နေ့စဥ်သတင်း

ဆေးဘက်ဝင်သည်ဆိုကာ မြန်မာအမျိုးသမီးငယ်များကို တရုတ်ဘက်က ဈေးကောင်းပေးဝယ်ယူနေ

မဲခေါင် 24 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၄ တရုတ်အမျိုးသားအချို့က မြန်မာအမျိုးသမီးငယ်များကို ဆေးဘက်ဝင်သည်ဟူသော အယူအဆဖြင့် ဈေးကောင်းပေးဝယ်ယူနေသဖြင့် လူပွဲစားများက အလုပ်ရမည်ဟု မြူဆွယ်ကာ မူဆယ်မှ တဆင့် တရုတ်ဘက်သို့ ရောင်းစားနေကြကြောင်း သတင်းရင်းမြစ်များက ပြောသည်။ အသက် ၂၃ နှစ်အောက် မြန်မာအမျိုးသမီးတစ်ဦးလျှင် တရုတ်ယွမ် ၃ သောင်းမှ ၆ သောင်းအထိ ဈေးပေါက်နေပြီး၊ ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက် လှပပါက ပိုမိုဈေးရရှိကြောင်း ရွှေလီရောက် မြန်မာစာရေးဆရာတစ်ဦးက မဲခေါင်သို့ပြောသည်။ “မြန်မာမိန်းကလေးတွေကို ဝယ်လက်တွေက အသက် ၂၃ နှစ်အောက်ဆိုရင် ကြိုက်ကြတယ်။ ၃၀ ကျော်ရင်တော့ မကြိုက်တော့ဘူး။ ဗိုက်ခွဲမွေးထားတဲ့ ချုပ်ရိုးရာပါရင်လည်း မယူကြဘူး။ ရွှေလီပတ်ဝန်းကျင်မှာ ယွမ် ၃ သောင်းတန်ကတော့

မဲခေါင်၊ ဖေဖော်ဝါရီ ၂၄

တရုတ်အမျိုးသားအချို့က မြန်မာအမျိုးသမီးငယ်များကို ဆေးဘက်ဝင်သည်ဟူသော အယူအဆဖြင့် ဈေးကောင်းပေးဝယ်ယူနေသဖြင့် လူပွဲစားများက အလုပ်ရမည်ဟု မြူဆွယ်ကာ မူဆယ်မှ တဆင့် တရုတ်ဘက်သို့ ရောင်းစားနေကြကြောင်း သတင်းရင်းမြစ်များက ပြောသည်။

အသက် ၂၃ နှစ်အောက် မြန်မာအမျိုးသမီးတစ်ဦးလျှင် တရုတ်ယွမ် ၃ သောင်းမှ ၆ သောင်းအထိ ဈေးပေါက်နေပြီး၊ ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက် လှပပါက ပိုမိုဈေးရရှိကြောင်း ရွှေလီရောက် မြန်မာစာရေးဆရာတစ်ဦးက မဲခေါင်သို့ပြောသည်။

“မြန်မာမိန်းကလေးတွေကို ဝယ်လက်တွေက အသက် ၂၃ နှစ်အောက်ဆိုရင် ကြိုက်ကြတယ်။ ၃၀ ကျော်ရင်တော့ မကြိုက်တော့ဘူး။ ဗိုက်ခွဲမွေးထားတဲ့ ချုပ်ရိုးရာပါရင်လည်း မယူကြဘူး။ ရွှေလီပတ်ဝန်းကျင်မှာ ယွမ် ၃ သောင်းတန်ကတော့ ကောင်မလေး ထွက်ပြေးရင် တာဝန်မယူတဲ့ဈေး၊ ယွမ် ၆ သောင်းပေးရင်တော့ ထွက်ပြေးခဲ့ရင် နောက်တစ်ယောက် အစားပြန်ပေးရတယ်” ဟု ၎င်းက ဈေးကွက်အခြေအနေကို ရှင်းပြသည်။

