နေ့စဥ်သတင်း

မယ်ဆိုင်ချောင်း ရေတက်လာ၍ တာချီလိတ်တွင် ရေကြီးရေလျှံလာ

မဲခေါင် 2 Jul - 2026
မဲခေါင်၊ ဇူလိုင် ၂ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂ နိုင်ငံနယ်စပ် မယ်ဆိုင်ချောင်း ရေမြင့်တက်လာသဖြင့် တာချီလိတ်မြို့၊ တာလော့စျေးထဲတွင်ရေကြီးရေလျှံ လာနေကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန် ၂၈ ရက်ညနေပိုင်းမှ စတင်ရွာသွန်းခဲ့သည့်မိုးကြောင့် ဇူလိုင် ၁ရက် နံနက်ပိုင်းအထိ နမ့်ယဠန်းချောင်း တောင်ကျရေကျ ဆင်းမှုကြောင့် ဝမ်ကောင်း၊ ဆန်ဆိုင်း၊ ပုန်းထွန်စသည့် အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီးနောက် ယခု ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာကာ တာချီလိတ်မြို့တွင်း ဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရသည်။ “နမ့်ယွန်းချောင်းရေ ကျသွားလို့ တင်ကျန်ခဲ့တဲ့ နုန်းတွေ ရှင်းလို့ မပြီးသေးဘူး၊ ခု မယ်ဆိုင်ချောင်း ထပ်ကြီးလာတာ၊ ချောင်းကာတာလည်းမထိရောက်ဘူးပေါ့။ စိတ်ညစ်တယ်”ဟု

မဲခေါင်၊ ဇူလိုင် ၂

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂ နိုင်ငံနယ်စပ် မယ်ဆိုင်ချောင်း ရေမြင့်တက်လာသဖြင့် တာချီလိတ်မြို့၊ တာလော့စျေးထဲတွင်ရေကြီးရေလျှံ လာနေကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန် ၂၈ ရက်ညနေပိုင်းမှ စတင်ရွာသွန်းခဲ့သည့်မိုးကြောင့် ဇူလိုင် ၁ရက် နံနက်ပိုင်းအထိ နမ့်ယဠန်းချောင်း တောင်ကျရေကျ ဆင်းမှုကြောင့် ဝမ်ကောင်း၊ ဆန်ဆိုင်း၊ ပုန်းထွန်စသည့် အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီးနောက် ယခု ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာကာ တာချီလိတ်မြို့တွင်း ဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရသည်။

“နမ့်ယွန်းချောင်းရေ ကျသွားလို့ တင်ကျန်ခဲ့တဲ့ နုန်းတွေ ရှင်းလို့ မပြီးသေးဘူး၊ ခု မယ်ဆိုင်ချောင်း ထပ်ကြီးလာတာ၊ ချောင်းကာတာလည်းမထိရောက်ဘူးပေါ့။ စိတ်ညစ်တယ်”ဟု ပုန်းထွန်ရပ်နေသူတစ်ဦးက ပြောသည်။

မယ်ဆိုင်ချောင်းရေသည် ယမန်နေ့ ဇူလိုင် ၁ ရက်က ရေတိုးလာခြင်းမရှိဘဲ ယနေ့မှသာ တောင်ကျရေများ ကျဆင်းလာနေခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင်း ဖြတ်သန်းစီးဆင်းနေသည့် ရေကြီးရေလျှံ ဖြစ်ပေါ်စေသည့် အဓိကချောင်း ၄ ချောင်းဖြစ်သည့် နမ့်ယွန်းချောင်း၊ မယ်ခေါင်ချောင်း၊ ဆန်ဆိုင်းချောင်းနှင့် နိုင်းနိုင်းချောင်း ဆယ်ယူခြင်း လုပ်ငန်းများအား လုပ်ဆောင်ခဲ့သည်ဟု စည်ပင်က ဆိုထားသကဲ့သို့ မြန်မာ – ထိုင်း ၂ နိုင်ငံ သဘောတူညီမှုဖြင့် မယ်ဆိုင်ချောင်းတစ်လျှောက် အရှည် ၁၂၈ ကီလိုမီတာရှိသော ကမ်းပါးရံ ယာယီမြေသားတံတိုင်းများနှင့် သဲအိတ်ကြီးများကို အရေးပေါ် ပြုပြင်ခြင်း၊ ဖာထေးခြင်းများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ထိုင်းနိုင်ငံအနေဖြင့် မြစ်ကြောင်းပိတ်ဆို့နေသည့်အဆောက်အအုံ ၁၄ ခုကိုလည်း ဒေသခံများနှင့် ညှိနှိုင်းကာ ဖယ်ရှား ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

#MeKongNews
#မယ်ဆိုင်ချောင်း
#ရေတက်
#တာချီလိတ်
#ရေကြီးရေလျှံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now