မြန်မာ့နွေဦး

ဆားလင်းကြီးမှာ စစ်တပ်မီးရှို့မှုကြောင့် ဒေသခံ ၁၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရ

မဲခေါင် 13 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၃ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို စစ်တပ်က အခုရက်ပိုင်း အတွင်း စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ကျေးရွာ ၁၀ ရွာဝန်းကျင်က ဒေသခံ ၁၀,၀၀၀ ကျော် စစ်ဘေး တိမ်းရှောင် ထွက်ပြေးနေရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို စစ်တပ်က အခုရက်ပိုင်း အတွင်း စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ကျေးရွာ ၁၀ ရွာဝန်းကျင်က ဒေသခံ ၁၀,၀၀၀ ကျော် စစ်ဘေး တိမ်းရှောင် ထွက်ပြေးနေရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဆားလင်းကြီးမြို့ နမခ ကနေလာတဲ့ စစ်ကြောင်းဟာ ဇန်နဝါရီ ပထမပတ် ကနေစပြီး လက်ရှိအချိန်ထိ ကျေးရွာတွေကို အကြောင်းရင်း မရှိဘဲ စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ဒေသခံတွေ စစ်ရှောင်နေရတာ ၂ ပတ်ဝန်းကျင် ရှိလာပြီလို့ ဆိုပါတယ်။

“နေရေးအတွက် အထိုက်အလျောက် အဆင်ပြေပေမယ့် စားသောက်ရေး အတွက်က ဘေးကင်းနေသေးတဲ့ ကျေးရွာတွေက ပြည်သူတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေ ဝိုင်းကူညီ နေပေမယ့် စစ်ရှောင်အင်အား များတာရယ်၊ ရက်တာရှည်လာတာရယ်ကြောင့် အခက်အခဲ ဖြစ်လာပါတယ်” လို့ Salingyi Border Task Force – SBTF အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ ဇန်နဝါရီလ ပထမ အပတ်မှာ ဘင်္ဂါး၊ ဖောင်းကတာ၊ ကျောက်ဖြူတိုင်၊ မိုးကြိုးပြင်၊ ကိုင်းရွာ တွေက အိမ်ခြေ ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၂ ရက်ကနေ အခုချိန်ထိ ပိုင်းတောင်ကြီး၊ ကျောက်မှော်၊ ဆားလင်းကြီးမြောက်ရွာ၊ ဖောင်းကတာ၊ ဆည်တဲရွာ တွေကို ဝင်ရောက် မီးရှို့နေကာ ပျက်စီး ဆုံးရှုံးမှုကို အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

“နမခ ကနေ ရေကြောင်းနဲ့ လာတယ်။ ပထမတစ်ကြိမ် စစ်ကြောင်းထိုးပြီး မီးရှို့တယ်။ Mi 17 နဲ့လည်း အင်အားဖြည့်သွားတယ်။ အဲ့ဒီစစ်ကြောင်းက ဆားလင်းကြီးမြို့ပေါ်ကို ပြန်ရောက်သွားတယ်။ ၁၀ ရက်နေ့ နမခ ကနေ ရေယာဉ် တစ်စီးနဲ့ လူလာချိန်းတယ်။ အဲ့နောက် လူချိန်းပြီးတော့ အခု စစ်ကြောင်းတစ်ခါ ပြန်ထိုးပြီး မီးရှို့တာဗျ။ အင်အား ၁၀၀ ဝန်းကျင်ရှိမယ်ဗျ” လို့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ကျေးရွာတွေ မီးရှို့ခံရတဲ့ အခြေအနေကို ရှင်းပြပါတယ်။

ဒီဇင်ဘာလ အတွင်းမှာ စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဆားလင်းကြီးမြို့နယ်ထဲက ဆားထုံး၊ တောကျောင်း၊ လက်ပံကျွန်း စတဲ့ ကျေးရွာ ၇ ရွာမှ နေအိမ် ၅၀၀ ကျော် ဆုံးရှုံးခဲ့ရတာကြောင့် ဆားလင်းကြီး ဒေသကို အာရုံစိုက်ပေးကြဖို့နဲ့ စစ်ဘေးရှောင်၊ မီးဘေးသင့် ပြည်သူတွေကို ဝိုင်းဝန်းကူညီ ပေးကြဖို့ကိုလည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၃၀ ရက်အထိ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်းတိုင်းထဲက ပြည်သူနေအိမ် ၂,၇၄၉၆ လုံး ဆုံးရှုံးခဲ့တယ်လို့ Data For Myanmar က ထုတ်ပြန်ထားပြီး လက်ရှိ အချိန်ထိ စစ်ကြောင်းထိုး မီးရှို့တာတွေ ဆက်တိုက် လုပ်နေတာကြောင့် မီးရှို့ခံရတဲ့ အိမ်ခြေ အရေအတွက် ပိုတိုးလာနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

MK-009

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now