မဲခေါင်၊ ဖေဖော်ဝါရီ ၁၂
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ပေါင်အုပ်စု၊ ဝမ်ဆယ်ကျေးရွာမှ MNDAA ဖမ်းဆီးထားသည့်ရွာခံ ၉ ဦးအနက် ၄ ဦးကို ဖေဖော်ဝါရီ ၉ ရက်တွင် ပြန်လွှတ်ပေးခဲ့ပြီး ၅ ဦးကို ဆက်လက် ဖမ်းထားဆဲဖြစ် ကြောင်း ဒေသခံများထံမှ သိရသည်။
ပြန်လွတ်လာသူ ၄ ဦးအနက် စိုင်းမောင်နှင့် စိုင်းလူ ဆို သူ၂ ဦးမှာ ရိုက်နှက် နှိပ်စက်ခံထားသည့် ဒဏ်ရာ များလွန်းသဖြင့် ကျန်း မာရေး စိုးရိမ်ရသည့် အခြေအနေရှိကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
လက်ရှိတွင် ၎င်းတို့ ၂ ဦး၏ အ မည်ကိုသာ သိရှိရကာအခြားသူ များနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။
“သေနတ် လုတယ်ဆိုပြီးရိုက်တာပြောတယ်။ အမှန်က ဗီဒီယိုရိုက်တဲ့ ဖုန်းကို လုရာကနေ ရုန်းရင်း ဆန်ခတ် ဖြစ်တာမှာ လီဆယ်တာပေါ့ဗျာ”ဟု သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။
ဒဏ်ရာရသူများမှာ လားရှိုးဆေးရုံသို့ သွားရောက် ကုသရန်လည်း ကန့်သတ်ခံရမှုများ ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်က ဝမ်ဆယ်ကျေးရွာတွင် ဒေသခံများ၏ လယ်ယာမြေများကို MNDAA နှင့်အတူ ပါလာသည့် တရုတ် လုပ်ငန်းရှင်များက အဓမ္မသိမ်း၍ ရွှေတူးဖော်ရေး လုပ်သည်ကိုဒေသခံများက လက်မခံဘဲ ကန့်ကွက် ဆန္ဒပြခဲ့ရာ ရွာထဲသို့ စက်သေနတ်ဖြင့် ပစ် ခတ်ခဲ့သလို ဆန္ဒပြသည့် ဒေ သခံ ၃၆ ဦးကို ဖမ်းဆီးကာ သိန္နီဘက်ကို ခေါ် ဆောင်သွားခဲ့ရာမှ ၂၇ ဦးကို ပြန်လည် လွှတ်ပေးခဲ့ပြီး ၉ ဦးကို ဆက်လက် ဖမ်းဆီးထားခြင်း ဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူများ၏ လယ်ယာမြေများကို အ ဓမ္မသိမ်းယူကာ ရွှေတူးရန် လုပ် ဆောင်မှု၊ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးရိုက်နှက်သည့် လုပ်ရပ်များကို ရှမ်းကျောင်းသားသမဂ္ဂ – Tai Students’ Union အပါအဝင် အခြား ရှမ်းအဖွဲ့အစည်း ၁၁ ဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် ဖမ်းဆီးထားသူများကို အမြန်လွှတ်ပေးရန်၊ ရွာသားများ၏ အသက်အန္တရာယ်ကို အာမခံပေးရန် တောင်းဆိုခဲ့သည်။
#MeKongnews
#MNDAA
#ဖမ်းဆီး
#ဝမ်ဆယ်ရွာခံ
#ပြန်လွတ်