လူပွဲစားများသည် မိန်းကလေးများကို စုစည်းထားပြီး ဝယ်လက်များထံသို့ ဗီဒီယိုနှင့် ကိုယ်လုံးပေါ်ဓာတ်ပုံများ ပေးပို့ကာ ရွေးချယ်ခိုင်းလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ကြိုက်ပြီဆိုရင် လူသွားပြရတယ်။ တစ်ခါတည်း အဆင်ပြေရင် ငွေချေကြတာပဲ။ ဝယ်လက်အများစုက ၂၃ နှစ်အောက်ဆိုရင် ဆေးဘက်ဝင်တယ်ဆိုပြီး ပိုကြိုက်ကြတယ်။ ၁၇ နှစ်၊ ၁၈ နှစ်ဆိုရင် ဈေးအကောင်းဆုံးပဲ။ ပွဲစားအများစုကတော့ တရုတ်လောပန်းတွေနဲ့ ညားနေတဲ့ မြန်မာအမျိုးသမီးတွေ ဖြစ်တာများတယ်” ဟု ယင်းစာရေးဆရာက ဆက်ပြောသည်။

လူပွဲစားများသည် မိန်းကလေးများကို ခိုးပေါက်များမှတစ်ဆင့် တရုတ်ဘက်သို့ ပို့ဆောင်ပေးသလို၊ ပြန်ဝင်ချင်သူများကိုလည်း ခိုးပေါက်မှပင် စီစဉ်ပေးပြီး တစ်ဦးလျှင် ယွမ် ၂,၅၀၀ ခန့် ယူကြောင်း လက်ရှိတွင် တရုတ်ပြည်မကြီးအတွင်း ပိတ်လှောင်နှိပ်စက်ခံထားရသည့် မြန်မာမိန်းကလေးတစ်ဦးကို ကူညီနိုင်ရန် ကြိုးပမ်းနေသူတစ်ဦးထံမှ သိရသည်။

ရွှေလီဘက်တွင် ယင်းကဲ့သို့ ရောင်းစားခံရပြီး အနှိပ်ခန်းများတွင် ဘဝဆုံးနေရသည့် အမျိုးသမီးငယ်များစွာ ရှိနေသဖြင့် အလုပ်အကိုင်အတွက် အဆင်ခြင်မဲ့ မလာကြရန် ရွှေလီရောက် မြန်မာစာရေးဆရာတစ်ဦးက အကြံပြုထားသည်။

ယခင်ကလည်း အလုပ်ရမည်ဟု လိမ်ညာကာ မိခင်ဖြစ်သူနှင့်အတူ ရွှေလီသို့ လိုက်ပါလာပြီးမှ ရောင်းစားခံရသည့် အမျိုးသမီးငယ်တစ်ဦးကိုလည်း ပွဲစားများ၏ ခြိမ်းခြောက်မှုကြားမှ ပြည်တွင်းသို့ ပြန်လည်ရောက်ရှိအောင် ကူညီပေးခဲ့ရဖူးကြောင်း ၎င်းက ဆိုသည်။

ယခင်က နယ်စပ်ဒေသများတွင် တိုင်းရင်းသားအမျိုးသမီးငယ်များကို တရုတ်မယားအဖြစ် လူကုန်ကူးမှုများ ရှိခဲ့သော်လည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်တွင် တိုက်ပွဲများနှင့် အလုပ်အကိုင် ရှားပါးမှုများ၊ အထွေထွေအကျပ်အတည်းများကြောင့် မြန်မာအမျိုးသမီးငယ်များ တရုတ်နိုင်ငံသို့ လူကုန်ကူးရောင်းစားခံရမှုများ ပိုမို ကြုံတွေ့လာရကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။

Photo – VOA
#MeKongNews
#တရုတ်နိုင်ငံ
#လူကုန်ကူး
#တရုတ်မယား
#အလုပ်အကိုင်ရှားပါးမှု
#ရွှေလီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now