မဲခေါင်၊ ဖေဖော်ဝါရီ ၁၈
ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးရမိထားသော တရုတ်ကျားဖြန့် (အွန်လိုင်းငွေလိမ်) သံသယရှိသူ ၉ ဦးကို ယနေ့ ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းတရုတ်နိုင်ငံသား ၉ ဦးကို မူဆယ် ၁၀၅ မိုင်ရှိ ရွှေတြိဂံ (ဝမ်တိန်-မန်မန်) နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်အာဏာပိုင်များထံသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ကို မည်သည့်နေရာမှ ဖမ်းဆီးရမိသည်ဆိုသည့် အချက်ကိုမူ AA ဘက်က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
မြန်မာနိုင်ငံအတွင်း ဖမ်းဆီးရမိသည့် ကျားဖြန့်တရုတ်နိုင်ငံသားများကို ယခင်က UWSA (ဝ) တပ်ဖွဲ့ကသာ အများဆုံး ဖမ်းဆီးလွှဲပြောင်းပေးလေ့ရှိပြီး၊ AA အနေဖြင့် ယခုကဲ့သို့ ဖမ်းဆီးလွှဲပြောင်းပေးမှုကို မဲခေါင်သတင်းဌာနအနေဖြင့် ပထမဆုံးအကြိမ် မှတ်တမ်းတင်ရရှိခြင်း ဖြစ်သည်။
လက်ရှိတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ဒေသ၌ AA၊ KIA၊ MNDAA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက အခြေပြု ထိန်းချုပ်ထားကြောင်း သိရသည်။
#MeKongNews
#ရခိုင့်တပ်တော်
#ကျားဖြန့်
#တရုတ်
#မူဆယ်မြို့








