နေ့စဥ်သတင်း

ကျိုင်းတုံဒနခေါင်းဆောင် ဒုရဲအုပ်ဇင်ကိုလွင် လောင်းကစားဝိုင်းဖွင့်၊ K ရှူသည့်အပြင် တရုတ်မှောင်ခိုလမ်းကြောင်းနှင့် မူးယစ်ဆေးဝါးသမားတွေကိုပါ ကာကွယ်ပေးထား

မဲခေါင် 9 Jul - 2026
မဲခေါင်၊ ဇူလိုင် ၉ ကျိုင်းတုံမြို့နယ်၏ ဒနခေါင်းဆောင်ဖြစ်သူ ဒုရဲအုပ်ဇင်ကိုလွင်မှာ ကျိုင်းတုံမြို့နယ်အတွင်း လောင်းကစားဒိုင်များနှင့် ပူးပေါင်းကာ လောင်းကစားဝိုင်းဖွင့်လှစ်ခြင်း၊ မူးယစ်ဆေးဝါဖြစ်သည့် K သုံးစွဲခြင်းများအပြင် တရုတ်မှောင်ခိုလမ်းကြောင်းကို တာဝန်ယူကာ လိုင်းကြေးရှင်းပေးခြင်းနှင့် မူယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူများကို လိုင်းကြေးယူကာ ကာကွယ်ပေးခြင်းများပါ လုပ်ဆောင်နေကြောင်း ကျိုင်းတုံပြည်သူများက မဲခေါင်သို့ သတင်းပေးပို့လာသည်။ တာချီလိတ်မှ မိုင်းခတ်နှင့် ရှမ်းအရှေ့မြို့များသို့ တရားမဝင်တရုတ်နိုင်ငံသားများ ပို့သည့် လမ်းကြောင်းကို ၎င်းက ငွေရှင်းရန်တာဝန်ယူထားကာ ရဲများကို လိုက်လံရှင်းလင်းပေးကြောင်း၊ လောင်းကစားဝိုင်းများကိုလည်း တာဝန်ခံကာ ဖွင့်လှစ်ပေးပြီး K သုံးစွဲကာ လုံခြုံရေးပင်ယူပေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဇင်ကိုလွင် ကိုယ်တိုင် ဦးဆောင်ပြီး မြို့လယ်ခေါင်မှာ လောင်းကစားဝိုင်းလုပ်တာပါ။ ရပ်ကွက် (၃)၊ ဝေါ်ဟေးရပ် အတွင်း

မဲခေါင်၊ ဇူလိုင် ၉

ကျိုင်းတုံမြို့နယ်၏ ဒနခေါင်းဆောင်ဖြစ်သူ ဒုရဲအုပ်ဇင်ကိုလွင်မှာ ကျိုင်းတုံမြို့နယ်အတွင်း လောင်းကစားဒိုင်များနှင့် ပူးပေါင်းကာ လောင်းကစားဝိုင်းဖွင့်လှစ်ခြင်း၊ မူးယစ်ဆေးဝါဖြစ်သည့် K သုံးစွဲခြင်းများအပြင် တရုတ်မှောင်ခိုလမ်းကြောင်းကို တာဝန်ယူကာ လိုင်းကြေးရှင်းပေးခြင်းနှင့် မူယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူများကို လိုင်းကြေးယူကာ ကာကွယ်ပေးခြင်းများပါ လုပ်ဆောင်နေကြောင်း ကျိုင်းတုံပြည်သူများက မဲခေါင်သို့ သတင်းပေးပို့လာသည်။

