မြန်မာ့နွေဦး

စစ်တပ် လမ်းပိတ်ထားလို့ ရှမ်း-ကရင်နီနယ်စပ်က စစ်ရှောင်တွေ ရိက္ခာပြတ်နိုင်

မဲခေါင် 6 Apr - 2023
မဲခေါင်၊ ဧပြီ ၆ ကရင်နီပြည်က အဓိက လမ်းမတွေကို စစ်တပ်က ပိတ်ဆို့ထားတာကြောင့် ဆန်ကား အပါအဝင် ကုန်ကား အဝင်မရှိတော့လို့ စစ်ရှောင်တွေ စားနပ်ရိက္ခာ ပြတ်လပ်နိုင်တယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၆

ကရင်နီပြည်က အဓိက လမ်းမတွေကို စစ်တပ်က ပိတ်ဆို့ထားတာကြောင့် ဆန်ကား အပါအဝင် ကုန်ကား အဝင်မရှိတော့လို့ စစ်ရှောင်တွေ စားနပ်ရိက္ခာ ပြတ်လပ်နိုင်တယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

ရှမ်း-ကရင်နီနယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ အများစု နေရပ်စွန့်ခွာလာရတာ ၂ နှစ်ဝန်းကျင် ရှိလာပြီး ဒီကာလ တလျှောက် စစ်တပ်က လမ်းတွေ ပိတ်ထားတာကြောင့် စစ်ရှောင်တွေ အတွက် ဒေသတွင်းမှာရှိတဲ့ စားနပ်ရိက္ခာတွေကို ဝယ်ယူ မျှဝေပေးနေရတာ ဖြစ်ပါတယ်။

“အရင် ၂ နှစ်ကတော့ အဆင်ပြေကြီး မဟုတ်ပေမယ့် အဆင်ပြေသေးတယ် ပြောရမှာပေါ့။ လက်ကျန် လေးတွေနဲ့ သွားနေလို့ ရသေးတာပေါ့။ ဒီနှစ်တော့ အစစအရာရာ အကုန် အခက်တွေ့တော့မယ်။ ဥပမာ ဆန်ပေါ့။ ဆန်မလောက်တဲ့ ပြဿနာတွေ ဒီနှစ်က စတော့မယ်ထင်တယ်” လို့ ဒီးမော့ဆို အနောက်ခြမ်းမှာ စစ်ရှောင် ကူညီပေးနေတဲ့ လူငယ်တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

လက်ရှိ ဆန်တွေ၊ ရိက္ခာတွေ ဝယ်လို့ရတဲ့ နေရာတွေဆီ မရောက်အောင် လမ်းတွေကို စစ်တပ်ဘက်က အရင်ကထက် ကန့်သတ် ထိန်းချုပ်ထားတယ်လို့ စစ်ရှောင် ကူညီသူတွေက ပြောပါတယ်။

လက်ရှိ စစ်တပ်က ဒီးမော့ဆို၊ ဘော်လခဲ၊ ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ မြို့နယ်တွေကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး လမ်းတွေ ပိတ်ဆို့ထားတာကြောင့် တောလမ်း၊ ရွာတွင်းလမ်း တွေကနေ ကွေ့ပတ်သွားရတာတွေ ရှိတယ်လို့ သိရပါတယ်။

“သူတို့ ပေးမဖြတ်တာတွေ၊ ပေးမဝင်တာတွေ လုပ်ထားတာ အများကြီးရှိတယ်။ လမ်းတွေ ပိတ်တာတွေလည်း ရှိတယ်။ အစစ်အဆေးတွေ အရမ်းကြပ်လာတာလည်း ရှိတယ်။ ဆိုလာပြားတွေ ဘာတွေ သယ်ရင်တောင်မှ ဒီလမ်းတွေမှာရှိတဲ့ စစ်ကောင်စီက ဒါကို ယူတာတွေ၊ ဖျက်ဆီးတာတွေရှိတယ်။ ဆန်ဆိုလည်း သူတို့ ပေးမသယ်တာတွေ ရှိတယ်” လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ Freelancevlounteermyanmar အဖွဲ့ တာဝန်ရှိသူက မဲခေါင်သတင်းကို ပြောပါတယ်။

လက်ရှိ ရှမ်း-ကရင်နီ နယ်စပ်တလျှောက်မှာ လူဦးရေ သိန်းနဲ့ချီ စစ်ဘေးရှောင် နေရပြီး ဆန်မလုံလောက်မှုကြောင့် အမှန်တကယ် လိုအပ်နေတဲ့ အိမ်ထောင်စုတွေကို စိစစ်ပြီး အလှည့်ကျ ဝေမျှပေးနေရတာတွေ ရှိလာတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင် ကူညီရေး ကွန်ရက်က ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီဘက်က ကန့်သတ်ထိန်းချုပ်ထားမှုတွေကြောင့် ရိက္ခာ ဝယ်ယူရ ပိုခက်ခဲလာတဲ့ အပြင် ကုန်ဈေးနှုန်းတွေက တက်လာပြီး အလှူရှင်တွေ နည်းပါးလာတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

အခုလို ရိက္ခာ ရှားပါးလာတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ တနိုင်တပိုင် စိုက်ခင်းတွေ ပြုလုပ်ပေးဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် စိုက်ခင်း ပျက်စီးတာတွေ မကြာခဏ ကြုံတွေ့နေရပြီး ကျေးရွာ ဒေသခံတွေရဲ့ စပါး အစရှိတဲ့ ကောက်ပဲသီးနှံ စိုက်ခင်းတွေက ဒေသခံတွေ အတွက် လုံလောက်ပေမယ့် စစ်ရှောင်တွေကို ဝေမျှပေးဖို့ မလုံလောက်ဘူးလို့ စစ်ရှောင်ကူညီသူ တစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော်အတွင်း ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီ နယ်စပ်တလျှောက်မှာ စစ်ကောင်စီတပ်နဲ့ KNDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပေါင်း ၆၅၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး လက်ရှိ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်တွေထံက သိရပါတယ်။

MK-009

#MeKongNews

#ကရင်နီပြည်

#စစ်ဘေးရှောင်

#တိုက်ပွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now