မဲခေါင်၊ ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းတွင် တပ်စွဲထားသည့် UWSA မှ “ဝ” တောင်ပိုင်း စစ်ဒေသ – ၁၇၁ လက်အောက်ခံ တပ်ရင်းများမှ တပ်ဖွဲ့ဝင် ၈၀ ၏ မင်္ဂလာပွဲကို ယ မန်နေ့တွင် တစ်ပြိုင်နက် ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
မင်္ဂလာခန်းမအတွင်း လမ်း လျှောက် ဝင်လာသည့် မင်္ဂလာစုံ တွဲ ၈၀ ကို ဂုဏ်ပြုတပ်ဖွဲ့မှ ကြို ဆိုပြီး မင်္ဂလာပွဲ အခမ်းအနားမှူးက ကြေညာရာတွင် “စစ်မြေပြင်ကို ကျော်လွန်ပြီး သက်သေခံသည့် အချစ်” ဟု တင်စား ပြောဆိုထားသည်။
“သူတို့လူမျိုးချင်း ယူသလို အခြားသူတွေလည်း ယူတာရှိတယ်။ ဌာနချုပ်မှာ လုပ်တဲ့ပွဲဆို အတွဲ ၁၅၀ အထိတောင် ရှိတယ်။ ပေးစားတာမဟုတ်ဘူး၊ သူတို့အချင်းချင်း ယူကြတာကို စီစဥ်ပေးတာလို့ ပြောတာပဲ” ဟု မင်္ဂလာပွဲ တက်ရောက်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
“ဝ”တပ်ဖွဲ့များအနေဖြင့် ဒေသကျောင်းများတွင်စာပေများ သင်ကြားပေးသလို စစ်ပညာကိုလည်း တွဲလျက်သင်ကြားပေးပြီး တပ်ဖွဲ့ဝင်အဖြစ် ပြည်သူ့စစ်မှတစ်ဆင့် သတ်မှတ်ကြောင်း၎င်းက ပြောသည်။
“၉၀ လောက်ကတည်းက မိုင်းဆတ်ဘက်မှာ ခုလိုပဲ မင်္ဂလာ ဆောင်ပြီး မွေးလာတဲ့ ကလေးတွေခုဆို လူကြီးတွေတောင် ဖြစ်နေကြပြီ” ဟု ၎င်းက ဆိုသည်။
“ဝ” တောင်ပိုင်းစစ်ဒေသ ၁၇၁ တွင် တပ်မဟာ၂၄၈၊ ၅၂၈၊ ၇၇၂၊ ၇၇၅၊ ၇၇၈ တို့ရှိရာ လက်ရှိတန့်ယန်းတွင် တောင်ပိုင်း “ဝ” တပ်ရင်း အချို့ တာဝန်ယူနေကြောင်း သိရသည်။
#MeKongNews
#တန့်ယန်း
#UWSA
#အတွဲ
#မင်္ဂလာဆောင်








