နေ့စဥ်သတင်း

PRF ထောက်ပို့သူများ ဖော်ထုတ်ရရှိသည်ဟု စစ်ကောင်စီဝါဒဖြန့်မှု အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်မှုကို ဖုံးကွယ်ခြင်းသာဖြစ်ဟု တော်လှန်ရေးအင်အားစုများ တုံ့ပြန်

မဲခေါင် 29 Sep - 2026
မဲခေါင်၊ စက်တင်ဘာ ၂၉ PRF ထောက်ပို့တပ်သားများ၏ အချက်အလက်များကို ဖော်ထုတ်ရရှိထားသည်ဟု စစ်ကောင်စီဝါဒဖြန့်မှုသည် အရပ်သားများ အစုလိုက် အပြုံလိုက် ဗုံးကြဲသတ်ဖြတ်သည့် ၎င်းတို့၏ ပြစ်မှုများကို ဖုံးကွယ်ရန် လုပ်ကြံဝါဒဖြန့်ခြင်းသာဖြစ်သည်ဟု တော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။ စစ်ကောင်စီ၏ ယနေ့ထုတ်ပြန်ချက်တွင် Wave Pay ဖြင့် PRF သို့ထောက်သို့သူ ၇၀၀ ခန့်၊ NUGpayဖြင့် ထောက်ပို့သူ ၁၀၀၀ ခန့်၊ SDB ဖြင့် ထောက်ပို့သူ ၁၀၀၀ ခန့်၏ ကိုယ်ရေးအချက်အလက်များကို ရရှိထားပြီး ၂၁ ဦးကို ဖမ်းဆီးထားသည်ဟု ဖော်ပြသည်။ သို့သော် PRF ထောက်ပို့များအနေဖြင့် တော်လှန်ရေးကို ထောက်ပို့ရာတွင် အမည်ဝှက်နှင့် Email သာ

မဲခေါင်၊ စက်တင်ဘာ ၂၉

PRF ထောက်ပို့တပ်သားများ၏ အချက်အလက်များကို ဖော်ထုတ်ရရှိထားသည်ဟု စစ်ကောင်စီဝါဒဖြန့်မှုသည် အရပ်သားများ အစုလိုက် အပြုံလိုက် ဗုံးကြဲသတ်ဖြတ်သည့် ၎င်းတို့၏ ပြစ်မှုများကို ဖုံးကွယ်ရန် လုပ်ကြံဝါဒဖြန့်ခြင်းသာဖြစ်သည်ဟု တော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီ၏ ယနေ့ထုတ်ပြန်ချက်တွင် Wave Pay ဖြင့် PRF သို့ထောက်သို့သူ ၇၀၀ ခန့်၊ NUGpayဖြင့် ထောက်ပို့သူ ၁၀၀၀ ခန့်၊ SDB ဖြင့် ထောက်ပို့သူ ၁၀၀၀ ခန့်၏ ကိုယ်ရေးအချက်အလက်များကို ရရှိထားပြီး ၂၁ ဦးကို ဖမ်းဆီးထားသည်ဟု ဖော်ပြသည်။

သို့သော် PRF ထောက်ပို့များအနေဖြင့် တော်လှန်ရေးကို ထောက်ပို့ရာတွင် အမည်ဝှက်နှင့် Email သာ လိုအပ်သဖြင့် စစ်ကောင်စီထုတ်ပြန်သကဲ့သို့ ပုံနှင့်တကွ PRF မှ ကိုယ်ရေးအချက်အလက်ကို ရရှိသည်ဟုဆိုခြင်းသည် လိမ်လည်ခြင်းသာဖြစ်သည်ဟု PRF ထောက်ပို့တပ်သားတစ်ဦးကပြောသည်။

“ဒါက သူတို့ ရခိုင်မှာရော ကရင်နီမှာရော အရပ်သားကို ဗုံးကြဲတိုက်ခိုက်ပြီးမှ အဲ့သတင်းတွေကို ဖုံးချင်လို့ လုပ်ကြံဝါဒဖြန့်တာပဲလို့ ပြတ်ပြတ်သားသားပြောချင်ပါတယ်။ PRFကနေ ထောက်ပို့ကူတယ်ဆိုတာ ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်အစစ်အမှန်ကို ဘာမှ မပေးရပါဘူး၊ အဲ့ဒါကို PRFကနေ အချက်အလက်ရထားတယ်ဆိုတာ ယုတ္တိမရှိပါဘူး။”ဟု ၎င်းသတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ လူစည်ကားရာ ဈေးအနီးသို့ ယမန်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူလူထု ၄၉ ဦးထက်မနည်း သေဆုံးပြီး ၆၀ နီးပါး ထိခိုက်ဒဏ်ရာရရှိသည်ဟု AAက သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ အရပ်သားနေထိုင်ရာနေရာ ၂ခုကိုလည်း စစ်ကောင်စီက ယမန်နေ့တွင် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုသတင်းများ ပျံ့နှံ့ပြီးနောက် ယနေ့တွင် စစ်ကောင်စီက PRFမှတဆင့် တော်လှန်ရေးအား ထောက်ပို့နေသူများကို ဖမ်းဆီးရမိကြောင်း၊ အချက်လက် ၂၇၀၀ ကျော်ရရှိထားကြောင်း သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

