မဲခေါင်၊ ဇူလိုင် ၂၇
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ အခြေစိုက်တဲ့ ကမ်းရိုးတန်းတိုင်းဒေသ စစ်ဌာနချုပ် (ကရခ) လက်အောက်ခံ တပ်မှ တပ်သားတစ်ဦး လက်နက်နဲ့တကွ မြိတ်ခရိုင် တပ်ရင်း(၁) ကို လာရောက် ပူးပေါင်းခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၂၆ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF၊ မြိတ်ခရိုင် တပ်ရင်း အမှတ် (၁) ကို လက်နက်နဲ့ တကွ ပြည်သူ့ဘက် ပူးပေါင်းလာတဲ့ တပ်ကြပ်ကြီးဦးကို ငွေကျပ် ၄၄ သိန်း ဂုဏ်ပြုချီးမြှင့် ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတပ်ကြပ်ကြီးဟာ MA 3 တစ်လက်၊ ကျည်ဘောက် ၂ ခု၊ 5.56 ကျည် ၃၁၇ တောင့်နဲ့ ပြည်သူ့ဘက် ရပ်တည် ပူးပေါင်းလာခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူ့ဘက်ကို ရပ်တည်ကူးပြောင်းလိုခြင်း ဒါမှမဟုတ် တပ်တွင်း သတင်းပေး ဖရဲသီး အဖြစ် ရပ်တည်လိုတဲ့ စစ်သားတွေ အနေနဲ့ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ တပ်ရင်းများ၊ စစ်ကြောင်းများနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များကို ဆက်သွယ်နိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန MOD က ဖိတ်ခေါ်ထားပါတယ်။
#Mekongnews
#မြိတ်ခရိုင်တပ်ရင်း(၁)
#ပြည်သူ့ရင်ခွင်
#တပ်ကြပ်ကြီး
#စစ်ကောင်စီ
#MA3








