မြန်မာ့နွေဦး

ရဲ ၃ ယောက် ပစ်သတ်ခံရတဲ့ သာကေတက ဈေးသည်တွေ ခရီးမသွားဖို့ စစ်ကောင်စီ ခြိမ်းခြောက်တားမြစ်

မဲခေါင် 22 Mar - 2023
မဲခေါင်၊ မတ် ၂၂ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ အမှတ် (၉) ရပ်ကွက်ရှိ မိတ္တူဆိုင်မှာ မတ်လ ၁၇ ရက်နေ့က ရဲ ၃ ယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် အဆိုပါလမ်း အတွင်းက ဈေးသည်တွေ ခရီးမထွက်ဖို့ စစ်ကောင်စီက ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ မတ် ၂၂

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ အမှတ် (၉) ရပ်ကွက်ရှိ မိတ္တူဆိုင်မှာ မတ်လ ၁၇ ရက်နေ့က ရဲ ၃ ယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် အဆိုပါလမ်း အတွင်းက ဈေးသည်တွေ ခရီးမထွက်ဖို့ စစ်ကောင်စီက ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

စစ်ကောင်စီဟာ ရဲ ၃ ဦး အသတ်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး ကျေနပ်မှုမရှိလို့ အရင်ထက် လုံခြုံရေးတွေ တင်းကြပ် စစ်ဆေးနေကာ အဲဒီ ပတ်ဝန်းကျင်က ဈေးသည်တွေ မဖြစ်မနေ ခရီးသွားရမယ်ဆိုရင် ရဲစခန်း လာရောက် အကြောင်းကြားဖို့ ပြောဆိုထားတယ်လို့ ဆိုပါတယ်။

“ဈေးရောင်းတဲ့သူတွေ အားလုံးကို မျက်မြင်သက်သေအဖြစ် ထားထားတယ်။ ဒီအတွက် ခေါ်စစ်တဲ့အခါ အချိန်မရွေး ရှိဖို့လိုတယ်။ ဈေးသည်တွေ ခရီးသွားမယ်ဆို သူတို့ ရဲစခန်းကို လာပြောဖို့ ပြောထားတယ်။ ပစ်သတ်ခံရပြီးတော့ ဈေးဆိုင်တွေက CCTV တောင်းတယ်၊ လိုက်မေးတာတွေ ရှိတယ်။ ဈေးသည်တွေက မသိဘူး ဖြေကြတော့ ပြန်ပြီးညစ်တဲ့ သဘောပါ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒါပေမယ့်လည်း မတ်လ ၁၉ ရက်နေ့၊ ညက သာကေတ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ အအေးဆိုင်ပိုင်ရှင်နဲ့ အမျိုးသား တစ်ဦးကို ပျူစောထီး တင်လင်းထိုက် (ခေါ်) လင်းလင်း ရဲ့ တပည့်တွေ ပစ်သတ်ခဲ့ပေမယ့် စစ်ဆေး မေးမြန်းတာတွေ မရှိဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“အအေးဆိုင်ပိုင်ရှင် ကိုညိုကြီးနဲ့ သင်္ဘောသား ကိုဝေဖြိုးအောင် အသတ်ခံရတာကိုကြတော့ မစစ်ဘူး။ သူတို့ထဲက ခွေး ၃ ကောင် သေတော့ ဓာတ်ပုံတင်တဲ့ သူတွေတောင် အကုန်လျှောက်ဖမ်းတယ်။ ခုထိ မလွတ်သေးတဲ့ သူတွေ ရှိသေးတယ်။ ဘာမှ လုပ်တဲ့သူတွေ မဟုတ်ဘူး။ ပျူစောထီးနဲ့ မဘသ တွေနဲ့ မတည့်ရင် အမှုဆင်ပြီး ဖမ်းနေတာ။ ခုလည်း ညတိုင်း မူးရူးပြီး သူတို့ မကျေနပ်တဲ့ အိမ်တွေကို ဝင်ပြီး စစ်နေတာတွေ ရှိတယ်” လို့ သူကပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း သာကေတမြို့နယ် တစ်နေရာမှာ ပစ်ခတ်သံတွေ ကြားရပြီးနောက် ရဲကားတွေ ဗေလုဝကွေ့နဲ့ သာကေတ အဝိုင်း (၁၀) ဈေး၊ သာကေတ ကျောက်တိုင် ရွှေပုဇွန် ရှေ့တွေမှာ အစစ်အဆေးကြမ်း နေတယ်လို့ သိရပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now