မဲခေါင်၊ မတ် ၂၉
ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ – ၄ မိုင်းလားတွင် စက်သုံးဆီ ပြတ်လပ်သဖြင့် ဆီဆိုင်များ ယနေ့တွင် အရောင်းမရှိတော့ကြောင်း ဒေသခံများထံမှ သိရသည်။
မိုင်းလားသည် တရုတ်ဘက်မှ ရောင်းချပေးသည့် ဆီကိုသာ အမှီပြုနေရာမှ မရရှိတော့သဖြင့်.ဆီအရောင်းများ မရှိတော့ခြင်း ဖြစ်သည်။
“ဆိုင်ကယ်ထဲ ထည့်ထားတာပဲရှိတယ်။ ကုန်လို့မှ ထပ်မရရင် လမ်းပဲလျှောက်ရတော့မယ်၊ စက်အသုံးပြုလုပ်ငန်းတွေလည်း ရပ်ကုန်ပြီ၊ ကားစျေးတွေလည်း တက်ကုန်ပြီ။ ငွေစျေးလည်း တက်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဆီမပြတ်ခင်အထိ ဓာတ်ဆီတစ်လီတာ ၉ ယွမ်ခွဲသာ ရှိရာမှ စျေးမတက်ဘဲ ရုတ်ချည်း ပြတ်လပ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။
ကျိုင်းတုံ – မိုင်းလား ကားခမှာ ယခင် လူတစ်ဦး ယွမ်၂၀၀ သာရှိရာမှ ယခု ယွမ် ၂၅၀ ဖြစ်နေပြီးခရီးသွားသူ နည်းပါးကာ ယွမ်စျေးမှာလည်း တစ်ယွမ် ၅၈၀ ကျပ် မှ ၆၃၀ ကျပ် အထိ ခုန်တက်သွားကြောင်း သိရသည်။
#MeKongNews
#မိုင်းလား
#စက်သုံးဆီ
#ပြတ်လပ်ပြီး
#ဆီဆိုင်များ








