နေ့စဥ်သတင်း

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် PSO တို့ တရားမဝင်ကုန်စည်နှင့် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေဟု ဆို

မဲခေါင် 2 Jul - 2026
မဲခေါင်၊ ဇူလိုင် ၂ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးနှင့် ကိုယ်ရေးအရာရှိ ဗိုလ်ကြီးမြတ်မင်းတို့က တရားမဝင်ကုန်စည်များ သယ်ဆောင်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်မှုများ ရှိနေသည်ဟု ဒေသခံသတင်းရင်းမြစ်များက မဲခေါင်သို့ သတင်းပေးပို့လာသည်။ ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည့် ဝမ်ဟိုင်းမှ စိုင်းပီး နှင့် ဟန်နော်ဆိုသူတို့နှင့်လည်း မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် ပိပိရိရိ အာဏာအသုံးချဆောင်ရွက်နေကြောင်း တပ်တွင်းသတင်းများအရ သိရှိရသည်ဟု ဆိုသည်။ ၎င်းတို့ လုပ်ရပ်များတွင် ပြီးခဲ့သည့် မေ၂၅ ရက်ကဘန်ကွဲကျေးရွာ PNO စခန်းကုန်းအနီးမှ ဖမ်းဆီးလာသည့် တရားမဝင် ကုန်စည်ကားများမှ ဒရိုင်ဘာများအား နှုတ်ပိတ်ပြန်လွှတ်၍ ပိုင်ရှင်မဲ့ ပြုလုပ်ခဲ့မှု ပါရှိသည်ဟု ဆိုသည်။

မဲခေါင်၊ ဇူလိုင် ၂

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးနှင့် ကိုယ်ရေးအရာရှိ ဗိုလ်ကြီးမြတ်မင်းတို့က တရားမဝင်ကုန်စည်များ သယ်ဆောင်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်မှုများ ရှိနေသည်ဟု ဒေသခံသတင်းရင်းမြစ်များက မဲခေါင်သို့ သတင်းပေးပို့လာသည်။

ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည့် ဝမ်ဟိုင်းမှ စိုင်းပီး နှင့် ဟန်နော်ဆိုသူတို့နှင့်လည်း မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် ပိပိရိရိ အာဏာအသုံးချဆောင်ရွက်နေကြောင်း တပ်တွင်းသတင်းများအရ သိရှိရသည်ဟု ဆိုသည်။

၎င်းတို့ လုပ်ရပ်များတွင် ပြီးခဲ့သည့် မေ၂၅ ရက်ကဘန်ကွဲကျေးရွာ PNO စခန်းကုန်းအနီးမှ ဖမ်းဆီးလာသည့် တရားမဝင် ကုန်စည်ကားများမှ ဒရိုင်ဘာများအား နှုတ်ပိတ်ပြန်လွှတ်၍ ပိုင်ရှင်မဲ့ ပြုလုပ်ခဲ့မှု ပါရှိသည်ဟု ဆိုသည်။

ကားပေါ်ပါ တန်ဖိုးကြီးပစ္စည်းများအား ထားသိုသိမ်းဆည်းထားရာမှ ဇွန် ၁၈ရက်က တပ်တွင်းသတင်းရင်းမြစ် ပေါက်ကြားလာမှုကြောင့် ဖမ်းဆီးသိမ်းပိုက်ထားသော တန်ဖိုးကြီး တရားမဝင်ကုန်ပစ္စည်းများအား အရေးပေါ် နေရာရွှေ့ပြောင်းခဲ့ကြောင်း၊ ယင်းရွှေ့ပြောင်းခဲ့သည့် ကုန်ပစည်းများကိုလည်း တိုင်းမှူး၏ PSO ဗိုလ်ကြီးမြတ်မင်းမှ စီမံကွပ်ကဲ၍ တောင်နီဘက်သို့ ပြန်လည် ထားသိုခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

