မဲခေါင်၊ ဩဂုတ် ၂၁
တစ်ကိုယ်လုံး ယားနာဖြစ်နေတဲ့ ၂လသားအရွယ် ကလေးငယ် ဆေးကုသမှု ဆက်လက်ခံယူနိုင်ရန် ငွေကြေးအကူအညီလိုအပ်နေသည်ဟု ကလေးငယ်အား ကူညီနေသူများထံမှ သိရသည်။
ကွတ်ခိုင်မြို့နယ် ဆာယာကျေးရွာမှ ၂လာသားအရွယ် ကလေးငယ်ဟာ တစ်ကိုယ်လုံးအနှံ့ အဖုများ ယားနာများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
၎င်းကလေးငယ်ကို ပိုက်ဆံအကြွေးယူကာ ဆေးရုံတစ်ခါ သွားပြပြီးသည့်နောက် အကြွေးလည်းပြန်မဆပ်နိုင်သေးသဖြင့် မိခင်ဖြစ်သူမှာ ကလေးအား ဆေးရုံထပ်ပြနိုင်ခြင်း မရှိသေးကြောင်း ကူညီနေသူ ကိုမိုင်းကောင်းဆိုင်ကပြောသည်။
“ကလေးကို ကွတ်ခိုင်မြို့ထဲက ဆေးရုံမှာ သွားပြမှအဆင်ပြေမှာ ဖြစ်ပါတယ်။ ဆေးခန်း ပြပေးနေတာ ၂ သိန်းလောက် အကြွေး တင်သွားပါတယ်။ ကလေးအမေက အကြွေး တင်နေလို့ ဆေးခန်း ဆက်မပြနိုင်တော့လို့ ဒီအတိုင်း ထား ထားရပါတယ်။”ဟု ကိုမိုင်းကောင်းဆိုင်ကပြောသည်။
ယားနာဖြစ်ပွားနေသည့် ကလေးမှာ မိခင်ဖြစ်သူနှင့် အတူမောင်နှမှ ၃ ဦးနှင့်နေထိုင်လျက်ရှိပြီး ငွေကြေးအဆင်မပြေသဖြင့် လက်ရှိတွင် ဆေးဆက်ကုသနိုင်ခြင်းမရှိသေးပေ။
ကလေးဖြစ်သူ၏ ဖခင်ဖြစ်သူမှာ အောက်မြန်မာပြည်မြေပြန့်ဒေသမှဖြစ်ပြီး သားတစ်ယောက်ကိုခေါ်ပြီး မြေပြန့်သို့ ပြန်သွားပြီဖြစ်ကြောင်း၊ မိခင်ဖြစ်နှင့် သား ၂ ယောက် သမီးတစ်ယောက်ကို ချန်ထားခဲ့ပြီး ဆက်သွယ်လာခြင်းလည်းမရှိတော့ကြောင်းသိရသည်။
လက်ရှိတွင် မိခင်ဖြစ်သူမှ နေ့စားအငှားလိုက်ပြီး ကလေးများကို ကျောင်းမထွက်စေပဲ ကျောင်းထားပေးခဲ့သည်။ ၂ လသားအရွယ် ကလေးငယ်အား ဆေးကုသပေးနိုင်ရန် ကူညီလိုသူများအနေဖြင့် ကိုမိုင်းကောင်းဆိုင် https://www.facebook.com/mai.kaung.saing သို့ ဆက်သွယ်ကူညီနိုင်သည်ဟု သိရသည်။
ကွတ်ခိုင်မြို့နယ် ဆာယာကျေးရွာသည် စစ်တပ်အာဏာမသိမ်းခင် အချိန်ကာလတွင် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် စစ်ဘေးရှောင်စခန်းအဖြစ် ဖွင့်လှစ်ရာမှတဆင့် ကျေးရွာအဖြစ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
#MeKongNews
#ကလေးငယ်
#ယားနာ
#ဆေးကုသ
#အကူအညီ








