော အာဏာသိမ်းပြီးရော ကျွန်မတို့ဆီမှာ သိပ်ပြီး မထူးခြားဘူးလို့ ထင်တယ်။ ဘယ်တုန်းကမှ ရှမ်းပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေက အကောင်းဘက်မှာ ရှိခဲ့တာ မဟုတ်ဘူး။ အာဏာ မသိမ်းခင်ကတော့ ထိန်းကျောင်းလို့ရတယ်။ အာဏာသိမ်းပြီးတဲ့ အခါမှာ ထိန်းကျောင်းလို့ မရတော့ဘူး။ ပြောဆိုလို့ မရဘူးပေါ့။ အဲ့လောက်ပဲ ကွာခြားသွားပါတယ်” လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ယိင်းလျန်းဟန် က ရှင်းပြပါတယ်။

အာဏာမသိမ်းခင် ကာလမှာ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲတွေ ဖြစ်ပေမယ့် လက်ရှိကာလမှာ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲတွေ ငြိမ်နေပြီး ရှမ်းပြည်နယ်တွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ကောင်စီက အများဆုံး ပြုလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ-NUG၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ အခုနှစ် ဩဂုတ်လ ၁ ရက်နေ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် ရှမ်းပြည်နယ်အတွင်းက အရပ်သား ၆၆ ဦး သေဆုံးထားတာ ဖြစ်ပါတယ်။

အခုလ ၂ ရက်နေ့ မနက်ပိုင်းမှာတော့ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာ၊ လွယ်တေးမိန်း တောင်ခြေမှာ ဖယ်ခုံ အခြေစိုက် စကခ (၇) လက်အောက်ခံ စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အဲ့ဒီနေ့လယ်က စတင်ပြီး ၁၀၅ မိုင် အခြေစိုက် စစ်တပ်က စယ်လန့်ရွာထဲကို လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၆ လုံး ပျက်စီးပြီး အသက် ၉ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အခြား အမျိုးသမီး တစ်ဦးတို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ လက်နက်ကြီး ဆက်တိုက် ပစ်ခတ်မှုကြောင့် စယ်လန့်ကျေးရွာ ဒေသခံတွေဟာ မူဆယ်၊ နမ့်ခမ်းမြို့ တွေက ဆွေမျိုးအိမ်တွေနဲ့ လွယ်တေးမိန်း ကမ္မဌာန်းကျောင်းဘက် ထွက်ပြေး တိမ်းရှောင် နေရပါတယ်။

ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်တွေမှာ ဇူလိုင် နောက်ဆုံးပတ်ကနေ ဩဂုတ်လ ပထမ တစ်ပတ် အတွင်း စစ်တပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ အတွင်း တရားလက်လွတ် သတ်ဖြတ်မှုနဲ့ အုပ်စုဖွဲ့ အဓမ္မကျင့်မှုတွေ အပါအဝင် လေကြောင်း ဗုံးကြဲမှုတွေကြောင့် ဒေသခံ ပြည်သူ ၅ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ရှမ်းမြောက်မှာသာမက ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ အရပ်သား သေဆုံးမှုတွေ ဆက်တိုက် ဖြစ်နေတယ်လို့ SHRF က ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်ကစပြီး လက်ရှိ ၂ နှစ်ကျော် နွေဦးတော်လှန်ရေး ကာလ အတွင်း ရှမ်းပြည်နယ်မှာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ အပါအဝင် ပြည်သူလူထု သေဆုံးသူ စုစုပေါင်း ၁၁၆ ဦး ရှိပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဩဂုတ်လ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

MK-009

#MekongNews

#ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်

#TNLA

#မူဆယ်မြို့နယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now