“တပ်ချုပ်ကြီး တပည့်သားဖြစ်နေလို့ ယခုလို ပေါ်ပေါ်တင်တင် ကျောသားရင်သားခွဲခြားပီး လာဘ်စားနေတာကို မျက်ကွယ်မပြုသင့်ပါ။ ယခင် ၂၀၁၇ ကာလ တန့်ယန်းမြို့မှာ ဗျူဟာမှူးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့စဉ်ကလည်း ကျားဖြန်လုပ်ငန်းတွင် အကြီးအကျယ် ပါဝင်ပတ် သက်ခဲ့ဖူးသူပါ။ သူရော သူမိန်းမရော ပါပါတယ်။ ယခုတွင်လည်း ဗထူးတပ်နယ်မှူးကို တိုင်းမှူးအမိန့်နဲ့ ကုန်စည်ကားများကို မင်းကြီးသုံးပါးရှေ့ကနေ တရားဝင်ပုံစံအတိုင်းလွှတ်ပေးနေရပါတယ်”ဟု သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် မေ ၁၈ ရက်က ပိုင်ရှင်မဲ့ပြုလုပ် ဖမ်းဆီးရမိခဲ့သည့် ၁၂ ဘီးကားကြီး ၉ စီးစာ တရားမဝင်ကုန်ပစ္စည်းများအားလည်းကောင်း ဇွန် ၂၂ရက်က ၁၂ ဘီးကား ၁၁ စီးစာ တရားမဝင် ကုန်ပစ္စည်းများကိုလည်းကောင်း PSO ဗိုလ်ကြီးမြတ်မင်း ၏ စီမံကွပ်ကဲမှုဖြင့် ပို့ဆောင် သိုဝှက်ထားကြောင်း သိရှိရသည်ဟု ဆိုသည်။

“လက်အောက်ခံ တစ်ချို့တပ်များဆိုရင်လည်း တစ်ခါခေါ်ဆဲရင် မြန်မာငွေသိန်း ၄၀၀ ကိုင်ဆောင်ပီးလာရပါတယ်။ ရပ်စောက်လမ်းပိုင်းမှာ အခု PSO မြတ်မင်းကား၊ တိုင်းမှူးကျော်နိုင်ဦးယောက်ဖ အမည်ပြောင် ပေါက်ကျိုး၊ တိုင်းမှူးသူငယ်ချင်း စိုင်းသက်မော် ကားဆို အားလုံး ဖြတ်သန်းသွားလာခွင့် ရှိနေပါတယ်”ဟု သတင်းရင်းမြစ်က ဆက်ပြောသည်။

ယခုအခါ သိန်းပေါင်း ၁၈၀၀၀ ပေးဆောင်ထားရသည့် ကုန်သည်များကို ထပ်မံ၍ သတင်းပေါက် ကြားပါက ဆွေစဉ်မျိုးဆက် ဒုက္ခပေးမည်ဟု ၎င်းတို့က ကြိမ်းဝါးထားကြောင်း ဆိုသည်။

ယခင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်ဇော်ဦးအား ဖမ်းဆီး အရေးယူပြီးသည့်နောက် လက်ရှိတိုင်းမှူးသည်လည်း တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်ပြီး ဖမ်းဆီးရမိသည်များကို အခကြေးငွေများ ရယူ၍ လွှတ်ပေးနေမှုများ ယခုအချိန်အထိ ရှိနေဆဲဖြစ်ပြီး စစ်အစိုးရသစ်၏ ရက် ၁၀၀ အတွင်း စစ်တပ်နှင့် ဆက်နွှယ်နေသည့် မှောင်ခိုလုပ်ငန်းများသည်လည်း ရှိမြဲအတိုင်း ကြီးထွားလျက်ရှိနေသည်ဟု ဆိုသည်။

#MeKongNews
#အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်
#တိုင်းမှူး
#PSO
#တရားမဝင်ကုန်စည်
#မူးယစ်ဆေးဝါးများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now