မြန်မာ့နွေဦး

လဲချားမြို့နယ်မှာ စစ်တိုက်လေယာဉ် ပျံဝဲနေပြီး SSPP ဌာနချုပ်သွားရာလမ်းမှာ စစ်တပ်ဂိတ်တွေ ပိုများလာ

မဲခေါင် 1 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁ ရှမ်းပြည်နယ် တောင်ပိုင်း၊ လဲချားမြို့နယ်မှာ ဒီကနေ့ ဇူလိုင်လ ၁ ရက်က စစ်တိုက်လေယာဉ် ပျံဝဲနေပြီး SSPP ဌာနချုပ်သွားရာ လမ်းကြောင်းဖြစ်တဲ့ မိုင်းနောင်နဲ့ ဝမ်ဟိုင်းကြားမှာ စစ်တပ် စစ်ဆေးရေး ဂိတ်တွေ ပိုများလာတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၁

ရှမ်းပြည်နယ် တောင်ပိုင်း၊ လဲချားမြို့နယ်မှာ ဒီကနေ့ ဇူလိုင်လ ၁ ရက်က စစ်တိုက်လေယာဉ် ပျံဝဲနေပြီး SSPP ဌာနချုပ်သွားရာ လမ်းကြောင်းဖြစ်တဲ့ မိုင်းနောင်နဲ့ ဝမ်ဟိုင်းကြားမှာ စစ်တပ် စစ်ဆေးရေး ဂိတ်တွေ ပိုများလာတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

လဲချားမြို့နယ်ထဲမှာ ဒီကနေ့ မနက်ပိုင်းက စစ်တိုက်လေယာဉ် ပျံဝဲနေတာဖြစ်ပြီး SSPP ဌာနချုပ်သွားတဲ့ လမ်းပေါ်မှာ စစ်တပ်ဂိတ် အများအပြား ချလာတာဟာ စစ်ကောင်စီနဲ့ SSPP တပ်ဖွဲ့ စစ်ရေးတင်းမာမှုကို ရည်ညွှန်းနေတယ်လို့ စစ်ရေးလေ့လာ သုံးသပ်သူ တစ်ဦး ပြောပါတယ်။

“ဒီလို အခြေအနေက SSPP နဲ့ စစ်တပ်ကြား စစ်ရေး အခြေအနေ တင်းမာလာတာကို ပြတာပဲ။ အဲ့နားမှာ အရင် ကတည်းက ဂိတ်တွေ ရှိတာတော့ရှိတယ်၊ အခုလောက်တော့ မများဘူးပေါ့လေ။ ဒီရက်ပိုင်း သိသိသာသာ များလာတယ်လို့ ကျွန်တော်လည်း ကြားပါတယ်။ မိုင်းနောင်မြို့ကဆို SSPP ဌာနချုပ်ရှိတဲ့ ဝမ်ဟိုင်းနဲ့ မိုင် ၂၀ ကျော်လောက်ပဲ ဝေးတာလေ” လို့ သူကပြောပါတယ်။

မိုင်းနောင်-ဝမ်ဟိုင်း လမ်းပိုင်းအပြင် ရှမ်းတောင်-မြောက်နယ်စပ် ဒေသတွေမှာလည်း စစ်ကောင်စီက စစ်ဆေးဂိတ်တွေ အရင်ထက် ပိုချထားပြီး လုံခြုံရေး တင်းကြပ်ထားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ဒီရက်ပိုင်း ဂိတ်တွေ၊ စစ်ဆေးရေးဂိတ်တွေ ပိုများလာတယ်။ ရှမ်းတောင်-မြောက်ဆက်ထားတဲ့ ကောင်းလန် တံတား၊ မိုင်းရယ်နဲ့ ကျေးသီးကြားပေါ့။ ဂိတ်တွေ ပိုများလာတယ်။ အစစ်အဆေးလည်း ပိုကြမ်းလာတယ်။ မိုင်းနောင်နဲ့ ဝမ်ဟိုင်း ကြားမှာလည်း အတူတူပဲ” လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လလယ်က လဲချားမြို့နယ်ရှိ SSPP တပ်စခန်း ၁၀ ခုကို စစ်ကောင်စီက ပြန်ဆုတ်ခိုင်းရာ SSPP က ပယ်ချခဲ့မှုကြောင့် စစ်ရေး တင်းမာလာတာ ဖြစ်ပါတယ်။

ဒီလို စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး SSPP တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဖုန်းဟန်၊ ဗိုလ်မှူးကြီးစိုင်းစု နဲ့ ဗိုလ်ကြီးသီဟရာဇာ တို့ကို မဲခေါင်သတင်းဌာန အနေနဲ့ ဆက်သွယ်နေပေမဲ့ ဖုန်းလက်ခံ ဖြေကြားမှု မပြုသေးပါဘူး။

စစ်ကောင်စီရဲ့ ခိုလမ် တိုင်းစစ်ဌာနချုပ်ရဲ့ လုံခြုံရေး အတွက် အရေးပါသလို SSPP ဌာနချုပ်ကို စစ်ရေးအရ တိုက်ရိုက် ခြိမ်းခြောက်နိုင်တဲ့ လဲချားမြို့နယ်ထဲက SSPP တပ်စခန်းတွေ ပြန်မဆုတ်ပေးနိုင်ဘူးလို့ တရားဝင် အကြောင်းပြန်ထားရာက စစ်ရေးတင်းမာနေတာဖြစ်လို့ အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ရှမ်းပြည်နယ် အခြေစိုက် စစ်ရေး လေ့လာသူက သုံးသပ်ထားပါတယ်။

MK-007

#MekongNews

#လဲချားမြို့နယ်

#စစ်တိုက်လေယာဉ်

#SSPP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now