“PRFမှာပါဝင်ဖို့က အမည်ဝှက်နဲ့ အီးမေးလိပ်စာပဲလိုပါတယ်။ လူပုံတွေ နေရပ်လိပ်စာတွေ မလိုပါဘူး။ ပြီးတော့ PRF ဝက်ဆိုက်ဒ်ကနေတဆင့် Kpay Wave Pay နဲ့လည်း ငွေထည့်ဝင်လို့မရပါဘူး။ ဝက်ဆိုက်ဒ်မှာမရှိတဲ့ လူပုံ နေရပ်လိပ်စာတွေက ဝက်ဆိုက်ဒ်ကနေပေါက်ကြားတယ်ဆိုတာ ယုတ္တိမရှိသလို မဖြစ်နိုင်ပါဘူး။ ဒါကြောင့် စစ်‌ေ-းထုတ်ပြန်ချက်က စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာ သက်သက်ပါပဲ။”ဟု PRFကိုယ်စားလှယ်တစ်ဦးကပြောသည်။

ထို့အပြင် တော်လှန်ရေးအောင်မြင်ရန်အတွက် အရေးကြီးကဏ္ဍတွင်ရှိနေသည့် ထောက်ပို့တပ်သားများကို ဆက်လက်ထောက်ပို့ခြင်းမပြုရဲရန် စစ်ကောင်စီက စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်ကာ ခြိမ်းခြောက်နေခြင်းသာဖြစ်သည်ဟုလည်း NUGpay ကိုယ်စားလှယ်တစ်ဦးကပြောသည်။

“PRF ကြီးထွားလာမှာကို ကြောက်လို့ ခြောက်နေတာလို့ပဲ ပြောချင်ပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာနေတဲ့ သူတွေအတွက်ကတော့ Nugpay SDBbank ဆော့ဝဲလ်တွေကို ခရီးသွားတဲ့အခါ ဖျက်ချထားဖို့ လိုပါတယ်။ အဲ့ဒီဆော့ဝဲလ်တွေကို မြင်ရင် စစ်ကောင်စီက ဖမ်းဆီးတာမျိုး လုပ်နေလို့ပါ”ဟု ၎င်းကပြောသည်။

ထို့အပြင် လစဉ်ထောက်ပို့နေသည့် PRFတပ်သား သောင်းနှင့်ချီရှိသော်လည်း စစ်ကောင်စီက အချက်အလက် ၂၇၀၀ ကျော်ရရှိသည်ဟုဆိုသဖြင့် မှားယွင်းနေသည်ကိုတွေ့မြင်ရသည်ဟု ၎င်းကဆိုသည်။

“ပေါက်ကြားတယ်ဆိုရင် အကုန်ပေါက်ကြားမှာပေါ့။ အခုဟာက ဝက်ဆိုက်ဒ်မှာမရှိတာကို ဝက်ဆိုက်ဒ်ကနေ ရတယ်လို့ပြောလိုပြော သောင်းနဲ့ချီရှိတာကို ၂ထောင်ကျော်ရတယ်လို့ ပြောလိုပြောနဲ့ သူတို့လိမ်နေတာ အသိသာကြီးပါ”ဟု ၎င်းကဆိုသည်။

စစ်ကောင်စီက ထုတ်ပြန်သည့် အချက်အလက်တွင် အဖမ်းခံရသည်ဟု ဆိုသူများအနက် လားရှိုးမြို့မှ မေရီဆန်စင်ဆိုသည့် အမျိုးသမီးကို ဖမ်းဆီးခြင်းသည် ပြီးခဲ့သည့် စစ်တင်ဘာ ၁၄ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထိုအချိန်တွင်လည်း စစ်ကောင်စီက အွန်လိုင်းမှတစ်ဆင့် CRPH ကို ထောက်ခံသည့် ဝါဒဖြန့်ခြင်းများ ပြုလုပ်သဖြင့် ဖမ်းဆီးသည်ဟုဆိုကာ သတင်းထုတ်ပြန်ပြီးဖြစ်သည်။ သို့သော် လက်ရှိတွင်မူ ပေါက်ကြားလာသည့် PRF အချက်အလက်မှ တဆင့် ဖမ်းမိသည်ဟု သတင်းထဲတွင် တစ်ခါထည့်သွင်းကာ ထပ်မံ ထုတ်ပြန်လာသည်။

ကချင်၊ ရခိုင်၊ ကရင်နီပြည်တွင် စစ်ရေးအရ ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ယမန်နေ့တွင် ဗန်းမော်၊ မိုးမိတ်၊ ဒီမော့ဆို၊ ကျောက်တော်မြို့နယ်များရှိ အရပ်သားများနေရာကို ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

#MeKongNews
#PRF
#စစ်ကောင်စီ
#တော်လှန်ရေး
#ဝါဒဖြန့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now