နေ့စဥ်သတင်း

နောင်ချိုတွင် မူးယစ်ဆေးဝါးများ ကျောင်းသားများထံအထိ ပျံ့နှံ့လာပြီး စိုးရိမ်ဖွယ်အခြေအနေ ရောက်ရှိနေဟု ဒေသခံများပြော

မဲခေါင် 24 Aug - 2026
မဲခေါင် | ဩဂုတ် ၂၄ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် မူးယစ်ဆေးဝါးများ လူငယ်များအကြားသာမက စာသင်ကျောင်းများရှိ ကျောင်းသားများထံအထိ ပျံ့နှံ့လာနေပြီး စိုးရိမ်ဖွယ်အခြေအနေ ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ နောင်ချိုမြို့ရှိ KTV ဆိုင်အချို့တွင် မူးယစ်ဆေးဝါးများ သုံးစွဲနေကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများ သိရှိနေသော်လည်း ထိရောက်စွာ အရေးယူမှုမရှိကြောင်း သတင်းရင်းမြစ်က ဆိုသည်။ KTV အချို့တွင် “K” ဟုခေါ်သည့် မူးယစ်ဆေးဝါးနှင့် “Happy Water” ဟုခေါ်သည့် မူးယစ်ဆေးဝါးများ သုံးစွဲနေကြသည်ဟုလည်း ဆိုသည်။ ဇွန်လ ၂၄ ရက် မနက် ၄ နာရီခန့်တွင် နောင်ချိုမြို့ရှိ Angel KTV မှ အမျိုးသမီး ၅ ဦး၊

မဲခေါင် | ဩဂုတ် ၂၄

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် မူးယစ်ဆေးဝါးများ လူငယ်များအကြားသာမက စာသင်ကျောင်းများရှိ ကျောင်းသားများထံအထိ ပျံ့နှံ့လာနေပြီး စိုးရိမ်ဖွယ်အခြေအနေ ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

နောင်ချိုမြို့ရှိ KTV ဆိုင်အချို့တွင် မူးယစ်ဆေးဝါးများ သုံးစွဲနေကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများ သိရှိနေသော်လည်း ထိရောက်စွာ အရေးယူမှုမရှိကြောင်း သတင်းရင်းမြစ်က ဆိုသည်။

KTV အချို့တွင် “K” ဟုခေါ်သည့် မူးယစ်ဆေးဝါးနှင့် “Happy Water” ဟုခေါ်သည့် မူးယစ်ဆေးဝါးများ သုံးစွဲနေကြသည်ဟုလည်း ဆိုသည်။

ဇွန်လ ၂၄ ရက် မနက် ၄ နာရီခန့်တွင် နောင်ချိုမြို့ရှိ Angel KTV မှ အမျိုးသမီး ၅ ဦး၊ အမျိုးသား ၄ ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ မူးယစ်ဆေးဝါးများ သုံးစွဲပြီးနောက် သတိလစ်မေ့မျောသည့်အခြေအနေဖြင့် နောင်ချိုပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သည်ဟုဆိုသော ရဲတပ်ဖွဲ့ဝင်မှာ “ဇင်ကိုထက်” ဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

အဆိုပါဖြစ်စဉ်ကို အထက်တာဝန်ရှိသူများထံ မရောက်ရှိစေရန် ဖုံးဖိထားခဲ့ပြီး KTV မန်နေဂျာကိုလည်း ခေတ္တထိန်းသိမ်းခဲ့ကာ ဇွန်လ ၂၆ ရက်တွင် KTV မှ အမျိုးသမီး ၅ ဦးကို ခေါ်ယူစစ်ဆေးပြီး ဇွန်လ ၂၉ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

ထို့အပြင် ဇူလိုင်လ ၂၅ ရက်က နောင်ချိုမြို့ အထက(၁) ကျောင်းတွင် ၇ တန်းကျောင်းသားတစ်ဦးက ဆေးခြောက်ဟု ယူဆရသည့် အရာကို ကျောင်းသို့ ယူဆောင်လာပြီး မုန့်အတွင်းထည့်ကာ အခြားကျောင်းသားများကို ကျွေးခဲ့သဖြင့် ကျောင်းသားအချို့ မူးဝေပြီး ပြဿနာဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါ ကျောင်းတွင်းဖြစ်စဉ်ကိုလည်း အထက်တာဝန်ရှိသူများ မသိရှိစေရန် ဖုံးဖိထားခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

“အခုက မူးယစ်ဆေးဝါးတွေ လူငယ်တွေအကြားမှာပဲ ရှိတာမဟုတ်တော့ဘဲ ကျောင်းသားတွေလက်ထဲအထိ ရောက်လာတာက တော်တော်စိုးရိမ်စရာကောင်းပါတယ်။ ကျောင်းသားတွေရဲ့ အနာဂတ်အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက ထိထိရောက်ရောက် စစ်ဆေးအရေးယူပေးဖို့ လိုပါတယ်” ဟု အမည်မဖော်လိုသည့် နောင်ချိုဒေသခံတစ်ဦးက ပြောသည်။

နောင်ချိုမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ဖြန့်ဖြူးသူများကို ရပ်ကွက်အတွင်းမှ ဖမ်းဆီးပေးသည့်အခါတွင်ပင် အမှုဖွင့်အရေးယူခြင်းမရှိဘဲ ပြန်လွှတ်ပေးမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဒေသခံများ၏ ပြောကြားချက်အရ နောင်ချိုမြို့ရှိ KTV အချို့တွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်သည့် ဖြစ်စဉ်များ ထပ်မံဖြစ်ပွားနေသော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများဘက်က ထိရောက်စွာ အရေးယူခြင်းမရှိသည့်အတွက် မူးယစ်ဆေးဝါးများ ပိုမိုပျံ့နှံ့လာမည်ကို စိုးရိမ်နေကြသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးများသည် ကျောင်းသားများထံအထိ ရောက်ရှိလာနေခြင်းကြောင့် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲမှုများကို ထိထိရောက်ရောက် စစ်ဆေးအရေးယူပေးရန်နှင့် ကျောင်းသားလူငယ်များကို ကာကွယ်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

#MeKongNews
#နောင်ချို
#မူးယစ်ဆေး
#ကျောင်းသား
#လူငယ်
#ရှမ်းမြောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now