တာချီလိတ်မှ မိုင်းခတ်နှင့် ရှမ်းအရှေ့မြို့များသို့ တရားမဝင်တရုတ်နိုင်ငံသားများ ပို့သည့် လမ်းကြောင်းကို ၎င်းက ငွေရှင်းရန်တာဝန်ယူထားကာ ရဲများကို လိုက်လံရှင်းလင်းပေးကြောင်း၊ လောင်းကစားဝိုင်းများကိုလည်း တာဝန်ခံကာ ဖွင့်လှစ်ပေးပြီး K သုံးစွဲကာ လုံခြုံရေးပင်ယူပေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဇင်ကိုလွင် ကိုယ်တိုင် ဦးဆောင်ပြီး မြို့လယ်ခေါင်မှာ လောင်းကစားဝိုင်းလုပ်တာပါ။ ရပ်ကွက် (၃)၊ ဝေါ်ဟေးရပ် အတွင်း လမ်းသွယ်တခုကိုပိတ်ပြီး ဒနခေါင်းဆောင်နဲ့ ဝေါ်ဟေး သူကြီးပေါင်းပြီး ဇွန်လ ၁၄ရက်ကနေ ဇွန်လ ၂၃ရက်အထိ ပိုက်ကျုးနဲ့ ရှမ်းကိုးမီး ကစားဝိုင်း ဖွင့်လှစ်သွားတာပါ။ သူတို့အကြောင်းပြတာက လုံးဝူးခမ်း နာရေးအကြောင်းပြလုပ်တာ။ နာရေးအိမ်နဲ့က အဝေးကြီး။ သေတာကလဲ ၁၅ရက်နေ့ကမှသေတာ၊ နာရေးအကြောင်းပြ အဖွဲ့စုံ ပေးပြီး ငွေရှာကြတာပါ။ ကစားဝိုင်းမှာသူကိုယ်တိုင် kရှုရင်းထိုင်စောင့်ပေးနေတယ်။ မြို့ပြင်မှာဝိုင်းဖွင့်တာ ဘာမှမပြောလိုတော့ပါဘူး။ အခုဟာကမြို့ထဲမှာ ဖွင့်တာကတော့ လွန်နေပြီ” ဟု ၎င်းဒေသခံက ပြောသည်။

ထို့ပြင် ဒုရဲအုပ်ဇင်ကိုလွင်က ကျိုင်းတုံမြို့နယ်အတွင်းမှ မူးယစ်ဆေးဝါးလုပ်ကိုင်သူများကိုလည်း လိုင်းကြေးရယူပြီး ကာကွယ်စောင့်ရှောက်ထားကြောင်း ဒေသခံများကပြောသည်။

“သူက အရင် ၂၀၂၄ ကနေ ၂၀၂၅ အထိက ကျိုင်းတုံစခန်း နယ်ထိန်းခေါင်းဆောင်၊ ဆိုင်ကယ်သူခိုးမိတာ လူမဖမ်းဘဲ ဆိုင်ကယ်တွေသိမ်းပြီး ရောင်းစားလိုက်လို့ နယ်ထိန်းခေါင်းဆောင်ကနေ ပြုတ်ပြီး ခရိုင်ရုံးကို ခဏရွှေ့ထားပြီး နေရာလွတ်လို့ ဒနခေါင်းဆောင် ပြောင်းခန့်လိုက်တာ။ သူ့မိန်းမကလည်း ဒုရဲအုပ်ပဲ။ ၂၀၂၆ မှာ ကတ်တောင်စခန်းမှူးလုပ်တယ်။ ဒနခေါင်းဆောင်လည်း လုပ်နေတာ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကျိုင်းတုံမြို့နယ်အတွင်း၌ ယခုနှစ်အတွင်း လူသတ်ဓားပြမှု ၂မှု၊ ဆိုင်ကယ်ခိုးမှု၊ လုယက်မှု၊ အိမ်ဖောက်ထွင်းမှု ၄၀ ကျော်ဖြစ်ပွားထားခဲ့ပြီး ဖမ်းဆီးရမိသည့် အမှု တစ်မှုမျှ မရှိကြောင်း ဒေသခံများက ထောက်ပြပြောဆိုနေကြသည်။

“ပြည်သူလူထု နေ့စဥ်သွားလာရေးတောင် ကြောက်ကြောက်လန့်လန့် ဖြစ်နေတယ်။ တာဝန်ရှိသူတွေ ကိုယ်တိုင်က ဒီလိုတွေလုပ်နေတာ တားမယ့်သူမရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျိုင်းတုံမြို့သည် တြိဂံတိုင်းစစ်ဌာနချုပ် အခြေစိုက်သည့် မြို့ဖြစ်ပြီး ပြည်သူ့စစ်နှင့် လုံခြုံရေးတပ်ဖွဲ့များ အများအပြား ရှိနေသည့်တိုင် ဒုစရိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် ဝေဖန်စရာဖြစ်နေသည်။

#MeKongNews
#ကျိုင်းတုံမြို့
#ဒနခေါင်းဆောင်
#ရဲတပ်ဖွဲ့
#ဒုစရိုက်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now