နေ့စဥ်သတင်း

ရှမ်းအရှေ့ မြို့နယ်အချို့တွင် စက်သုံးဆီ အကန့်အသတ်ဖြင့် ပေးသဖြင့် စျေးနှုန်းများ မြင့်တက်လာ

မဲခေါင် 14 Jul - 2026
မဲခေါင်၊ ဇူလိုင် ၁၄ ရှမ်းအရှေ့မြို့နယ်အချို့ရှိ ဆီပန့်ဆိုင်များတွင် ဆီကို အကန့်အသတ်ဖြင့်သာ ထည့်ပေးလာပြီး စျေးနှုန်းများ မြင့်တက်လာကြောင်း ဒေသထံများထံမှ သိရသည်။ ထိုင်းဘက်မှ တာချီလိတ်သို့ စက်သုံးဆီတင်သွင်းမှု လျော့နည်းလာသည့် သတင်းပြန့်လာပြီးနောက် ယခုလို ဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့ ဇူလိုင် ၁၄ ရက်တွင် တာချီလိတ်၊ မိုင်းယွန်း ဆီပန့်ဆိုင်တွင် ဆိုင်ကယ်တစ်စီးလျှင် ဓာတ်ဆီ တစ်လီတာ ဘတ် ၄၀ မှ ဘတ် ၈၀ ဖိုးအထိသာ ရောင်းချပေးပြီး အခြားဆီပန့်များတွင်လည်း ပုံးဖြင့် ရောင်းချပေးခြင်း မရှိတော့ကြောင်း သိရကာ ပြင်ပတွင် တစ်လီတာ ဘတ် ၆၀ အထိ ဖြစ်လာနေကြောင်း သိရသည်။ ကျိုင်းတုံ

မဲခေါင်၊ ဇူလိုင် ၁၄

ရှမ်းအရှေ့မြို့နယ်အချို့ရှိ ဆီပန့်ဆိုင်များတွင် ဆီကို အကန့်အသတ်ဖြင့်သာ ထည့်ပေးလာပြီး စျေးနှုန်းများ မြင့်တက်လာကြောင်း ဒေသထံများထံမှ သိရသည်။

ထိုင်းဘက်မှ တာချီလိတ်သို့ စက်သုံးဆီတင်သွင်းမှု လျော့နည်းလာသည့် သတင်းပြန့်လာပြီးနောက် ယခုလို ဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၁၄ ရက်တွင် တာချီလိတ်၊ မိုင်းယွန်း ဆီပန့်ဆိုင်တွင် ဆိုင်ကယ်တစ်စီးလျှင် ဓာတ်ဆီ တစ်လီတာ ဘတ် ၄၀ မှ ဘတ် ၈၀ ဖိုးအထိသာ ရောင်းချပေးပြီး အခြားဆီပန့်များတွင်လည်း ပုံးဖြင့် ရောင်းချပေးခြင်း မရှိတော့ကြောင်း သိရကာ ပြင်ပတွင် တစ်လီတာ ဘတ် ၆၀ အထိ ဖြစ်လာနေကြောင်း သိရသည်။

ကျိုင်းတုံ တွင် ယမန်နေ့က ဓာတ်ဆီ တစ်လီတာ ၅ ထောင်ကျပ်မှ ယနေ့ ဇူလိုင် ၁၄ ရက်တွင် ၇ ထောင်ကျပ်အထိ စျေးခုန်တက်သွားကြောင်း သိရသည်။

မိုင်းဆတ်နှင့် မိုင်းတုံတွင် ယနေ့ ဆီပန့်စျေး ၅၂၀၀ ကျပ်နှင့် ပြင်ပစျေး ၅၅၀၀ ကျပ်ရှိနေကာ ဆိုင်ကယ်တစ်စီး ၂ လီတာသာ ထည့်ပေးကြောင်း သိရသည်။

ဒီဇယ်စျေးမှာ ဓာတ်ဆီထက် ၂ ဘတ်ခန့်သာ လျော့နည်းသော်လည်း ကားဖြင့်သာ လိုသလောက် ထည့်ပေးပြီး ပုံးဖြင့် ဝယ်၍မရဟု ဆိုသည်။

တာချီလိတ် တစ်ဖက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက မူးယစ်ဂိုဏ်းများ၏ ငွေကြေးခဝါချမှုများကို စုံစစ်ဆေးနေသည့်အတွက် ငွေလုံးငွေရင်းလွှဲပြောင်းမှု များပြားသည့် လောင်စာဆီ ဝယ်ယူမှုကို ထိုင်းအစိုးရက စစ်ဆေးနေဆဲတွင် မြန်မာသို့ မဲခေါင်မြစ်မှတစ်ဆင့် ပို့ဆောင်နေသည့် ဆီတင်သင်္ဘောစီးရေကို တစ်ပတ်လျှင် ယခင်က ၅ စီးဖြင့် လိုသလောက် ပို့ဆောင်နေရာမှ ယခုအခါ ၃ စီးသို့ လျှော့ချခဲ့သည့် သတင်းကြောင့် ဆီပြတ်လပ်မည်ကို စိုးရိမ်သည့် ပြည်သူများက ဝယ်ယူနေကြခြင်း ဖြစ်သည်။

တာချီလိတ်အပါအဝင် ဒေသအတွင်း မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းဖြတ်မြို့များသာမက ရှမ်းတောင် မိုင်းပန်၊ လင်းခေး နမ့်စန်မြို့များအထိ ထိုင်းနိုင်ငံမှ လစဉ် လောင်စာဆီ လီတာ ၄ သိန်းကျော် ဝယ်ယူ ရောင်းချနေကြရကြောင်း သိရသည် ။

ထိုင်းအစိုးရကမူ နယ်စပ်ဒေသများ၌ လောင်စာဆီတင်ပို့မှုကို တင်းကျပ်ထားခြင်းသည် အွန်လိုင်းလိမ်လည်ဂိုဏ်းများ အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကွန်ရက်များဆီ လောင်စာဆီ မရောက်ရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

#MeKongNews
#ရှမ်းအရှေ့
#မြို့နယ်အချို့
#စက်သုံးဆီ
#စျေးနှုန်းများ
#မြင့်တက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now