မြန်မာ့နွေဦး

ရန်ကုန်မှာ ရဲနဲ့ လမ်းဘေးပွဲစားတွေပေါင်းပြီး ဒေါ်လာ‌ လာရောက်ရောင်းချသူတွေကို ခြိမ်းခြောက်လုယူနေ

မဲခေါင် 12 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၂ ရန်ကုန်မြို့ ဒေါ်လာ အဓိက ရောင်းဝယ်နေတဲ့ ကျောက်တံတားနဲ့ လမ်းမတော်မြို့နယ်တွေမှာ ရဲနဲ့ လမ်းဘေး ဒေါ်လာ ပွဲစားတွေ ပေါင်းပြီး ဒေါ်လာ လာရောက် ရောင်းချသူတွေကို ခြိမ်းခြောက်ကာ ပါလာတဲ့ ဒေါ်လာတွေ လုယူနေတယ်လို့ မျက်မြင် ကြုံတွေ့နေရသူ တစ်ဦးက ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၂

ရန်ကုန်မြို့ ဒေါ်လာ အဓိက ရောင်းဝယ်နေတဲ့ ကျောက်တံတားနဲ့ လမ်းမတော်မြို့နယ်တွေမှာ ရဲနဲ့ လမ်းဘေး ဒေါ်လာ ပွဲစားတွေ ပေါင်းပြီး ဒေါ်လာ လာရောက် ရောင်းချသူတွေကို ခြိမ်းခြောက်ကာ ပါလာတဲ့ ဒေါ်လာတွေ လုယူနေတယ်လို့ မျက်မြင် ကြုံတွေ့နေရသူ တစ်ဦးက ပြောပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့၊ နေ့လယ်ပိုင်းက လမ်းမတော်မြို့နယ်မှာ ဒေါ်လာ လာရောက် ရောင်းချတဲ့ အမျိုးသား တစ်ဦးကို ရဲတွေ လာရောက် ဖမ်းဆီးပြီး လာရောင်း ဒေါ်လာတွေ ယူထားကာ လူကိုတော့ ပြန်လွှတ်ပေးလိုက် တယ်လို့ သူကပြောပါတယ်။

“ပွဲစားကနေ တစ်ဆင့် ရဲတွေကို လှမ်းပြောတာပေါ့။ ခုချိန်က ဒီကောင်တွေ ကင်းပတ်နေတော့ ထူးခြားတာ မြင်ရင် ပွဲစားကောင်တွေကို ရဲသတင်းပေးလို ထားထားတာ။ ပြီးရင်တော့ ရဲနဲ့ ပွဲစား ခွဲယူကြတာ။ ဒေါ်လာ ရောင်းတဲ့ သူတွေ အနေနဲ့လည်း ကိုယ်ရောင်းနေကျ ဆိုင်တွေမှာ ရောင်းတာ အကောင်းဆုံးပဲ။ ရောင်းနေကျဆိုင် မရှိလည်း ရောင်းဖူးတဲ့ သူတွေကို ရောင်းခိုင်းပါလို့ ပြောချင်တယ်” လို့ ငွေလဲလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။

လမ်းဘေး ပွဲစားတွေဟာ လက်ရှိ ပေါက်ဈေးထက် ဈေးပိုပေးမယ်လို့ ပြောဆိုကာ တစ်နေရာမှာ ‌ဒေါ်လာ ရောင်းသူကို စောင့်ခိုင်းပြီးနောက် ရဲခေါ်ကာ ဖမ်းဆီးခိုင်းပြီး ခြိမ်းခြောက် ပြောဆိုကာ ပါလာတဲ့ ဒေါ်လာတွေ ထားခဲ့မလား၊ ထောင်ကျခံမလား ဆိုပြီး မေးမြန်း လုယက်ကာ လူကို ပြန်လွှတ်ပေးလေ့ ရှိတယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့ အရေးယူခဲ့ပြီးနောက် ဒေါ်လာဈေး အတက်အကျ ကြမ်းခဲ့ရာ စစ်ကောင်စီက ဒေါ်လာ တရားဝင် ရောင်းဝယ်သူတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်လာပြီးနောက် လမ်းဘေး ဒေါ်လာ မှောင်ခို ဈေးကွက် ကြီးထွားလာတာ ဖြစ်ပါတယ်။

“၃၉ လမ်းထဲမှာ ကျန်ခဲ့တဲ့ တပတ်လောက်က ဖြစ်သွားသေးတယ်။ အွန်လိုင်းကနေ ချိတ်ပြီး နေရာကို ချိန်းလိုက်တယ်။ အပြင် ပေါက်ဈေးထက် ပိုပေးမယ်ဆိုပြီး ချိန်းလိုက်တာ။ ရောက်လာတော့ ပါလာတဲ့ ဒေါ်လာ ၄ သောင်း ထားခဲ့မလား၊ ထောင် ၃ နှစ် အချခံမလားပဲ မေးပြီး ယူသွားတာ။ လာရောင်းတဲ့ သူကလည်း သင်္ဘောသား ဆိုပေမယ့် ဥပဒေက သူတို့ ပါးစပ်ထဲမှာလေ။ အဖမ်းမခံရရင် တော်သေးတယ်ဆိုပြီး ပေးလိုက်ရတာ နေမယ်” လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

