နေ့စဥ်သတင်း

TNLA ကို ထိုးစစ်ဆင်နေချိန် လားရှိုး ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကောင်စီနှင့် MNDAA တို့ တွေ့ဆုံ

မဲခေါင် 16 Mar - 2026
မဲခေါင်၊ မတ် ၁၆ ရှမ်းပြည်မြောက်ပိုင်းတွင် TNLA စိုးမိုးထားသည့် ဒေသများကို MNDAA က ထိုးစစ်ဆင်နေချိန်တွင် လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်၌ စစ်ကောင်စီနှင့် ကိုးကန့်တပ် – MNDAA တို့ ယနေ့ မတ်လ ၁၆ရက် နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးနေကြောင်း ဒေသခံများထံမှ သိရသည်။ ၎င်းတို့နှစ်ဖက်သည် ပုံမှန်အားဖြင့် တစ်လတစ်ကြိမ် တွေ့ဆုံလေ့ရှိသော်လည်း လက်ရှိတွင် MNDAA က တိုက်ပွဲဖော်ဆောင်နေသည့် ရှမ်းပြည်မြောက်ပိုင်း စစ်ရေးအခြေအနေများကြောင့် ယခုကဲ့သို့ အရေးပေါ်တွေ့ဆုံခြင်းဖြစ်သည်ဟု လားရှိုးဒေသခံတစ်ဦးက သုံးသပ်သည်။ “ကွတ်ခိုင်-သိန္နီ-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ပြန်ပွင့်ဖို့ ညှိနှိုင်းနေတယ်လို့ ကြားရတယ်။ ပြီးတော့ TNLA ဆီက သိမ်းထားတဲ့ နယ်မြေတွေကို စစ်ကောင်စီထံ ပြန်အပ်ဖို့ကိစ္စတွေလည်း

မဲခေါင်၊ မတ် ၁၆

ရှမ်းပြည်မြောက်ပိုင်းတွင် TNLA စိုးမိုးထားသည့် ဒေသများကို MNDAA က ထိုးစစ်ဆင်နေချိန်တွင် လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်၌ စစ်ကောင်စီနှင့် ကိုးကန့်တပ် – MNDAA တို့ ယနေ့ မတ်လ ၁၆ရက် နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးနေကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းတို့နှစ်ဖက်သည် ပုံမှန်အားဖြင့် တစ်လတစ်ကြိမ် တွေ့ဆုံလေ့ရှိသော်လည်း လက်ရှိတွင် MNDAA က တိုက်ပွဲဖော်ဆောင်နေသည့် ရှမ်းပြည်မြောက်ပိုင်း စစ်ရေးအခြေအနေများကြောင့် ယခုကဲ့သို့ အရေးပေါ်တွေ့ဆုံခြင်းဖြစ်သည်ဟု လားရှိုးဒေသခံတစ်ဦးက သုံးသပ်သည်။

“ကွတ်ခိုင်-သိန္နီ-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ပြန်ပွင့်ဖို့ ညှိနှိုင်းနေတယ်လို့ ကြားရတယ်။ ပြီးတော့ TNLA ဆီက သိမ်းထားတဲ့ နယ်မြေတွေကို စစ်ကောင်စီထံ ပြန်အပ်ဖို့ကိစ္စတွေလည်း ပါနိုင်တယ်။ တရုတ်အထူးကိုယ်စားလှယ် တိမ့်ရှီကျွင်းက နေပြည်တော်ကို ၁၃ ရက်နေ့မှာ ရောက်ပြီး၊ ၁၄ ရက်နေ့ကျတော့ တိုက်ပွဲတွေ စဖြစ်တာပဲ” ဟု ၎င်းက ဆိုသည်။

ကူမင်းဆွေးနွေးပွဲတွင် တရုတ်နိုင်ငံက TNLA အနေဖြင့် ကွတ်ခိုင်၊ နမ့်ခမ်းနှင့် နမ္မတူမြို့များကို စစ်ကောင်စီထံ ပြန်ပေးရန် တောင်းဆိုခဲ့သော်လည်း TNLA က ငြင်းပယ်ခဲ့ကြောင်း ထို့ကြောင့် တရုတ်နိုင်ငံက MNDAA ကို အသုံးချ၍ တိုက်ပွဲဖော်ဆောင်ခိုင်းခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

“ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူကနေ ဆုတ်ပေးဖို့ ငြင်းခဲ့ပေမဲ့ စစ်ကောင်စီက TNLA ကို ဗုံးတစ်ခါမှ မကြဲဘဲ ငြိမ်နေကတည်းက ရိပ်မိသင့်တာပါ။ အခု MNDAA ရဲ့ ထိုးစစ်မှာ စစ်ကောင်စီဘက်က လက်နက်ခဲယမ်း ပံ့ပိုးမှုတွေ ပါဝင်နိုင်တယ်လို့ ယူဆရတယ်။ ဒီစစ်မီးက နမ့်ခမ်းနဲ့ နမ္မတူအထိ ရောက်သွားနိုင်တယ်” ဟု ၎င်းက ပြောသည်။

ယနေ့ နမ့်ခမ်းဘက်သို့ ထိုးစစ်ဆင်နေသည့် MNDAA တပ်ဖွဲ့များသည် နမ့်ဖတ်ကာ-နမ့်ခမ်းလမ်းပိုင်းမှ မြေပြင်စစ်ကြောင်းဖြင့် ချီတက်သွားခဲ့ရာ ဖာလင်၊ မန်အောင်နှင့် ဆာလုကျေးရွာများအထိ ရောက်ရှိနေကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“နမ့်ခမ်း သာယာကုန်းဘက်ကို ဒရုန်းတွေ ရောက်လာနေပြီ။ TNLA ဘက်ကလည်း လူထုကို ရှောင်ခိုင်းတာမျိုးတွေ ရှိလာတယ်။ ပြေးရမလား၊ နေရမလား မသိသေးဘူး။ ကွတ်ခိုင်မှာတော့ လူထုအထိအခိုက် မရှိသလောက်မို့လို့ အခြေအနေကို စောင့်ကြည့်နေရတယ်” ဟု နမ့်ခမ်းဒေသခံတစ်ဦးက ဆိုသည်။

မတ်လ ၁၄ ရက်တွင် စတင်ခဲ့သည့် MNDAA ၏ ထိုးစစ်သည် မတ်လ ၁၅ ရက်တွင် ကွတ်ခိုင်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ မတ်လ ၁၆ ရက်တွင် နမ့်ခမ်းမြို့အနီးသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

#MeKongNews
#TNLA
#MNDAA
#လားရှိုး
#ဆင်နှစ်ကောင်ဟိုတယ်
#ရှမ်းမြောက်
ပုံအညွှန်း – တရုတ် အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းနှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတို့ မတ်လ ၁၃ရက် နေပြည်တော်၌ တွေ့ဆုံစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now