မြန်မာ့နွေဦး

ခါ့လားယန် အနီး တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေ KIA သိမ်းဆည်းရရှိ

မဲခေါင် 13 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၃ ကချင်ပြည်နယ်၊ ဗန်းမော် ဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KIA တို့ ခါ့လားယန် အနီး ဒီကနေ့ ဇူလိုင် ၁၃ ရက်နေ့ မနက်က တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားပြီး စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း ပစ္စည်းတွေ သိမ်းဆည်းရရှိတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၃

ကချင်ပြည်နယ်၊ ဗန်းမော် ဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KIA တို့ ခါ့လားယန် အနီး ဒီကနေ့ ဇူလိုင် ၁၃ ရက်နေ့ မနက်က တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားပြီး စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း ပစ္စည်းတွေ သိမ်းဆည်းရရှိတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဗန်းမော်-မြစ်ကြီးနား လမ်းကနေ KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့အနီးရှိ နမ်ဆန်ယန် ဘက်ကို အင်အားဖြည့် စစ်ကြောင်းထိုးလာတာလို့ KIA ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။

“ဒီမနက် ၅ နာရီခန့်ကစ တိုက်ပွဲဖြစ်တာ ၇ နာရီ မိနစ် ၅၀ လောက်ထိ ဟုတ်တယ်” လို့ သူက ပြောပါတယ်။

ဗန်းမော်-ဒေါ့ဖုန်းယန် ကနေ နမ်ဆန်ယန်ဘက် အင်အားဖြည့်လာတဲ့ စစ်ကောင်စီ ခလရ (၅၆) နဲ့ (၇၇) ပူးပေါင်း စစ်ကြောင်းနဲ့ KIA တပ်ရင်း (၁၄) တို့ ခါ့လားကုန်းစောင်းအောက်၊ နမ်တုတ်တောင် လမ်းဆုံမှာ တိုက်ပွဲ ၃ နာရီ ခန့်ကြာ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။၊

“စစ်ကောင်စီဘက်က လက်နက်ခဲယမ်း ပစ္စည်း အချို့ သိမ်းဆည်းရမိတယ်လို့ ကြားတယ်။ ဒီမနက် ၅ နာရီ ဝန်းကျင်ခန့်ကစ ဒေါ့ဖုန်းယန်၊ ခါ့လားယန် တကြော တိုက်ပွဲ အရမ်းပြင်းထန်းနေတာ” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဒီမနက်ပိုင်းမှာ ဒေါ့န်းယန်၊ ဒိန်ဂါ၊ ခါ့လား တကြော တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားတယ်လို့ ဆိုပါတယ်။

နမ်ဆန်ယန်နဲ့ မဒီးယန်ကြား ဇူလိုင်လ ၈ ရက်နေ့၊ ည ၉ နာရီ ခန့်က စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်ပေမယ့် လေးလုံ စစ်ကောင်စီတပ်မှာ ဗုံးပြန်ကျခဲ့တယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇူလိုင်လ ၃ ရက်နေ့ကစပြီး နမ်ဆန်ယန်အနီး စစ်ကောင်စီနဲ့ KIA တိုက်ပွဲ ပြင်းထန်လာရာ စစ်ကောင်စီဘက်က ဗန်းမော်လမ်းကြောနဲ့ မြစ်ကြီးနား လမ်းကြောတွေဘက်က အဆက်မပြတ် အင်အားဖြည့် စစ်ကြောင်းထိုး နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-ဇွန်လ ၁၆ ရက်နေ့က နမ်ဆန်ယန်တိုက်ပွဲမှာ KIAက သိမ်းဆည်းရမိတဲ့ လက်နက်များ။ ပုံဟောင်း။
CJ-008

#MekongNews

#ခါ့လားယန်

#KIA

#လက်နက်ခဲယမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now