နေ့စဥ်သတင်း

တောင်ကြီး ရဲသတင်းပေးများ မူယစ်ဆေး ပေါ်တင်ရောင်းပြီး ငွေညှစ်မှုများလည်း လုပ်နေ

မဲခေါင် 22 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင် ရဲသတင်းပေးများက မူးယစ်ဆေးဝါးများ ပေါ်တင် ရောင်းချနေပြီး မတရား ငွေညှစ်မှုများလည်း လုပ်နေကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။ ကံသာရပ်ကွက် အနောက်ကုန်းနေ မုန်လာဥ၊ ပထမ်းနှင့် မွန်နား ဆိုသူတို့သည် စစ်ကောင်စီ ရဲများ၊ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး မူးယစ်ဆေဝါးများ ပေါ်တင် ရောင်းချနေသည်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အရေးမယူသည့်အပြင် မူးယစ်ဆေး ဝယ်သူများအား ရဲသတင်းပေးများနှင့် ပေါင်းကာ ထောင်ဖမ်းပြီး ငွေညှစ်နေကြသည်ဟု သတင်းရင်းမြစ်များက ပြောသည်။ “တောင်ကြီးပဲ မဟုတ်ဘူး ဆီဆိုင်၊ ရပ်စောက် စရဖကို ငါပိုင်တယ်ဆိုပြီး ရပ်ကွက်ထဲမှာ အပြစ်မရှိ လူငယ်တွေကို ညအချိန်

မဲခေါင်၊ ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင် ရဲသတင်းပေးများက မူးယစ်ဆေးဝါးများ ပေါ်တင် ရောင်းချနေပြီး မတရား ငွေညှစ်မှုများလည်း လုပ်နေကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

ကံသာရပ်ကွက် အနောက်ကုန်းနေ မုန်လာဥ၊ ပထမ်းနှင့် မွန်နား ဆိုသူတို့သည် စစ်ကောင်စီ ရဲများ၊ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး မူးယစ်ဆေဝါးများ ပေါ်တင် ရောင်းချနေသည်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အရေးမယူသည့်အပြင် မူးယစ်ဆေး ဝယ်သူများအား ရဲသတင်းပေးများနှင့် ပေါင်းကာ ထောင်ဖမ်းပြီး ငွေညှစ်နေကြသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

“တောင်ကြီးပဲ မဟုတ်ဘူး ဆီဆိုင်၊ ရပ်စောက် စရဖကို ငါပိုင်တယ်ဆိုပြီး ရပ်ကွက်ထဲမှာ အပြစ်မရှိ လူငယ်တွေကို ညအချိန် ပေါ် တာဆွဲ ဖမ်းဆီးပြီး မတရား ငွေညှစ်နေတယ်။ သက်ဆိုင်ရာ ရဲတွေကလည်း သူတို့နဲ့ပေါင်းပြီး ဆေးပြားဝယ်တဲ့ လူတွေကို ပြန်ထောင်ဖမ်းပြီး ငွေညစ်တာတွေ လုပ်နေတယ်” ကံသာရပ်ကွက် ပြည်သူတစ်ဦးက ပြောသည်။

ထို့ပြင် မုန်လာဥ ဆိုသူသည် ဆီဆိုင်၊ ရပ်စောက်ဖက်တွင် ကုန်ကားများထံမှ သိမ်းယူထားသည့် ပစ္စည်းအချို့ကို ရပ်ကွက်ထဲရှိ ဆိုင်များတွင် လိုက်သွင်းနေသည်ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။

“ငါ စရဖ ပိုင်တယ်၊ ဘာဖြစ်လဲ ဆိုတဲ့ ပုံစံနဲ့ တော်တော်လေးကို ဒုက္ခပေးနေပါတယ်။ ကျမတို့ ရပ်ကွက်က မရှိဆင်းရဲသား ရပ်ကွက်ပါ။ အခုလို အခြေအနေတွေကြောင့် ကံသာရပ်ကွက်မှာ အလွန်အမင်း စိတ်သောက ရောက်နေပါတယ်။ သက်ဆိုင်ရာကိုလည်း စစ်ဆေး အရေးယူစေချင်ပါတယ်” ဟု နောက်ထပ် ရပ်ကွက်နေ ပြည်သူတစ်ဦးကလည်း ဆိုသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တောင်ကြီးမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ရဲသတင်းပေးများသည် စစ်ကောင်စီနှင့် ပူးပေါင်းကာ ပြည်သူများအား မတရားငွေညှစ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည်များကို မကြာခဏ လုပ်ဆောင်နေသည်။

တောင်ကြီးမြို့တွင် ယခုလ အတွင်း၌ပင် လူငယ်၊ လူလတ်ပိုင်း ပြည်သူများကို အဓိကထား၍ စစ်ကောင်စီမှ ပေါ်တာဆွဲ ဖမ်းဆီးခံရသူများ ၅၀ ဦးကျော်အထိရှိပြီး ဖမ်းဆီးခံရသူအချို့ကို ရပ်စောက်မြို့နယ်ရှိ ဗထူးသင်တန်းကျောင်းသို့ ပို့ဆောင်ထားကြောင်းလည်း သတင်း ရရှိထားသည်။

#MeKongNews
#တောင်ကြီး
#ရဲသတင်းပေး
#မူးယစ်ဆေး
#ပေါ်တင်ရောင်း
#ငွေညှစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now