မြန်မာ့နွေဦး

နောင်ချို-ပြင်ဦးလွင် တိုက်ပွဲတွေမှာ စစ်ကောင်စီ လူလှိုင်းစစ်ဆင်ရေး အသုံးပြုလာ၊ ပစ်မနိုင်တော့လို့ ပြန်ပါ ဆုတ်ရလို့ MDY PDF ဆို

မဲခေါင် 30 Apr - 2023
မဲခေါင်၊ ဧပြီ ၃၀ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချို-ပြင်ဦးလွင် တိုက်ပွဲတွေမှာ စစ်ကောင်စီက ဗျူဟာကျစစ်ဆင်ရေးတွေ မလုပ်တော့ပဲ လူလှိုင်းစစ်ဆင်ရေး တွေ သုံးလာပြီး MDY PDF ထံကနေ သိရပါတယ်။

မဲခေါင်၊ ဧပြီ ၃၀

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချို-ပြင်ဦးလွင် တိုက်ပွဲတွေမှာ စစ်ကောင်စီက ဗျူဟာကျစစ်ဆင်ရေးတွေ မလုပ်တော့ပဲ လူလှိုင်းစစ်ဆင်ရေး တွေ သုံးလာပြီး MDY PDF ထံကနေ သိရပါတယ်။

မန္တလေးပြည်သူ့ကာကွယ်ရေး တပ်မတော် သိမ်းပိုက်ထားတဲ့ စစ်ကောင်စီ စခန်းကုန်းတစ်ခုကို စစ်ကောင်စီက ပြန်သိမ်းဖို့ကြိုးစားရာမှာ ဗျူဟာကျ စစ်ဆင်ရေးတွေနဲ့လာတိုက်တာ မဟုတ်ဘဲ လူလှိုင်းစစ်ဆင်ရေးနဲ့ လာတိုက်ခိုက်ပြီး PDF တွေဘက်က ပစ်လို့မနိုင်တော့တဲ့အထိ ဖြစ်လာကာ ပြန်ဆုတ်ပေးရတယ်လို့ MDY PDF က ရဲဘော် ကိုဇော်ကြီးက ဒီနေ့ မဲခေါင်သတင်းကိုပြောပါတယ်။

“အဲ့ဒီ ကိစ္စကဟုတ်တယ်ဗျ။ ကျွန်တော်တို့ အရှေ့ပိုင်းတုန်းက သူတို့ဆီက ကုန်းတစ်ကုန်းကို သိမ်းထားပြီးတဲ့နောက်ပိုင်းမှာ သူတို့က အဲ့ကုန်းကို ပြန်ရဖို့ကြိုးစားတယ်။ အာ့ကုန်းပေါ်မှာ ကျွန်တော်တို့ လူအများကြီးတော့မရှိဘူး။ အာ့ချိန်မှာ သူတို့က လူအားကိုသုံးပြီး အများကြီးပဲ လာတိုက်တာပေါ့နော်။ သူတို့ဘက်ကတော်တော်လေးလဲ ကျတာပေါ့။ မျက်စိထဲ မြင်အောင် ပြောပြရရင် သူတို့ဘက်က လူအင်အားအများကြီးသုံးပြီး ကုန်းကို လာတိုက်တာပေါ့။ ဒီအချိန်မှာ ကျွန်တော်တို့ပစ်လို့ သူ့တို့ဘက်က သေဆုံးတာတွေ၊ ဒဏ်ရာရတာတွေရှိတယ်ပေါ့နော်။ အဲဒီအချိန်မှာတောင်မာ လူအင်အားနဲ့ အတင်းတတ်တိုးတာပေါ့နော်။ တိုးတဲ့ပုံစံက အောက်မှာလည်း အလောင်းတွေအများကြီးပဲ။ ဒဏ်ရာရသူတွေလည်းရှိတယ်။ ဒါကိုမှ အဲဒါတွေကို နင်းဖြတ်ကျော်ခွပြီး တတ်လာတယ်။ အမိန့်ပေးတဲ့ လူကလည်းတကယ်ပေးသလို တတ်လာတဲ့ စကစ တွေကလည်း အလုံးအရင်းကို တတ်လာတာ” လို့သူကပြောပြပါတယ်။

