မြန်မာ့နွေဦး

“ဒီလမ်းကြောင်းပို့ပါတယ်လို့ သတင်းထွက်သွားရင် အဲ့လမ်းကြောင်းကလူတွေ အကုန်ကြွကုန်လိမ့်မယ် ကိုယ့်လူ”

မဲခေါင် 23 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၃ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျဆင်းမှု၊ တရားဥပဒေ စိုးမိုးမှု မရှိတာတွေကြောင့် ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုနဲ့ ဓာတုဗေဒမူးယစ်ဆေး ထုတ်လုပ်မှု အဆမတန် မြင့်တက်လာပြီး လူငယ်တွေကြား သုံးစွဲမှု မြင့်တက်လာတယ်လို့ သတင်းရင်းမြစ်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၃

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျဆင်းမှု၊ တရားဥပဒေ စိုးမိုးမှု မရှိတာတွေကြောင့် ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုနဲ့ ဓာတုဗေဒမူးယစ်ဆေး ထုတ်လုပ်မှု အဆမတန် မြင့်တက်လာပြီး လူငယ်တွေကြား သုံးစွဲမှု မြင့်တက်လာတယ်လို့ သတင်းရင်းမြစ်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ အရပ်သား အစိုးရလက်ထက် ပြည်တွင်း စီးပွားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်လာတာကြောင့် အပင်အခြေပြု မူးယစ်ဆေး၀ါး ဖြစ်တဲ့ ဘိန်းပင်စိုက်ပျိုးမှု သိသိသာသာ ကျဆင်းခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဒေသခံတွေ ၀င်ငွေ မရှိကြတော့တဲ့ အတွက် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုတွေ ပြန်လည် မြင့်တက်လာတာပါ။

၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ တရားမဝင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အစီရင်ခံစာ ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ်မှာ ဘိန်းစိုက်ပျိုးမှုဟာ ဟက်တာ ၅၅၀၀၀၊ ၂၀၁၇ ခုနှစ်မှာ ဟက်တာ ၄၁၀၀၀၊ ၂၀၁၈ ခုနှစ်မှာ ဟက်တာ ၃၇၃၀၀ နဲ့ ၂၀၁၉ ခုနှစ်မှာ ဟတ်တာ ၃၃၁၀၀ အထိ ဆက်တိုက်ကျဆင်းသွားခဲ့တာပါ။

မူးယစ်ဆေး၀ါး ဈေးကွက်နဲ့ နီးစပ်သူ တစ်ဦး အဆိုအရ ၂၀၂၁ နှစ်ကုန်ပိုင်းကစပြီး ဘိန်းစိုက်ပျိုးမှုနဲ့ ဓာတုမူးယစ်ဆေး ထုတ်လုပ် ရောင်း၀ယ်မှုဟာ သိသိသာသာ မြင့်တက်လာတာခဲ့တာလို့ဆို ပါတယ်။

ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့အတူ ဓာတုဗေဒအခြေပြု မူးယစ်ဆေး၀ါး ထုတ်လုပ်မှုဟာလည်း သိသိသာသာ တိုးလာသလို လူငယ်တွေကြားမှာ သုံးစွဲမှုတွေ ပိုမိုမြင့်တက်လာတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

