နေ့စဥ်သတင်း

ပြည်သူပိုင် ဘက်ဟိုးယာဉ် ၁၃ စီးကို မူလပိုင်ရှင်အား ပြန်ပေးရန် တရားရုံးအဆင့်ဆင့်က အမိန့်ချမှတ်ပြီးသော်လည်း စစ်တပ်က ပြန်မပေးဘဲ တိုင်းမှူးက ကိုယ်ကျိုးအသုံးပြုနေ၊ မပခတိုင်းမှူးက ဘက်ဟိုးပိုင်ရှင်များထံ ငွေကျပ်သိန်း ၆၀၀၀ တောင်းနေ

မဲခေါင် 3 Jul - 2026
မဲခေါင်၊ ဇူလိုင် ၃ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံရွာတွင် စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် ပြည်သူပိုင် ဘက်ဟိုးယာဉ် ၁၃ စီးအား မူလပိုင်ရှင်အား ပြန်ပေးရန် မိုးညှင်းမြို့နယ်တရားရုံး၊ မိုးညှင်းခရိုင်တရားရုံး၊ ကချင်ပြည်နယ် တရားလွှတ်တော်တို့က အဆင့်ဆင့်အမိန့်ချမှတ်ခဲ့သော်လည်း စစ်ကောင်စီစစ်တိုင်းမှူးက ပြန်မပေးပဲ ဘက်ဟိုးကို အငှားချလုပ်စားနေကြောင်း မဲခေါင်သတင်းဌာနက စုံစမ်းသိရှိရသည်။ စစ်တပ်က တရားရုံးအမိန့်ကို လွန်ဆန်ကာ ယခုကဲ့သို့ ပြည်သူပိုင် ပစ္စည်းကို မတရားဆက်သိမ်းကာ စစ်တိုင်းမှူးက အငှားချလုပ်စားနေသဖြင့် မူလပိုင်ရှင်များမှာ အလွန်နစ်နာနေလျက်ရှိသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်-မပခတိုင်းမှူးက ယခု ဘက်ဟိုး ၁၃ စီးကို ပြန်လိုချင်ပါက သိန်း ၆၀၀၀ ပေးရန် ငွေညှစ်နေသည်ဟုလည်း မဲခေါင်သတင်းဌာနက

မဲခေါင်၊ ဇူလိုင် ၃

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံရွာတွင် စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် ပြည်သူပိုင် ဘက်ဟိုးယာဉ် ၁၃ စီးအား မူလပိုင်ရှင်အား ပြန်ပေးရန် မိုးညှင်းမြို့နယ်တရားရုံး၊ မိုးညှင်းခရိုင်တရားရုံး၊ ကချင်ပြည်နယ် တရားလွှတ်တော်တို့က အဆင့်ဆင့်အမိန့်ချမှတ်ခဲ့သော်လည်း စစ်ကောင်စီစစ်တိုင်းမှူးက ပြန်မပေးပဲ ဘက်ဟိုးကို အငှားချလုပ်စားနေကြောင်း မဲခေါင်သတင်းဌာနက စုံစမ်းသိရှိရသည်။

စစ်တပ်က တရားရုံးအမိန့်ကို လွန်ဆန်ကာ ယခုကဲ့သို့ ပြည်သူပိုင် ပစ္စည်းကို မတရားဆက်သိမ်းကာ စစ်တိုင်းမှူးက အငှားချလုပ်စားနေသဖြင့် မူလပိုင်ရှင်များမှာ အလွန်နစ်နာနေလျက်ရှိသည်ဟု သတင်းရင်းမြစ်များကပြောသည်။

ထို့အပြင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်-မပခတိုင်းမှူးက ယခု ဘက်ဟိုး ၁၃ စီးကို ပြန်လိုချင်ပါက သိန်း ၆၀၀၀ ပေးရန် ငွေညှစ်နေသည်ဟုလည်း မဲခေါင်သတင်းဌာနက စုံစမ်းသိရှိရသည်။

“တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးက တရားမဝင်ဘက်ဖိုးတွေနဲ့ တခြားပစ္စည်း ခိုင်းသွင်းတာတွေကို ဒုတိုင်းမှူးကို လုပ်ခိုင်းပါတယ်။ ခွဲတမ်းအများစုကိုတော့ တိုင်းမှူးက ယူပါတယ်။ အဲ့လိုလုပ်နေလို့ ဒု-တိုင်းမှူး အရေးယူခံရပေမယ့် တရားခံအစစ် တိုင်းမှူးက လွတ်မြော်ကနေဆဲဖြစ်ပါတယ်။ အခု ဘက်ဟိုး ကိစ္စမှာလည်း တိုင်းမှူးက ကျပ်သိန်းခြောက်ထောင်တောင်းလို့ ပိုင်ရှင်က မရွေးနိုင်ဘူးဖြစ်နေတယ်။ တရားရုံးက ပြန်ပေးဖို့ အမိန့်ချပေမယ့် တိုင်းမှူးက ပြန်မပေးဘူး”ဟု မဲခေါင်၏ သတင်းအရင်းအမြစ်ကပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် အမှတ် ၁၅ ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီးရဲမင်းထက် ခေါင်းဆောင်သည့် စစ်ကောင်စီ စစ်ကြောင်းသည် မိုးညှင်းမြို့နယ် ပင်လုံရွာတွင် ရပ်နားထားသည့် ပြည်သူ၉ဦးပိုင် ဘက်ဟိုးယာဉ်များကို ဖမ်းဆီးကာ မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

