နေ့စဥ်သတင်း

ကျိုင်းတုံတွင် ကျားဖြန့်တရုတ်များကို ယွမ် ၂ သိန်းကျော်ယူကာ ၁၀ ရက်အတွင်း မှတ်ပုံတင်နှင့် Passport အပြီးလုပ်ပေးနေ

မဲခေါင် 30 Mar - 2026
မဲခေါင်၊ မတ် ၃၀ ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် အွန်လိုင်းငွေလိမ်ဂိုဏ်း – ကျားဖြန့် မှ တရုတ်နိုင်ငံသားများအတွက် မှတ်ပုံတင်၊ Smart Card နှင့် Passport များကို ယွမ်ငွေ ၂ သိန်းကျော် (ဘတ် ၁ သန်းကျော်) ရယူကာ ၁၀ ရက်အတွင်း အပြီးလုပ်ဆောင်ပေးနေကြောင်း မဲခေါင်သတင်းဌာနက စုံစမ်းသိရှိရသည်။ ပန်းခင်းစီမံချက်ဖြင့် ဒေသခံတိုင်းရင်းသားများကို ကျေးရွာများအထိ ကွင်းဆင်းကာ မှတ်ပုံတင်ပြုလုပ်ပေးနေသည့် အစီအစဉ်ကို အခွင့်ကောင်းယူ၍ အိမ်ထောင်စုစာရင်းတွင် လူဦးရေတိုးကာ တရုတ်နိုင်ငံသားများကို မှတ်ပုံတင်ပြုလုပ်ပေးနေခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ ယင်းသို့ မှတ်ပုံတင်နှင့် Passport များ ထုတ်ပေးရာတွင် ပွဲစားနှင့် လဝက ဝန်ထမ်းအချို့

မဲခေါင်၊ မတ် ၃၀

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် အွန်လိုင်းငွေလိမ်ဂိုဏ်း – ကျားဖြန့် မှ တရုတ်နိုင်ငံသားများအတွက် မှတ်ပုံတင်၊ Smart Card နှင့် Passport များကို ယွမ်ငွေ ၂ သိန်းကျော် (ဘတ် ၁ သန်းကျော်) ရယူကာ ၁၀ ရက်အတွင်း အပြီးလုပ်ဆောင်ပေးနေကြောင်း မဲခေါင်သတင်းဌာနက စုံစမ်းသိရှိရသည်။

ပန်းခင်းစီမံချက်ဖြင့် ဒေသခံတိုင်းရင်းသားများကို ကျေးရွာများအထိ ကွင်းဆင်းကာ မှတ်ပုံတင်ပြုလုပ်ပေးနေသည့် အစီအစဉ်ကို အခွင့်ကောင်းယူ၍ အိမ်ထောင်စုစာရင်းတွင် လူဦးရေတိုးကာ တရုတ်နိုင်ငံသားများကို မှတ်ပုံတင်ပြုလုပ်ပေးနေခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ယင်းသို့ မှတ်ပုံတင်နှင့် Passport များ ထုတ်ပေးရာတွင် ပွဲစားနှင့် လဝက ဝန်ထမ်းအချို့ ပူးပေါင်းကာ တစ်ဦးလျှင် ယွမ် ၂၆၀,၀၀၀ (နှစ်သိန်းခြောက်သောင်း) နှုန်းဖြင့် ၁၀ ရက်အတွင်း အပြီးလုပ်ဆောင်ပေးနေခြင်းဖြစ်ပြီး မတ်လအတွင်းမှာပင် တရုတ်နိုင်ငံသား ၅ ဦးခန့် လုပ်ဆောင်ပြီးစီးသွားပြီဖြစ်ကြောင်း လဝကရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အဓိက သိန်းနိုင်ဆိုတဲ့ ပွဲစားက လဝက ဝန်ထမ်းတွေနဲ့ ပေါင်းလုပ်ပေးနေတာ။ တာချီလိတ်က ကျားဖြန့်တရုတ်တွေကို သူကိုယ်တိုင် ကားနဲ့ ကျိုင်းတုံကို ခေါ်သွားပြီး ရုံးမှာ အပြီးအစီး လုပ်ပေးတာ။ ၁၀ ရက်တည်းနဲ့ အပြီးလုပ်တာ” ဟု ၎င်းက ပြောသည်။

ယင်းသို့ လုပ်ဆောင်ပေးရာတွင် လဝကမှ ရှမ်းပြည်အရှ့ပိုင်း ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်မြတ်သာ၊ ကျိုင်းတုံခရိုင်ဦးစီးမှူး ဦးဝင်းအောင်၊ လဝကမှူး ဦးဝေလင်းနှင့် လဝကမှူး ဦးဆမ်ဆိုက်တို့ အဓိက ပါဝင်ပတ်သက်နေကြောင်း စုံစမ်းသိရသည်။

ရှမ်းပြည်အရှေ့ပိုင်းရှိ မြို့နယ်များအတွက် မှတ်ပုံတင် ထွက်ရှိပြီးပါက Smart Card နှင့် Passport အတွက် လိုအပ်သည့် ကိုယ်ရေးအချက်အလက် (Bio Data) ကောက်ယူခြင်းကို ကျိုင်းတုံရုံးတွင် အပြီးအစီး လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသား Passport ရရှိရန်အတွက် ပထမဆုံး စရန်ငွေအနေဖြင့် ယွမ် ၁ သိန်း ပေးချေရပြီး ၃ ရက်အကြာတွင် မှတ်ပုံတင် ရရှိကာ၊ တစ်ပတ်အကြာတွင် ကျန်ငွေ ယွမ် ၁ သိန်း ၆ သောင်း ထပ်မံပေးချေရကြောင်း သိရသည်။ ယင်းနောက် ၁၀ ရက်အတွင်း Smart Card နှင့် Passport များ ရရှိခြင်းဖြစ်သည်။

ယင်းတရုတ်နိုင်ငံသားများကို မှတ်ပုံတင်ပြုလုပ်ပေးနေသည့် ပွဲစား သိန်းနိုင်သည် လွန်ခဲ့သည့် လပိုင်းကလည်း ၎င်းပြုလုပ်ပေးလိုက်သည့် တရုတ်နိုင်ငံသားအချို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရဖူးကြောင်း သိရသည်။

လက်ရှိတွင်လည်း လာမည့်လအတွင်း တရုတ်နိုင်ငံသား ၂၀ ဦးခန့်အတွက် Passport များ ထပ်မံပြုလုပ်ပေးရန် လဝက ဦးစီးအရာရှိတစ်ဦးနှင့် ချိတ်ဆက်ထားကြောင်း စုံစမ်းသိရှိရသည်။

#MeKongNews
#ကျိုင်းတုံ
#လဝက
#တရုတ်နိုင်ငံသား
#မှတ်ပုံတင်
#သိန်းနိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now