“အရင်က နည်းနည်းကြပ်သွားသေးတယ်လေ။ အရင်က ဆိုတာ ၂၀၁၇ လောက်ဖြစ်မယ်။ အသေဖမ်းတာ။ စျေးကွက်ထဲမှာတော့ ၀ယ်လိုအားရှိပေမဲ့ လက်ကြီးသမားတွေလောက်ပဲ ယူကြတာ။ အခုမှ စမဲ့သူတွေက အန္တရာယ်များလို့ မယူကြဘူး။ ပစ္စည်းလည်း တော်တော်ရှားတယ်။ အဓိကအဲ့တုန်းက ကေ( ကတ်တမင်း) နဲ့ အီး(အက်တစီ) တို့ပဲ အ၀ယ်လိုက်တာ။ ရန်ကုန်လိုနေရာမှာ ဒါတွေပဲရောင်းရတာ။ ဖားကန့်တို့ဘာတို့မှသာ ဘိန်းအသုံးများတာ။ အဲ့တုန်းက ကလပ်တွေဆိုတာ ဒီလောက် လူမများသေးဘူး။ ကန့်သတ်ချက်တွေလည်း ရှိသေးတယ်။ အခုကတော့ ပေါချင်းသောချင်းပဲ။ ကြိုက်တဲ့နေရာ သွားကြည့်ရှိတယ်။ ရန်ကုန်လို့ မြို့တွေမှာတော့ အရင်ကတိုင်းပဲ ကေတို့၊ အီးတို့ပဲသုံးတာ။ နောင်ထပ်တိုးလာတာတော့ HAPPY WATER သုံးရသယ်ရလည်း လွယ်တယ်။ ပုံစံဖျောက်လို့ကလည်း ကောင်းတယ်။ WY လည်း အ၀ယ်လိုက်ပါတယ်။ ဘိန်းကတော့ ဒီဘက် ပြည်တွင်းထက် ပြည်ပကို ပို့တာ များတယ်။ ပြည်တွင်းနဲ့ ပြည်ပနဲ့ ယှဥ်ရင်လည်း အကျိုးအမြတ်ရတာက အပုံကြီး သာတယ်လေ”လို့ သူကရှင်းပြပါတယ်။

ပြည်တွင်းမှာတော့ ဓာတုဗေဒမူးယစ်ဆေး၀ါးကို အ၀ယ်လိုက်ကြပေမဲ့ ပြည်ပကတော့ ဘိန်းကိုသာ အဓိက ၀ယ်လက်ရှိတယ်လို့ ဆိုပါတယ်။

ဘိန်းထုတ်လုပ်မှုနဲ့ ဓာတုဗေဒ မူးယစ်ဆေး ဖြန့်ချိမှုတွေက ပြည်တွင်းနေရာပေါင်းစုံဖြစ်ပြီး ဘိန်းဖြူ၊ ကတ်တမင်း၊ အက်တစီ နဲ့ HAPPY WATER တို့ကတော့ ရှမ်းပြည်နယ်ဘက်၊ ရွှေတြိဂံဒေသက အများဆုံးလာပြီး WY ထုတ်လုပ်မှု ကတော့ ကရင်ပြည်နယ်ဘက်မှာ အဓိက ထုတ်လုပ်တယ်လို့ သူကပြောပါတယ်။

“ဘိန်းဖြူတို့ ကေတို့ကတော့ ထုံးစံအတိုင်း ရှမ်းပြည်နယ်ဘက်ကပါပဲ။ တိတိကျကျပြောရင် ရွှေတြိဂံဘက်က လာတာ။ ဘယ်လမ်းကြောင်း ဘယ်လိုလဲဆိုတာတော့ ကျွန်တော်လည်း ပြောလို့မရဘူး။ ဒီလမ်းကြောင်း ပို့ပါတယ်လို့ သတင်းထွက်သွားရင် အဲ့လမ်းကြောင်းကသူတွေ အကုန်ကြွကုန်လိမ့်မယ် ကိုယ့်လူ။ ယာဘကတော့ ကရင်ပြည်နယ် BGF တွေနဲ့ ပတ်သက်ရာပတ်သက် ကြောင်းတွေဆီကလာတယ်။ နောက်တစ်ခုက ယာဘကျ ထုတ်ရတာလွယ်တယ်။ အိမ်မှာတောင် ထိုင်ထုတ်လို့ရတယ်။ အရည်အသွေးကတော့ နည်းနည်းကွာမှာပေါ့။ သူကတော့ ပြန်ကျရင် နည်းနည်းခံရပေမဲ့ ဈေးပေါတော့ လူသုံးလည်းများတယ်” လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ် နောက်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုကို လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး လူသူအရောက်အပေါက်နည်းတဲ့ ရှမ်းပြည်နယ် နယ်စပ်ဒေသတွေမှာ အများဆုံး စိုက်ပျိုးပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ် နဲ့ ကရင်နီပြည်နယ်မှာလည်း စိုက်ပျိုးပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က စစ်တမ်းတွေအရ အာဖဂန်နစ္စတန်၊ မြန်မာနဲ့ မက္ကဆီကို နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှု အများဆုံး နိုင်ငံတွေဖြစ်ခဲ့ပြီး ဒီထဲမှာ မြန်မာနိုင်ငံက ကမ္ဘာဒုတိယအကြီးဆုံး ဘိန်းစိုက်ပျိုးမှုကို လုပ်ဆောင်နေပါတယ်။