လက်ရှိ နိုင်ငံခြားငွေ လဲလှယ်ရေး လုပ်ကိုင်သူတွေကို စစ်ကောင်စီက ဖမ်းဆီးနေတာကြောင့် အရောင်းအဝယ် ရပ်တန့်နေပြီး ဈေးကွက်အတွင်း ဒေါ်လာ ရှားပါးတာ၊ ပြင်ပပေါက်ဈေးနဲ့ ဗဟိုဘဏ်ဈေး ကွာဟနေတာကြောင့် ပြင်ပဈေးကွက် ကြီးထွားလာတာလို့ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ဒေါ်လာနဲ့ တစ်နိုင်ငံလုံး လိုအပ်တာတွေကို ပြည်ပကနေ ဝယ်ရတာ။ အဲ့တော့ ဒေါ်လာ မရှိရင် မရဘူး ဖြစ်နေတာ။ အစိုးရဈေးနဲ့ ပြင်ပပေါက်ဈေးက တစ်ဒေါ်လာကို ကျပ်ငွေ တစ်ထောင်ကျော်လောက် ကွာတော့ အပြင်မှာ ရောင်းကြတယ်။ ဒါကိုသိတဲ့ ပွဲစားတွေက ရဲနဲ့ပေါင်းပြီး လုပ်စားနေတာပါ။ လောဘတက်လို့ ခံရတဲ့သူတွေ များပါတယ်။ ဖမ်းနေတယ် ဆိုတာလည်း အကုန်သိကြတာ‌ပဲ” လို့ ငွေကြေးလဲလှယ်ရေး လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့၊ နေ့လယ်ပိုင်းက ရွှေဘုံသာလမ်းရှိ ဒေါ်လာ ရောင်းဝယ်သူ ၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ပြန်မလွှတ်သေးသလို ဇွန်လ နောက်ဆုံးပတ်အတွင်း ဖမ်းဆီးခံရသူ ၂၀ ကျော် ရှိတယ်လို့ သိရပါတယ်။

လက်ရှိ ဗဟိုဘဏ်က တစ်ဒေါ်လာကို ကျပ်ငွေ ၂,၁၀၀ သတ်မှတ်ထားစဉ် ဇူလိုင် ၁၁ ရက် ပြင်ပ ဈေးကွက်မှာ တစ်ဒေါ်လာ ကျပ် ၃,၁၀၀ ဝန်းကျင်ရှိတယ်လို့ နိုင်ငံခြားငွေ ရောင်းဝယ်သူတွေက ပြောပါတယ်။

နိုင်ငံခြားငွေ ဈေးနှုန်း ဆွဲတင်နေသူများ၊ အွန်လိုင်းမှ တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်သူများကို နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှု ဥပဒေ စည်းမျဉ်းများအရ ထိရောက်စွာ အရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထား ပေမယ့် ရောင်းဝယ်မှုတွေ ဆက်ရှိနေတယ်လို့ ဆိုတယ်။

“ဒေါ်လာ မဖြစ်မနေ သွင်းရမယ့် ကျောင်းကိစ္စလို ဟာမျိုးတွေရှိမယ်။ ကျန်းမာရေး အတွက် ငွေသွင်းရတာ မျိုးတွေ အဲ့လိုတွေ ရှိနေတော့ အရောင်းအဝယ်ကတော့ ဖြစ်နေတယ်။ ပေါက်ဈေး ဆိုပေမယ့် ကြိုက်ရောင်း ကြိုက်ဝယ် ပုံစံပါ။ နိုင်ငံရေး မတည်ငြိမ်တော့ အကုန်လုံး ဈေးတက်နေတာ” လို့ ကျောင်းသား မိဘ တစ်ဦးက ပြောပါတယ်။

ဈေးကွက်အတွင်း ဇွန် ၁၁ ရက်နေ့ ငွေလဲလှယ် နှုန်းထားတွေက တစ်ယူရို ၃,၁၃၅ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ၂,၁၉၀ ကျပ်၊ မလေးရှား တစ်ရင်းဂစ် ကျပ် ၆၅၅၊ ထိုင်း တစ်ဘတ် ကျပ် ၈၅ ဒသမ ၇၀၊ တရုတ် တစ်ယွမ် ၄၂၃ ကျပ်၊ ဂျပန် တစ်ယန်း ၂၁ ဒသမ ၇၀ ကျပ် ဈေးဖြစ်တယ်လို့ သိရပါတယ်။

MK-005

#MekongNews

#ကျောက်တံတားမြို့နယ်

#ဒေါ်လာ

#မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now