မဲခေါင်၊ ဇူလိုင် ၂၇
ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ အစူးချောင်းကျေးရွာ(အီစူခီး)နဲ့ ခေါ်ထီးခီးရွာ ကြားမှာ စစ်ကောင်စီ ခမရ (၄၀၅) စစ်ကြောင်းနဲ့ KNDO တပ်ရင်း ၂ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၂၃ ရက်နေ့၊ ညနေ ၅ နာရီမှာ ၅ မိနစ်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ တပ်ကြပ်ကြီး တစ်ဦး သေဆုံးပြီး ခဲယမ်းတွေ သိမ်းဆည်းရရှိ ခဲ့တယ်လို့ ဆိုပါတယ်။
ကေအဲန်ယူ တပ်မဟာ (၁)၊ ဘီးလင်းမြို့နယ်၊ မဲပလီ (မဲ့ပရေ့ခီး) ရှေ့တန်း အခြေပြု ဗျူဟာစခန်းမှာ အင်အား ၆၀ ကျော်ရှိ စစ်ကောင်စီတပ် ခမ၇ (၄၀၅) စစ်ကြောင်းနဲ့ တပ်မဟာ (၁) ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့-K.N.D.O တပ်ရင်း (၂) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
#Mekongnews
#ကော်သူးလေ
#KNDO
#ခမရ(၄၀၅)
#KNU