ဒီလို စစ်ရေးဗျူဟာ မရှိပဲ လူအင်အားကို သုံးကာ ဇွတ်တတ်လာတာဟာ သာမန်လူတစ်ယောက်အဖို့ မဖြစ်နိုင်ပဲ စိတ်ကြွမူးယစ်ဆေး၀ါးသုံးမှပဲ ဒီလို စစ်သွေးကြွပြီး တတ်လာရဲမှာလို့ ကိုဇော်ကြီးက သူ့ရဲ့ အမြင်ကိုပြောပြပါတယ်။

“ကျွန်တော့် ယူဆချက်အရကတော့ ဟိုး အရှေ့က ကြားဖူးတာတွေရောဆိုရင် များသောအားဖြင့် အဲဒီလို လုပ်နိုင်ဖို့ ဆိုရင် မူးယစ်ဆေး သုံးမှပဲ အဆင်ပြေမယ်ဗျ။ ပုံမှန်စိတ်နဲ့ ဘယ်လိုမှ အဲ့လို လုပ်ဖို့က မလွယ်ဘူးဗျ။ သာမန်လူ ဆိုရင် ဒီလိုမျိုးလုပ်နိုင်စရာ အကြောင်းကို မရှိတာ”လို့သူကပြောပါတယ်။

လူလှိုင်း စစ်ဆင်ရေးကို အာဏာသိမ်းစစ်တပ်က အသုံးပြုလေ့ရှိပြီး ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လော့ဒန်စခန်းသိမ်းတိုက်ပွဲမှာလည်း ကိုယ်တိုင်တွေ့ကြုံခဲ့ရတယ်လို့ ရှမ်းအရှေ့က CDM စစ်သားအရာရှိ ဗိုလ်နတ်သားက မဲခေါင်သတင်းကို ပြောပြပါတယ်။

“ကျွန်တော်ကိုယ်တိုင် အတွေ့အကြုံရတာတော့ ၂၀၁၁ ကချင်ပြည်နယ် လော့ဒန်စခန်းသိမ်းတိုက်ပွဲပဲ။ အရှေ့မှာလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းဘက်မှာ လုပ်ခဲ့တယ်လို့သိရတယ်။ အခြားဟာတွေလည်း ရှိပါသေးတယ်။ စကခ၂၁ နဲ့ ၃ ၊ တမခ ၈၈ တို့ပေါင်းတိုက်တာ စစ်ကြောင်း ၁၁ ကြောင်းခွဲလိုက်တာ။ ၇ ရက်ကြာတယ်။ ဒီဘက်က ကုန်တာပဲလေ။ ကိုယ်တိုင် သွားကောက်ရတာကို ၁၀၀ကျော်တယ်။ စခန်း ရလိုက်တယ်။ သိမ်းလို့ရတာ မဟုတ်ဘူး ။ ကချင်တွေက ဆုတ်သွားတာ။ စစ်ကြောင်းတစ်ကြောင်းကို ၁၀၀ နဲ့ ၁၂၀ ကြားရှိတယ်။ ကချင်ဘက်က ခုခံတာ စက်လက် ၂ လက်တည်းနဲ့ပစ်တာ။ ကျွန်တော်လည်း ရှေ့တန်းရောက်နေတော့ အသေအပျောက်ကို အတိအကျမသိဘူး။ တိုက်ပွဲမှာက ကျတဲ့ သူတွေရဲ့ လက်နက်ကို ပြန်အပ်ရတယ်လေ။ ကျွန်တော် အပ်ပေးခဲ့တာပဲ ၂၀၀ ကျော်တယ်။ မှတ်မှတ်ရရ ကျွန်တော်လက်နက် ပြန်ပို့တဲ့ကားကို KIA က မိုင်းဆွဲတာ ကံကောင်းလို့ မထိခဲ့တာ။ ခန့်မှန်ခြေ ၃၀၀ ကျော်လောက်သေတယ်။ ကျန်တာ ဒဏ်ရာရတယ်။ စစ်ကြောင်းမှူး ၃ ဦးဆိုရူးသွားတယ်။ ဗိုလ်မှူးကြီး မဒန်တောင်သာ အခုတော့ ဘာရာထူးလဲမသိဘူး။ KIA ဘက်က သူဦးစီးတာ။ ၁၂၀ တွေကို မိုးမောက် ကျောက်စခန်းရွာ စာသင်ကျောင်းထဲမှာ ထားပြီးပစ်တာ။ စခန်းကိုတော့ရလိုက်တယ်။ ကျနော်တို့ တပ်မက တပ်သိမ်းစရာ လူမရှိတော့လို့ တပ်မ ၈၈ က လာသိမ်းပေးရတာ” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရ တဲ့ လူလှိုင်းစစ်ဆင်ရေး အတွေ့အကြုံကို သူကပြောပြပါတယ်။

