နေ့စဥ်သတင်း

ကျားဖြန့် အပါအဝင် ဖမ်းမိ တရုတ်နိုင်ငံသားများကို “ဝ”တပ်ဖွဲ့ ထပ်မံ လွှဲပြောင်း

မဲခေါင် 12 May - 2026
မဲခေါင်၊ မေ ၁၂ ကျားဖြန့်သမားအများစု အပါအဝင် တရုတ်နိုင်ငံသား ၄၃ ဦးကို ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ နယ်စပ်ဂိတ် မှတစ်ဆင့် ထပ်မံလွဲပြောင်းပေးခဲ့သည်ဟု “ဝ”တပ်ဖွဲ့ – UWSA က ယမန်နေ့ မေ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။ တရုတ်နိုင်ငံသို့ လွဲပြောင်းပေးလိုက်သည့် ၄၃ ဦးတွင် ၃၉ ဦးသည် တရုတ်ကျားဖြန့်များဖြစ်ပြီး ၄ ဦးမှာ တရုတ်ဘက်က ဖမ်းဆီးပေးရန် စာပို့အကူအညီတောင်းသဖြင့် ဖမ်းဆီးပေးသည့်သူများ ဖြစ်သည်ဟု “ဝ”တပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယခုဖမ်းဆီးရမိသည့် သူများသည် “ဝ”ဒေသတွင်းသို့ ဝင်ရောက်ကာ ကျားဖြန့်လုပ်ငန်းများကို လုပ်ဆောင်နေသူများ ဖြစ်ပြီး ထောက်လှမ်းရေး သတင်းအချက်အလက်နှင့် ပြည်သူများ၏ တိုင်ကြားချက်များကြောင့်

မဲခေါင်၊ မေ ၁၂

ကျားဖြန့်သမားအများစု အပါအဝင် တရုတ်နိုင်ငံသား ၄၃ ဦးကို ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ နယ်စပ်ဂိတ် မှတစ်ဆင့် ထပ်မံလွဲပြောင်းပေးခဲ့သည်ဟု “ဝ”တပ်ဖွဲ့ – UWSA က ယမန်နေ့ မေ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံသို့ လွဲပြောင်းပေးလိုက်သည့် ၄၃ ဦးတွင် ၃၉ ဦးသည် တရုတ်ကျားဖြန့်များဖြစ်ပြီး ၄ ဦးမှာ တရုတ်ဘက်က ဖမ်းဆီးပေးရန် စာပို့အကူအညီတောင်းသဖြင့် ဖမ်းဆီးပေးသည့်သူများ ဖြစ်သည်ဟု “ဝ”တပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခုဖမ်းဆီးရမိသည့် သူများသည် “ဝ”ဒေသတွင်းသို့ ဝင်ရောက်ကာ ကျားဖြန့်လုပ်ငန်းများကို လုပ်ဆောင်နေသူများ ဖြစ်ပြီး ထောက်လှမ်းရေး သတင်းအချက်အလက်နှင့် ပြည်သူများ၏ တိုင်ကြားချက်များကြောင့် တိကျစွာ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း “ဝ”တပ်ဖွဲ့က ဆိုသည်။

၎င်းတို့ကို ကျားဖြန့်လုပ်ငန်းတွင် အသုံးပြုနေသည့် အီလွန်ထရောနစ်ပစ္စည်းများ၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ကိရိယာများနှင့်တကွ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယင်းသက်သေခံပစ္စည်းများကိုလည်း တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဝ”တပ်ဖွဲ့အနေဖြင့် တရုတ်ဘက်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစွာ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျားဖြန့်လိမ်လည်မှု လုပ်ငန်းများကို လုံးဝသည်းခံမည် မဟုတ်ဘဲ နှိမ်နှင်းသွားမည်ဟု ထုတ်ပြန်ချက်တွင် ပြောသည်။

“ဝ”တပ်ဖွဲ့သည် ပြီးခဲ့သည့် မေ ၈ ရက်တွင်လည်း မိုင်းလားတပ်ဖွဲ့နှင့် ပူးပေါင်းကာ တရုတ်နိုင်ငံသားများ အပါအဝင် ကျားဖြန့်သမား ၇၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံသား ကျားဖြန့် ၁၀ ဦးကို တရုတ်ဘက်သို့ လွဲပြောင်းပေးခဲ့သေးသည်။

ယခုနှစ် ၄ လကျော်အတွင်း “ဝ”တပ်ဖွဲ့သည် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၆၀၀ ကျော်ကို ဖမ်းဆီးကာ တရုတ်ဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။

#MeKongNews
#ကျားဖြန့်
#ဖမ်းမိ
#တရုတ်နိုင်ငံသား
#လွှဲပြောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now