ထိုသို့ တရားစွဲသည်ကို မြို့နယ်တရားရုံးက ဘက်ဟိုးယာဉ်များသည် တရားဝင် အခွန်ဆောင်တင်သွင်းထားသည့် ယာဉ်များဖြစ်ပြီး အပြစ်အနေဖြင့် ယာဉ်စီးကမ်းဖောက်ဖျက်မှုသာ ကျုးလွန်သဖြင့် ဒဏ်ငွေ ၅ သိန်းကျပ်စီပေးဆောင်ရန်နှင့် ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ်သုံးလစီကျခံစေရန် အမိန့်ချမှန်ခဲ့သည်။ ထို့အပြင် သက်သေခံပစ္စည်းဖြစ်သည့် ဘက်ဟိုးယာဉ် ၁၃စီးကိုလည်း ပိုင်ရှင်များထံ ပြန်လည်အပ်နှံရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ အမိန့်ချသည်ကို မကျေနပ်သဖြင့် စစ်ကောင်စီတပ်က မိုးညှင်းခရိုင်တရားရုံး၊ ထိုမှတစ်ဆင့် ကချင်ပြည်နယ် တရားလွှတ်တော်သို့ အဆင့်ဆင့် ဆက်လက်တင်သွင်းတရားစွဲခဲ့သော်လည်း ခရိုင်တရားရုံးနှင့် ကချင်ပြည်နယ် တရားလွှတ်တော်က မြို့နယ်တရားရုံးအမိန့်ကိုသာ ဆက်လက် အတည်ပြုခဲ့သည်။

ထို့အပြင် မဲခေါင်သတင်းဌာနက ရရှိသည့် စာရွက်စာတမ်းများတွင် စစ်ကောင်စီ၏ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ-ကာ/လုံ က ယင်းဘက်ဟိုးများအား ပိုင်ရှင်ကို ပြန်ပေးကြရန် ကာကွယ်ရေးဝန်ကြီးဌာန နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ သို့ ၂၀၂၆ခုနှစ် မတ်လ ၁၆ရက်တွင် စာပို့အကြောင်းကြားခဲ့သည်ကိုတွေ့ရသည်။ သို့သော် ယနေ့အချိန်ထိ မပခ တိုင်းမှူးနှင့်မိုးညှင်းတပ်နယ်သည် ဘက်ဟိုးများကို ပိုင်ရှင်ထံ ပြန်မပေးပဲ ငွေကျပ်သိန်း ၆၀၀၀ တောင်းနေခြင်းဖြစ်သည်။

“တရားရုံးက ဆုံးဖြတ်ပြီးပေမယ့် တပ်ဖက်က ပြန်မအပ်လို့ နစကသို့ တင်ပြကြရာ နကသမှ ၁၆-၃-၂၀၂၆ရက်စွဲပါစာဖြင့် ကာကွယ်ရေးကတစ်ဆင့် ကကကြည်း၊ ကကကြည်းကမှတစ်ဆင့် မပခကို ဘက်ဟိုးပြန်ပေးလိုက်ဖို့ အကြောင်းကြားပေမယ့် ဒီနေ့ဒီအချိန်အထိ ကာယကံရှင်များက ဘက်ဖိုးကို ပြန်လည်ရရှိခြင်း မရှိသေးပါဘူး”ဟု မဲခေါင်သတင်းရင်းမြစ်ကပြောသည်။

ထိုသို့ တရားရုံးအဆင့်ဆင့်က စစ်တပ်သိမ်းသွားသည့် ဘက်ဟိုးကို ပြန်ပေးရန် အမိန့်ချမှတ်ခဲ့သော်လည်း စစ်ကောင်စီတပ်က လက်ရှိအချိန်ထိ ဘက်ဟိုးယာဉ်များအား ပိုင်ရှင်ကို ပြန်ပေးခြင်းမရှိသည့်အပြင် စတင်ဖမ်းဆီးစဉ်ကတည်းက ယခုအချိန်အထိ ၃နှစ်ဝန်းကျင် အလွဲသုံးစားပြုကာ နမ္မားစသည့် အခြားနေရာသို့ ငွေကြေးယူပြီး ငှားပေးနေသည်ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။

ယခုဖြစ်ရပ်သည် တရားစီရင်ရေး မဏ္ဍိုင်၏ အထက်တွင် စစ်ကောင်စီရှိပြီး မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးမရှိကြောင်း ဖော်ပြနေသည်ဟုလည်း သတင်းရင်းမြစ်ကပြောသည်။

#MeKongNews
#ဘက်ဟိုးယာဉ်
#ကချင်ပြည်နယ်
#မပခတိုင်းမှူး
#အလွဲသုံးစားလုပ်
ပုံအညွှန်း – သိမ်းဆည်းခံထားရသည့် ဘက်ဟိုးများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now