ဒါပေမဲ့လည်း ၂၀၁၅ ခုနှစ် အရပ်သားအစိုးရ တက်လာပြီး နောက်ပိုင်းမှာတော့ ပြည်တွင်းဘိန်းစိုက်ပျိုးမှုကို သုံးပုံတစ်ပုံအထိ လျော့ချနိုင်ခဲ့ပါတယ်။

ဘိန်းစိုက်ပျိုးမှု လျော့ကျသလို မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာလည်း ၂၀၁၅ ခုနှစ်မှာ ၆၄၇ မက်ထရစ်တန် ရှိရာကနေ ၂၀၁၉ ခုနှစ်မှာ ၅၀၈ မက်ထရစ်တန်ထိ လျော့ကျလာခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းသွားခဲ့ရတဲ့ အကြောင်းအရင်းဟာ တစ်ဖက်မှာ ဓာတုဗေဒ အခြေပြု မူးယစ်ဆေး၀ါးထုတ်လုပ်မှုနဲ့ သုံးစွဲမှု မြင့်တက်လာတာကြောင့်လည်းဖြစ်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် UNODC အကြီးအကဲ ဂျရမီဒေါက်ကလက်စ် က အင်တာဗျူး တစ်ခုမှာ ပြောဆိုထားပါတယ်။

ကမ္ဘာ့အကြီးဆုံး မူးယစ်ဆေးမှောင်ခို စင်္ကြန်ဖြစ်တဲ့ ရွှေတြိဂံနယ်မြေမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ ဓာတုဗေဒ မူးယစ်ဆေး၀ါး ထုတ်လုပ်မှုကို အကြီးအကျယ်လုပ်ကိုင်နေပြီး လက်နက်ကိုင်အဖွဲ့တွေ ကြီးစိုးရာ ၊ ဥပဒေ ကင်းလွတ်နေတဲ့ နေရာ၊ ၀င်လွယ်ထွက်လွယ်တဲ့ နယ်စပ်ဒေသဖြစ်နေတာကြောင့်လည်း အာရှ-ပစိဖိတ် တောရိုင်းတိရစ္ဆာန်မှောင်ခိုမှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှုစတဲ့ ဒုစရိုက်မှုတွေအကုန်လုံးဟာ ရွှေတြိဂံနယ်မြေနဲ့ တစ်မျိုးတစ်ဖုံ ပတ်သက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

‌ရှမ်းပြည်နယ်အတွင်းမှာ ရှိတဲ့ ရွှေတြိဂံဒေသဟာ မြန်မာ-ထိုင်း-လာအို ၃ နိုင်ငံ ဆုံရာဒေသဖြစ်သလို ပြည်တွင်း နိုင်ငံရေး အရှုပ်အရှင်းတွေကြောင့်လည်း နယ်မြေအနေအထားအရ မူးယစ်မှောင်ခိုသမားတွေအတွက် ကောင်းကင်ဘုံ ဖြစ်ပြီး ပစိဖိတ်ဒေသ၊ နယူးဇီလန်၊ ဩစတေးလျနဲ့ ဂျပန်နိုင်ငံတွေထိ မူးယစ်ဆေးဖြန့်ချိမှုတွေကို ဖြန့်ကျက်ထားနိုင်တယ်လို့ ဂျရမီဒေါက်ကလက်စ် ကပြောပါတယ်။

