နေ့စဥ်သတင်း

တာချီလိတ်မှ အမျိုးသမီးငယ် သေဆုံးမှုတွင် ပါဝင်သူတစ်ဦးကို ဖမ်းမိ၊ မူးယစ်ဆေးလွန်သေဆုံးရာမှ အကြောက်လွန် အလောင်းဖျောက်ဖျက်ဟု အစစ်ခံ

မဲခေါင် 25 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၅ တာချီလိတ်မြို့မှ အသက် ၂၁ အရွယ် မဖြူဖြူအေးသေဆုံးမှုတွင် ပါဝင်ပတ်သက်ခဲ့သူတစ်ဦးကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ဖမ်းဆီးရမိသူမှာ အသက် ၂၅ နှစ်အရွယ် စိုင်းဇော်ပိုင်ဆိုသူဖြစ်ပြီး မဖြူဖြူအေးသေဆုံးမှုတွင် အဓိကပတ်သက်သူ ဉာဏ်လင်းထက် (ခ) အားစန်းကောနှင့်အတူ ပူးပေါင်းကြံစည်သူအဖြစ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။ “အခုဖမ်းမိတဲ့ကောင်လေးက အားစန်းကောရဲ့ သူငယ်ချင်း၊ အားစန်းကောက ကောင်မလေးရဲ့ ရည်းစားပေါ့။ ကောင်မလေး ဆေးလွန်တာကို ဆေးရုံမပို့ဘဲ ဆားရည်တိုက် ဘာညာလုပ်တော့ ဆုံးသွားတာ။ အဲဒါကိုကြောက်ပြီး အလောင်းကို လမ်းဘေးမှာ သွားပစ်တာ။ အားစန်းကော အမေလည်းပါတယ်”

မဲခေါင်၊ ဖေဖော်ဝါရီ ၂၅

တာချီလိတ်မြို့မှ အသက် ၂၁ အရွယ် မဖြူဖြူအေးသေဆုံးမှုတွင် ပါဝင်ပတ်သက်ခဲ့သူတစ်ဦးကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ဖမ်းဆီးရမိသူမှာ အသက် ၂၅ နှစ်အရွယ် စိုင်းဇော်ပိုင်ဆိုသူဖြစ်ပြီး မဖြူဖြူအေးသေဆုံးမှုတွင် အဓိကပတ်သက်သူ ဉာဏ်လင်းထက် (ခ) အားစန်းကောနှင့်အတူ ပူးပေါင်းကြံစည်သူအဖြစ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။

“အခုဖမ်းမိတဲ့ကောင်လေးက အားစန်းကောရဲ့ သူငယ်ချင်း၊ အားစန်းကောက ကောင်မလေးရဲ့ ရည်းစားပေါ့။ ကောင်မလေး ဆေးလွန်တာကို ဆေးရုံမပို့ဘဲ ဆားရည်တိုက် ဘာညာလုပ်တော့ ဆုံးသွားတာ။ အဲဒါကိုကြောက်ပြီး အလောင်းကို လမ်းဘေးမှာ သွားပစ်တာ။ အားစန်းကော အမေလည်းပါတယ်” ဟု ၎င်းက ပြောသည်။

ဖမ်းမိသူ စိုင်းဇော်ပိုင်ကို စစ်ဆေးချက်အရ ဉာဏ်လင်းထက် (ခ) အားစန်းကောနှင့် မဖြူဖြူအေးတို့မှာ ဖေဖော်ဝါရီလ ၁၃ ရက်တွင် စတင်တွေ့ရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၄ရက်တွင် KTV ၌ ထပ်မံတွေ့ဆုံပြီး မူးယစ်ဆေးဝါအချို့ သုံးစွဲခဲ့ကြောင်း၊ ယင်းနောက် မဖြူဖြူအေးမှာ ဆေးလွန်သွားသည့်အတွက် တည်းခိုခန်းတွင် ထားရှိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

“ကောင်မလေးက ဆေးလွန်တာကို ဆေးရုံမပို့ဘဲ တည်းခိုခန်းမှာထားတာ။ နောက် အခြေအနေမကောင်းဘူး အမြုပ်တွေ ဘာတွေ ထွက်တော့ အိမ်ခေါ်သွားပြီး အရပ်နည်းတွေနဲ့ လုပ်တာပေါ့။ အဲဒီလိုလုပ်တာမှာ အားစန်းကောရော၊ အားစန်းကောအမေရောပါတယ်။ ကောင်မလေးဆုံးသွားတော့ အလောင်းပစ်တာလည်း အားစန်းကောတို့ သားအမိ ၂ယောက်လုံးပဲ” ဟု ၎င်း ကပြောသည်။

ဉာဏ်လင်းထင် (ခ) အားစန်းကောနှင့် ၎င်း၏ မိခင်ဖြစ်သူ ဒေါ်နန်းဆိုင်သန်းတို့မှာ သေဆုံးသူ၏ အလောင်းကို ဖေဖော်ဝါရီလ ၁၅ရက်တွင် တာချီလိတ်မြို့ရှောင်လမ်းဘေးတွင် သွားရောက်စွန့်ပစ်ခဲ့ကြောင်း၊ ယင်းနောက် သတင်းများပျံ့နှံလာချိန်တွင် အားစန်းကောနှင့် ၎င်း၏ မိခင်တို့မှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အားစန်းကောနှင့် မဖြူဖြူအေးတို့မှာ သမီးရည်းစားများဖြစ်ကြပြီး မသေဆုံးမီ ရက်သတ္တပတ်ခန့်မှ သမီးရည်းစားဖြစ်သူများဖြစ်ကြောင်း၊ မဖြူဖြူအေးမှာ Happy Pod ခေါ် မူးယစ်ဆေးဝါတစ်မျိုး သုံးစွဲထားစဉ် ဘိန်းဖြူထပ်မံထိုးသွင်းခဲ့သည်ဟု သိရကြောင်း အခြားသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“Happy Pod တွေ လစ်နေချိန်မှာ ဘိန်းဖြူထပ်ထိုးတာလို့ သိရတယ်။ မိဘတွေအနေနဲ့လည်း ဒါကို သတိထားဖို့လိုတယ်။ အခုက တာချီလိတ်မှာ မူးယစ်ဆေးဝါးတွေက ပေါနေတာ။ ကိုယ့်သားသမီးအခြေအနေ အကဲခတ်ပြီး မူးယစ်ဆေးစွဲနေတယ်ဆိုရင် ထိန်းသိမ်းကြဖို့လိုတယ်” ဟု ၎င်းက သတိပေးသည်။

တာချီလိတ်မြို့တွင် KTV ခန်းများ၏ Happy Water၊ K ခေါ် ခေးနှင့် အခြားမူးယစ်ဆေးဝါးများကို အလွယ်တကူရရှိနေပြီး လူငယ်များအနေဖြင့် Night Life များတွင် ပျော်ပါးရင်း ဆေးလွန်သေဆုံးရသည့် ဖြစ်ရပ်များစွာ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

(မဲခေါင်သတင်းဌာနမှ ရရှိထားသည့် ဓာတ်ပုံအချို့အား Facebook စံနှုန်းများအရ ဖော်ပြခွင့်မရသည့်အတွက် Telegram – https://t.me/mekongnewsmm/42813 တွင် အပြည့်အစုံဖော်ပြထားပါသည်။)

#MeKongNews
#တာချီလိတ်
#မဖြူဖြူအေး
#မူးယစ်ဆေးဝါး
#ဘိန်းဖြူ
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now