မဲခေါင်၊ ဖေဖော်ဝါရီ ၇
ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတွင် ကားလမ်းပေါ်၌ ပိတ်ဆို့တားဆီးကာ လုယက်မှုဖြစ်ခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသ သတင်းအရင်းအမြစ်များထံမှ သိရသည်။
ယင်းဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်န ဝါရီ ၃၁ ရက်က ကျောက်ဂူ – ရပ်စောက်ကားလမ်း၊ မန်ကျည်းကုန်းရွာနှင့် ကျောက်ဆုံရွာအကြား၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“သူက ပဲကောက်ဖို့ ငွေအမြောက်အမြားနဲ့ လာတာကို သတင်းရလို့ လုတာလို့ သိရတယ်။ ပြီးတော့ လူချင်း မှတ်မိမှာစိုးလို့ သတ်သွားတာလို့ ကြားတယ်။ လူရင်းတွေလည်း ပါနိုင်တယ်။ ရုပ်အလောင်းကိုတော့ ကျောက်ဂူဆေးရုံကနေ ပြန်ယူပြီး သင်္ဂြိုဟ်ပြီးပါပြီ”ဟု သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
အသတ်ခံရသူမှာ အသက် ၃၀ နှစ် ဝန်းကျင်အရွယ်ရှိ ကျောက်ဂူ – နောင်ဝိုးလမ်းပေါ်ရှိ ပဲပွဲရုံတစ်ခုမှ အမျိုးသားတစ်ဦးဖြစ်ပြီး ငွေကြေးလုယူရန် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
#MeKongnews
#ရပ်စောက်
#ကားတား
#လုယက်သတ်ဖြတ်မှု
#သေဆုံး