နောင်ချို-ပြင်ဦးလွင် နယ်စပ် တိုက်ပွဲတွေမှာ ဒီလို လူလှိုင်း စစ်ဆင်ရေးသုံးဖို့ အင်အားမလောက်ပေမဲ့ ဖြစ်နိုင်ချေရှိသလို လလူလှိုင်းစစ်ဆင်ရေးမှာပါတဲ့ စစ်သားတွေဟာ မူးယစ်ဆေးမသုံးဘဲ ပုံမှန်စိတ်နဲ့လည်း ဒီလိုလုပ်နိုင်တယ်လို့ ဗိုလ်နတ်သားက ပြောပါတယ်။

“အရင်ကတော့ မဖြစ်မနေ သိမ်းကို သိမ်းရမဲ့ ဟာတွေကိုဆို စစ်ကြောင်းမှူးက အမိန့်ပေးလိုက်တယ်။ အရှေ့တတ်တိုက်မလား၊ အနောက်မှာ စစ်ခုံရုံးမှာ ပစ်သတ်ခံမလား၊ ထောင်ကျမလား စသဖြင့် ရွေးချယ်ခိုင်းလိုက်တာ။ လူလှိုင်း စစ်ဆင်ရေးလုပ်ရင် အင်အားကို အများကြီးသုံးရတာ။ စစ်သားတွေကို ရင်ပေါင်တန်းပြီး အတန်းလိုက် တည့်ပစ်ပြီး တတ်တာ ။ တစ်တည်းကုန် ရှေ့နည်းနည်းရောက် နောက်တစ်တန်းကုန် ရှေ့နည်းနည်းရောက်၊ အဲ့လိုကိုတတ်ရတာ” လို့သူကပြောပြပါတယ်။

ဒီလို ဖြစ်ရပ်မျိုးတွေက ကရင်ပြည်နယ်က ဟိုးယခင်တိုက်ပွဲတွေမှာလည်းဖြစ်ဖူးပြီး တတ်လာတဲ့ စစ်သားတချို့ သေနတ်တောင်မကိုင်လာ၊ အကာအကွယ်လည်းမပါပဲ လက်ဗလာနဲ့တတ်လာပြီး ပစ်သတ်ရတဲ့ သေနတ်တွေပါ ပြောင်းအပူလွန်ပြီး ကွဲထွက်တာတွေဖြစ်ခဲ့ဖူးတယ်လို့ KNLA အရာရှိတစ်ဦးကပြောပါတယ်။

နောင်ချိုမြို့နယ်မှာ ရှိတဲ့ စစ်တပ်စခန်းကုန်းတစ်ခုကို MDY PDF က ဧပြီလ ၅ ရက်က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း စစ်ကောင်စီတပ်တွေနဲ့ နောင်ချို-ပြင်ဦးလွင်နယ်စပ်တွေမှာ တိုက်ပွဲတွေ ဒီကနေ့ အချိန်ထိ ပြင်းထန်နေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်ထိ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီက မြေပြင်မှာအင်အားထောင်ဂဏန်းထိ အသုံးပြုကာ တိုက်ခိုက်နေတဲ့ အပြင် စစ်တိုက်လေယာဥ်တွေနဲ့ ၃၃ ကြိမ်ထိ လာရောက်ပစ်ခတ်ခဲ့တယ်လို့ MDY PDF က ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေ အတွင်း စစ်တပ်ဒုဗိုလ်မှူးကြီး မြတ်ထွန်ဦး ၊ တပ်ခွဲမှူး ၂ ဦး အပါအ၀င် စစ်သား ၁၀၀ ကျော်သေဆုံးကာ MA- 3 (၃) လက် နဲ့ လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ မန္တလေး ပြည်သူ့ကာကွယ်တပ်မတော်က ထုတ်ပြန်ထားပါတယ်။

ပုံအညွှန်း – စစ်ကောင်စီတပ်သားများ လူလှိုင်းစစ်ဆင်ရေးလေ့ကျင့်နေစဉ်
MK-007

#MeKongNews

#လူလှိုင်းစစ်ဆင်ရေး

#MDYPDF

#နောင်ချို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now