၂၀၁၅ ကနေ ၂၀၁၉ ခုနှစ်အတွင်း ဘိန်းနဲ့ ဓာတုမူးယစ်ဆေး၀ါး ထုတ်လုပ်မှုတွေ လျော့ကျသွားပေမဲ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်တပ်ကလည်း အကျိုးတူပူးပေါင်းပြီး လွှတ်ထားတာတွေရှိနေတာကြောင့် ပေါ်ပေါ်တင်တင် ရောင်း၀ယ်ဖောက်ကားမှုတွေထိပါ ဖြစ်လာတယ်လို့ သတင်းရင်းမြစ်ကဆိုပါတယ်။

“အရင်ကလည်း သူ့ဟာနဲ့သူ လမ်းကြောင်းတွေရှိပေမဲ့ အခုလောက်တော့ မပွင့်ဘူးလေ။ အခုက ကြိုက်တဲ့ဆီ ပို့ရတယ်။ မြိုးမြိုးမျက်မျက် ပေးနိုင်ရင်ရတာပဲ။ အခု‌ဗျာ ရှမ်းဘက်မှာ ခဏခဏ အဖမ်းခံနေရလည်း တွေ့တယ်မလား။ အဲ့တာ သယ်တဲ့ကောင်တွေ။ လက်ကြီးသမားတွေ မဟုတ်ဘူး။ ပြီးရင် ထိုးကြွေး အယောင်ပြ လုပ်တာတွေပါပဲ။ သိသာပါတယ်။ တောက်လျှောက်သာဖမ်းနေတာ။ ဈေးကွက်ထဲမှာ ပစ္စည်းတွေက ဈေးမှ မတက်တာ။ ပုံမှန်ပဲရနေတာပဲကို” လို့ သူကပြောပါတယ်။

အရပ်သား အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း နယ်စပ်ဒေသတွေ အပါအ၀င် ပြည်တွင်း နေရာအနှံ့အပြားမှာ လက်နက်ကိုင် ပဋိပက္ခတွေ တိုးပွားလာတာကလည်း နယ်မြေမတည်ငြိမ်မှုကို အခွင့်ကောင်းယူနေတဲ့ ဒုစရိုက်ဂိုဏ်းတွေ အတွက် အခွင့်အလမ်းကောင်း တစ်ခု ဖြစ်လာစေခဲ့တာပါ။

ဒီလိုအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပဲ သက်ဆိုင်ရာနိုင်ငံရဲ့ ပူးပေါင်း ဆောင်ရွက်မှုက အင်မတန် အရေးကြီးတာဖြစ်ပြီး ရှမ်းပြည်နယ် နယ်စပ်ဒေသတွေမှာ သမာရိုးကျ မဟုတ်တဲ့ လုံခြုံရေး အခြေအနေတွေကြောင့် ဖြေရှင်းဖို့ဆိုတာ စိန်ခေါ်မှု တစ်ရပ်လို ဖြစ်နေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ရွှေတြိဂံမူးယစ်မှောင်ခိုနဲ့ စနစ်တကျ ဒုစရိုက်လုပ်ငန်းတွေကို စောင့်ကြည့်တားဆီးရေးကုလ-UNODC အကြီးအကဲ ဂျရမီ ဒေါက်ကလက်စ် ငြီးတွားပါတယ်။

MK-007

#MeKongNews

#ရှမ်းပြည်နယ်

#UNODC

#ဓာတုမူးယစ်ဆေး၀ါး

#HAPPY-WATER

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now