မဲခေါင်၊ ဖေဖော်ဝါရီ ၆
ဝ တပ်ဖွဲ့ – UWSA က ဖမ်းဆီးလွှဲပြောင်းပေးထားသည့် တရုတ်ကျားဖြန့် အဖွဲ့ဝင် ၃၀၀ ကျော်၏ စားသောက်ရေးကို မြို့ခံလုပ်ငန်းရှင်များအား စစ်ကောင်စီကအလှည့်ကျ တာဝန်ယူကျွေးမွေးခိုင်းနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၃ ရက်တွင် မိုင်းရယ်မြို့နယ်၊ ဟိုက်ပုကျေးရွာအနီးရှိ တရုတ် ကျားဖြန့်စခန်းတစ်ခုကို UWSA က ဖမ်း ဆီး၍ စစ်ကောင်စီတပ်ထံ လွှဲ ပြောင်းပေးခဲ့သည်။
ထို့နောက်ဖမ်းဆီးမိသည့် ကျားဖြန့်အဖွဲ့ဝင် ၃၃၀ ဦးကို စစ်ကောင် စီက မိုင်းရယ်မြို့၊ ရပ်ကွက် (၃) ရှိ ဂိုထောင်တစ်ခုတွင် ထိန်းသိမ်းထားသည်။
ထိုသို့ ထိန်းသိမ်းထားသူများအ တွက် စားသောက်ရေးကို စစ်ကောင်စီ၏ တန့်ယန်းဗျူဟာမှူး အမိန့်ဖြင့် မြို့ခံလုပ်ငန်းရှင်များကို အလှည့်ကျ တာဝန်ယူခိုင်းခြင်းဖြစ်ကြောင်း မိုင်းရယ်မြို့ခံတစ်ဦးက ပြောသည်။
“သွားဖမ်းတုန်းက ‘ဝ’က ဦးဆောင်သွားတာ။ စကစ ဗျူဟာမှူးက ဖိုးဝီး ကား ၄ စီးနဲ့ နောက်ကနေလိုက်ပြီး လက်ခံရယူ ပုံရိုက်တာပဲရှိတာ။ အခု ဖမ်းလာတဲ့ ကျားဖြန့်တွေကို လုပ်ငန်းရှင်တွေက အ လှည့်ကျ ထမင်းသွားပို့ရတယ်။ ကြာကြာကျွေးရရင်တော့ မသက် သာဘူး။ လူ ၃၀၀ ကျော်ကို တစ် နေ့ ၃ နပ်ကျွေးရတာ စရိတ်မနည်းဘူး”ဟု သတင်းရင်းမြစ်က ဆို သည်။
စစ်ကောင်စီ၏ စေခိုင်းချက်အရ ကျားဖြန့်အဖွဲ့ဝင်တစ်ဦးလျှင် တစ်နေ့ကျပ် ၃ သောင်းနှုန်းခန့် ကုန်ကျစရိတ်ဖြင့် လုပ်ငန်းရှင်များက အလှည့်ကျ တာဝန်ယူကာ ထမင်းဟင်းများ ချက်ပြုတ် ပို့ပေးနေရကြောင်း သိရသည်။
ထို့ပြင် ကျားဖြန့်စခန်းမှ သိမ်း ဆည်းမိသည့် ကားများကိုမူ တန့်ယန်းဗျူဟာမှူးက အကုန်လုံးသိမ်း ဆည်းသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ကားတွေကိုတော့ ဗျူဟာမှူးက အ ကုန်သိမ်းသွားတယ်။ သတင်းမှာ ၁၀ စီးပြထားပေမဲ့ တကယ်သိမ်းရတာ အစီး ၂၀ ကျော်တယ်။ တ ကယ်တော့ တရုတ်က ဖမ်းခိုင်းလို့ ဖမ်းတာလို့ပဲ ကျွန်တော်တို့က သိထားတာ။ လာဖမ်းတဲ့အချိန် ကျားဖြန့်စခန်းကို လုံခြုံရေးယူပေးတဲ့လူတွေ တစ်ယောက်မှ မရှိတော့ဘူးဟု ၎င်းက ဆက်ပြောသည်။
ယင်းကျားဖြန့်စခန်းများကို UWSA က အဓိကဦး ဆောင်၍ ဖမ်းဆီးခဲ့သော်လည်း စစ်ကောင် စီ၏ သတင်းထုတ်ပြန်ချက်တွင်မူ ချန်လှပ်ထားခဲ့သည်။
မိုင်းရယ်မြို့နယ်သည် စစ်ကောင် စီတပ်၊ ရှမ်းပြည်တိုးတက်ရေးပါ တီ – SSPP/SSA၊ UWSA တပ်ဖွဲ့နှင့် မိုင်းဟပြည်သူ့စစ်တို့ လှုပ်ရှားနေသည့် နယ်မြေဖြစ်သည်
#MeKongnews
#UWSA
#ဖမ်းဆီး
#တရုတ်ကျားဖြန့်
#စားသောက်ရေး
#လုပ်ငန်းရှင်
#စစ်ကောင်စီ








